အစိုးရ ဌာန အသီး သီးမှာ အလုပ် လုပ် ကိုင် နေကြတဲ့ လခ စားနဲ့ နေ့ စား ၀န်ထမ်း တွေ အားလုံးကို လာမယ့် ဧပြီ (၁) ရက်နေ့  ကစပြီး အပို ထောက်ပံ့ ကြေးတွေ ပေးမယ်လို့ အစိုး ရက ဒီနေ့  ကြေညာ လိုက်ပါ တယ်။လစာတိုး ပေးတာ မဟုတ်ဘဲ အပို ထောက်ပံ့ကြေး ပေးတာ ဖြစ်တယ်လို့ ဘဏ္ဍာ ရေးနှင့် အခွန် ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ရုံးက မတ် ၁၄ ရက်စွဲပါ အမိန့် ကြေငြာစာ ထုတ်ပြန် လိုက်တာ ဖြစ်တယ်လို့ အမ်အာ တီဗွီ – ၄ ရုပ်သံက ထုတ်လွှင့် သွားပါ တယ်။
အမိန့် စာမှာ နိုင်ငံ ၀န်ထမ်းတွေ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ၀န်ထမ်း တွေကို ကျပ်ငွေ ၃သောင်း တိတိ ထောက်ပံ့ကြေး တိုးပေးမှာ ဖြစ် တယ်လို့ ပါရှိ ပါတယ်။ အစိုးရ ဌာန အဖွဲ့ အစည်း တွေမှာ (၈ ) နာရီ အလုပ် လုပ်တဲ့ နေ့ စား ၀န်ထမ်းတွေ အတွက် လည်း ၁ရက် လုပ် အားခ (၁၁၀၀) ကျပ် ကနေ နောက်ထပ် (၁) ထောင် ကျပ် တိုးပြီး (၂၁၀၀) ကျပ် ထိ တိုးမြင့် ခံစား ကြရမှာ ဖြစ်ပါ တယ်။ ထောက် ပံ့ကြေး ငွေတွေ ကိုတော့ ၀န်ထမ်းတွေ အနေနဲ့  ဧပြီလ ကုန်ပိုင်း လခထုတ်မှ ခံစား ရမှာ ဖြစ်ပါတယ်။
အခုလို လစာတိုးမြင့်ပေးမှုဟာ လွန်ခဲ့တဲ့ လပိုင်းတွေက စလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၀န်ထမ်းတွေ လစာတိုးမြင့်ဖို့ အ ဆိုပြုချက် ထွက်ပေါ်ပြီး လပိုင်းအကြာမှာ ဖြစ်ခဲ့တာဖြစ်ပြီး စက်မှုဇုန်တွေ အပါအ၀င် ပြင်ပက အလုပ်ရုံ၊ စက်ရုံတွေက အလုပ်သမားတွေက လစာတိုးမြှင့်ပေးရေး ဆန္ဒပြ တောင်းဆိုနေချိန်မှာ ကြေညာခဲ့ တာပါ။ ခုလို ၀န်ထမ်းတွေ အတွက် ခံစားခွင့်တွေ တိုးပေးချိန်ဟာ လာမယ့် ဧပြီ (၁)ရက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲလည်း တိုက်ဆိုင်နေပါတယ်။
မြန်မာပြည်တွင်းမှာ ၀န်ထမ်းတွေဟာ လစာ မလောက်မငဖြစ်မှုတွေနဲ့  ကြုံတွေ့နေကြ ရတာ ဆယ်စုနှစ်တွေနဲ့ ချီ ကြာမြင့်နေပြီ ဖြစ်ပြီး လ စာငွေ မလုံလောက်မှု နောက်ဆက်တွဲ အဖြစ် လာဘ်ပေး လာဘ်ယူမှုတွေလည်း ကြီးထွားနေတာပါ။
မြန်မာနိုင်ငံဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဆိုမာလီယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ ပြီးရင် တတိယမြောက် အ ဆိုးဝါးဆုံး နိုင်ငံ ဖြစ်တယ်လို့ ဘာလင် အခြေစိုက် ထရန်ပါရင်စီ အင်တာနေရှင်နယ်အဖွဲ့ က မနှစ်က ထုတ်ပြန်ထားပါတယ်။
အရင်အစိုးရတွေ လက်ထက်တုန်းကလည်း လစာ တိုးမြင့်မှုတွေ ရှိခဲ့ပေမယ့် ကုန်ဈေးနှုန်း က လိုက်တက်လာတဲ့ အတွက် ၀န်ထမ်းတွေရဲ့ ၀င်ငွေနဲ့ထွက်ငွေ မညီမျှတဲ့ အတွက် ပြသာနာ ပြေလည်ခြင်းမရှိခဲ့ပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဆယ်စုနှစ် ပေါင်း များ စွာ တိုင်းပြည်အတွက် တာဝန် ထမ်းရွက်ခဲ့တဲ့ ပင်စင်စားကြီးတွေရဲ့ ၀န်ထမ်း လစာကိုလည်း တိုးမြင့်ပေးခဲ့ပါတယ်။
No comments:
Post a Comment