Wednesday, March 14, 2012

အစိုးရ အတွင်း ဂိုဏ်းဂဏကွဲ များပြား - နိုင်ငံရေး အပြောင်း အလဲအပေါ် တိုင်းရင်းသား ခေါင်းဆောင်များ စိတ်မချ

သျှမ်းသံတော်ဆင့်


လက်ရှိ အာဏာရ ဦးသိန်းစိန်အစိုးရအတွင်း တိုင်းရင်းသားတန်းတူရေးအပေါ် သဘောထားရှိမှု မတူညီသောကြောင့် လက်ရှိ နိုင်ငံ ရေး ပြောင်းလဲမှုအပေါ် စိတ်မချရသေးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ ချုပ် SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကပြောပါသည်။

“လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်နေတဲ့ အပြောင်းအလဲက တိုးတက်လာပြီ၊ ယုံကြည်နိုင်လောက်ပြီ ဆိုတဲ့အဆင့်မဟုတ်ဘူး၊ ပြင်ပေး နိုင်တဲ့ တချို့ဟာလေးတွေကို ပြင်သွားနေတယ်လို့ဘဲပြောရမှာ။ တိုင်းရင်းသား တန်းတူရေး ကိစ္စတွေမှာ ဗမာက တိုင်းရင်းသားဘဲ ဆိုတာ အစိုး ရအထဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆို လက်ခံတာ ရှိဘူး” - ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြော ပါ သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်းတို့ကဲ့သို့ ဗမာလူမျိုးသည်လည်း တိုင်းရင်းသား တခု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး စသည်တို့ လက်ခံသော်လည်း လက်ရှိ အာဏာရ အုပ်စု အ တွင်း သဘောထားတူညီမှုမရှိသေးကြောင်း ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“အခုက အခြေအနေက ကောင်းလာပြီ ကောင်းလာပြီထင်နေကြတယ်။ ဒါပေမယ့် စိတ်မချရသေးဘူး၊ ဘာလို့လဲဆိုတော့ ဗမာဟာ တိုင်း ရင်းသားလူမျိုးစုတခုဖြစ်တယ်ဆိုတာ သမ္မတ ဦးသိန်းစိန်ကလက်ခံပေမယ့် အများစုလက်မခံချင်ဘူး၊ အပြောင်း အလဲလိုချင် တဲ့ သူတွေ ရှိသလို အပြောင်းအလဲမလိုချင်တဲ့သူတွေလဲအရမ်းများတယ်။ အစိုးရအတွင်းမှာ ဂိုဏ်းဂဏတွေများတယ်” - ဟု စိုင်းညွန့်လွင်က သျှမ်း သံတော်ဆင့်သို့ ဆက်လက်ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်သည် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည်မွေးနေ့ ညစာ စားပွဲ အပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦးနှင့်အတူ ဖမ်းဆီးခံရကာ ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် ၈၅ နှစ်ကျခံခဲ့ရကာ အစိုးရ၏ လွတ်ငြိမ်း ချမ်းသာ ခွင့် ကြောင့် ဂျန္နဝါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။ အမျိုးသားစာပေဆု ဆွတ်ခူးရရှိဖူးသူ တယောက်လည်းဖြစ်သည်။

No comments: