Wednesday, March 14, 2012

ဝန်ကြီးဌာနတွေရဲ့  ငွေသိန်းထောင်ချီ အလွဲသုံးမှု တွေလွှတ်တော်မှာဖွင့်ချ

အေး​နိုင်

ပြည်ထောင်စု ၀န်ကြီး ဌာန တွေရဲ့ ကျပ် သိန်း ထောင်ပေါင်း များစွာ အလွဲ သုံးမှု များနဲ့ ငွေစာ ရင်းအင်း မမှန် မကန် ဖော်ပြတဲ့ တွေ့ရှိ ချက်တွေကို ပြည်ထောင်စု စာရင်း စစ်ရုံးက လွှတ်တော်ကို တင်ပြ လိုက်ပြီး အစီရင်ခံ စာကို ငွေစာရင်း ကော်မ တီထံ တင်ပြလိုက် ပါတယ်။

ပြည်ထောင်စု စာရင်း စစ်ရုံးက ငွေစာရင်း ကော်မ တီကို ပေးပို့တဲ့ အစီရင် ခံစာမှာ ပြည်ထောင်စု ၀န်ကြီး ဌာန တွေက ကျပ် သိန်းပေါင်း ထောင်ချီပြီး အလွဲ သုံးတာ မမှန် မကန် လိမ်လည် ဖော်ပြ မှုတွေ ရှိတယ်လို့ ထည့်သွင်း ဖော်ပြ ထားတာပါ။

ဒီတကြိမ် ပြည်ထောင်စု စာရင်း စစ်ရုံးက တင်ပြ ချက်ဟာ ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်း တွေကို လစာ တိုးပေး ရေးအ ဆိုပြု ချက်ကနေ အစ ပြုပြီး စစ်ဆေး ရာက ပေါ်ထွက်ခဲ့ တာဖြစ် ပါတယ်။

ကနဦး ပိုင်းက ၀န်ထမ်းတွေ လစာ တိုးပေးရေး ကိစ္စဟာ လတ်တ လောမှာ မဖြစ် နိုင်တဲ့ အကြောင်းကို ဘဏ္ဍာ အခွန် ၀န်ကြီးက စာရင်းနဲ့ တ ကွ ရှင်းခဲ့ ပါတယ်။ ဒီနောက်မှာ သူရ ဦးရွှေ မန်းက ၀န်ထမ်း လစာ တိုးရေး ဖြစ်နိုင်ဖွယ် ကိစ္စ တွေကို စာရင်းစစ် ဆေးဖို့ တာဝန်ပေး ရာ က လွှတ်တော်က ခန့်အပ် ထားတဲ့ ရေးရာ ကော်မတီ ၁၉ ခုက ပြည်ထောင်စု ၀န်ကြီး ဌာန တွေကို စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

အခုတကြိမ်ဟာ ပြည်ထောင်စု စာရင်းစစ်ရုံးက ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေပေါ်မှာ စစ်ဆေး တွေ့ရှိချက်ကို ပြည်သူ့ လွှတ်တော် ကိုတင်ပြတာဖြစ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီက ပြန်လည်သုံးသပ် နေတာဖြစ်ပါတယ်။

အဲဒီတင်ပြချက်တွေထဲမှာ ၀န်ကြီးဌာနအလိုက် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေရဲ့ အလွဲသုံးမှု မမှန်မကန်ဖော်ပြချက်တွေပါရှိပါတယ်။

ရန်ကုန်တိုင်း လသာမြို့နယ်အမတ် ဦးကြည်မြင့်က ခုလိုငွေကြေးကွာဟမှုတွေ စတင် ပေါ်ပေါက် လာပုံကို ခုလို ပြောပါတယ်။

