ပြည်ပ ရောက် နေ သူများ မြန်မာပြည်တွင်းသို့ ပြန်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုအရ ပြည်တွင်းကိုပြန်သွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မာန် အောင်မြို့နယ် အမျိုးသားဒီမိုကရေစီ တွဲဖက် အတွင်းရေးမှူး ဟောင်းတဦး ဟာ ဒေသခံ အာဏာပိုင် တွေရဲ့ စစ်ဆေး မေးမြန်းမှုတွေနဲ့ ရင် ဆိုင် နေရ ပါတယ်။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက် မြို့သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့တဲ့ ဦးသန်းနိုင် ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ထဲမှာ မာန်အောင်ကို ပြန်လာခဲ့ပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ခဲ့ပေမယ့်လည်း မတ်လ ၁၁ ရက် နေ့မှာ မြို့နယ်ရဲစခန်းမှူး၊ ရဲအုပ်နဲ့ ကျောက်ဖြူခရိုင် အထူး ရဲ တပ်ဖွဲ့တွေ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦး လာရောက် မေးမြန်း ဓာတ်ပုံရိုက် ယူကာ နောက်ထပ် လိုအပ်ရင်လည်း မေးမြန်းဖို့ ခေါ်ယူမယ်လို့ ပြောဆိုခဲ့တယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။
“သူတို့ကတော့ တာဝန်အရလို့ ပြောတယ်။ ကျနော်ထင်တာကတော့ ပြန်ဝင်လာတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာ ဘာတွေ လုပ် ခဲ့လဲ၊ ဘာအကြောင်းနဲ့ ၀င်လာလဲ၊ ဘာတွေဆက်လုပ်ဦးမှာလဲ ဆိုတာ သိချင်တယ်လို့ ထင်တယ်။ ကိုယ်ရေးအကျဉ်း မေးတယ်။ မူလ တန်းကို ဘယ်ကျောင်းမှာ နေခဲ့တယ်။ အလယ်တန်း၊ အထက်တန်း ဘယ်ကျောင်းမှာ ပညာသင်ခဲ့တယ်။ တက္ကသိုလ်ကို ဘယ်မှာ တတ်ခဲ့ တယ်။ မွေးချင်း ညီအကို မောင်နှမ တွေကို မေးတယ်။ နောက် ကျနော့် အိမ်ထောင်ဖက်က ဘယ်သူ။ မိသားစုဝင် တွေက ဘယ်သူ။ ကျ နော်တို့ မိသားစုထဲမှာ အစိုးရ အရာရှိတွေ ရှိလား။ သူတို့ အကြံပေး ဖိတ်ခေါ်လို့ လာ တာလား ဆိုတာ မေးတယ်။”
အထက်က နိုင်ငံတော်အဆင့် ပြောဆိုထားချက်နဲ့ အောက်ခြေမှာ ဖြစ်ပွားနေတာတွေက ကွဲလွဲမှုတွေ ရှိနေ တယ်လို့ လည်း သူက ပြောပါ တယ်။ ဦးသန်းနိုင်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပရွာမှာ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ သမ္မတ ရဲ့  ဖိတ် ခေါ်ချက်နဲ့ ပြန်လာခဲ့တာပါ။
No comments:
Post a Comment