
မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲတွင် မတ်လ ၅ ရက်နေ့က ပြုလုပ်သော မြန်မာ- ဘင်္ဂလာ နှစ်နိုင်ငံ တပ်မှူး အဆင့် ဆွေးနွေးပွဲတွင် မြန်မာဘက်က ဘင်္ဂလာကို ၀င်ရောက်နေသော မူးယစ်ဆေးဝါးများကို နှိမ်နှင်းရန် သဘောတူခဲ့ကြသည်ဟု သိရသည်။
နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့သော မြန်မာ နယ်စပ်ဒေသ လုံခြုံရေး တပ်ဖွဲ့ နစကနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ BDB တို့ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ထိုသို့ သဘောတူညီမူ ရခဲ့ကြခြင်း ဖြစ်ကြောင်း အမှတ် (၁၇) BDB တပ်ရင်းမှူး ဗိုလ်မှူးကြီး ခါလစ်အူဇာမန်က သတင်းထောက်များသို့ ပြောသည်။
" အဓိကတော့ မြန်မာဘက်က နေ့ရော ညပါ ကျွန်တော်တို့ တိုင်းပြည်ကို တရားမ၀င် ၀င်နေတဲ့ ယာဘား မူးယစ်ဆေးပြားတွေနဲ့ မြန်မာ လုပ် အရက်တွေကို မြန်မာဘက်က နှိမ်နှင်း ပေးဖို့ သဘောတူညီမူ ရခဲ့ပါတယ်။ ဒါ့ပြင် မြန်မာကနေ တရားမ၀င် နယ်စပ် ဖြတ်ကျော် ၀င် ရောက် နေတဲ့ သူတွေကိုလည်း တားဆီးနှိမ်နှင်းပေးဖို့ သဘောတူညီမူ ရခဲ့ပါတယ်" ဟု ခါလစ်က ပြောသည်။
မြန်မာဘက်က နစက အမှတ် (၃) နယ်မြေမှူး ဗိုလ်မှူး သန်းထိုက်အောင် ဦးဆောင်သော ကိုယ်စားလှယ် (၉) ဦးနှင့် ဘင်္ဂလာဒေခ်ျ့ဘက် မှ အမှတ် (၁၇) ဘီဒီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး ခါလစ်အူဇာမန် ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦးတက်ရောက်ခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နယ်စပ်ဒေသ အရေးနှင့် ပတ်သက်ပြီး ပုံမှန် တွေ့ဆုံမူများ ပြုလုပ်သလို အရေးပေါ် ဆွေးနွေးမူ များ လည်း ရှိကြောင်း သိရသည်။
ယခုဆွေးနွေးပွဲတွင် မြန်မာဘက်က ၀င်ရောက်နေသော ယာဘားဆေးပြားများကို နှိမ်နှင်းရေးအတွက် မြန်မာဘက်မှ ၀ိုင်းဝန်း ဆောင် ရွက် ပေးရန် ဘင်္ဂလာဒေခ်ျ့က အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။
လာမည့် မတ်လ ၁၈ ရက်နေ့တွင်လည်း မြန်မာ နစက တပ်ဖွဲ့နှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီဘီ တို့ သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။
No comments:
Post a Comment