“စပြီး စစ်စစ်ပေါက်ပေါက် လုပ်တာက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ရေးအတွက် ဘတ်ဂျက်ထဲမှာ ရှိတဲ့ ငွေကြေးအပို ထွက်လာ မလား လို့ ရှာတာ လုပ်ရင်းက သွားတွေ့တာ တပိုင်းပေါ့။ နောက်တခုက ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ဖို့ ဘတ်ဂျက်ထဲမှာ ငွေ ဘယ်လောက် ပိုနိုင်မလဲ ဆိုတာကို ရှာလို့ရအောင် ပြည်သူ့ လွှတ်တော် ထဲမှာ ရှိတဲ့ ကော်မတီ ၁၉ခုကို ၀န်ကြီးဌာန အလိုက် ပြည်ထောင်စုအဆင့် ဌာန တွေရဲ့ ဘတ်ဂျက်တွေကို စစ်ဖို့ တာဝန်ခွဲဝေ ပေးလိုက်တဲ့ အခါမှာ ပိုပေါ်သွားတာ။ ကော်မတီတွေကျတော့ ၀န်ကြီးဌာနတွေကို တိုက်ရိုက် ခေါ်ပြီး ဆွေးနွေးတယ်လေ။” စာရင်းစစ် ရုံးဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) ခေတ် ကတည်းက လုပ်ငန်း စစ်ဆေးရေး အဖွဲ့ ဆိုတဲ့ အမည်ဖြင့် သြဇာရှိခဲ့တဲ့ အဖွဲ့ဖြစ်ခဲ့ပြီး အခုခေတ် နောက်ပိုင်းမှာ စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန လက်အောက် မှာ ထည့်သွင်း ထားပြီး ၀န်ကြီးဌာနတွေမှာ စာရင်းစစ်အဖွဲ့တွေ ထားရှိ ထားပါတယ်။

ယခင် မဆလအစိုးရ နဲ့ န၀တ၊ နအဖအစိုးရ လက်ထက်တုန်းက ၀န်ကြီးအဖွဲ့ကို တင်ပြရတဲ့ တာဝန်ရှိပြီး၊ အရင်က ၀န်ကြီး အဖွဲ့ အတွင်း မှာပဲ စာရင်း ညှိနှိုင်းလေ့ ရှိပါတယ်။ အခု ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာတဲ့အခါ လွှတ်တော်ကို တင်ပြလာတာ ဖြစ်ပါတယ်။

အခု ဖော်ထုတ် တွေ့ရှိချက်တွေမှာ ကျပ် ငွေ သိန်းပေါင်း ၂ ထောင်ကျော် စာရင်း မသွင်းပဲ ထားတာတွေရယ်၊ စာရင်း လိမ်ပြတာတွေကို ဖော်ထုတ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အခုလို လွှတ်တော်မှာ တင်ပြလာတဲ့အတွက် ၀န်ကြီးဌာနတွေရဲ့ ငွေယိုပေါက်တွေကို ဖာထေး နိုင် မယ် လို့ မျှော်လင့်ရပြီး ပြည်သူ့ဘဏ္ဍာ ငွေထဲကို ကျပ် ငွေ သိန်းထောင်ပေါင်း များစွာ ပြန်လည် ၀င်လာမယ့် အလားအလာရှိပါတယ်။

ပြည်ထောင် စာရင်းစစ်ရုံးရဲ့ ပထမတကြိမ် တင်ပြခဲ့တုန်းကလည်း ကန်ချောင်း ဆည် မြောင်း တာတမံ တွေရဲ့ လုပ်ငန်း ဆောင်တာနဲ့ ပတ် သက်လို့ တွေ့ရှိချက် ဆိုပြီး လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ အဲဒီတုန်းက မြစ်ရေတင်စီမံကိန်းတွေ မအောင်မမြင် ဖြစ်ရပြီး အရှုံး ပေါ်တာ တွေကို တင်ပြခဲ့တာကြောင့် လွှတ်တော်ကနေ အရှုံးပေါ်တဲ့ စီမံကိန်းတွေ အကုန်လုံး နီးပါးကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

No comments: