
ဧပြီလဆန်းတွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ဖျက်သိမ်းခံထားရသည့် မိမိတို့ပါတီကို ပြန်လည် မှတ်ပုံတင်မည် ဖြစ် ကြောင်း ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီ (မွန်ဒီမို) အဖွဲ့က ပြောသည်။
ယမန်နေ့က မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ပါတီဥက္ကဌ နိုင်ငွေသိမ်း၏ အသက် ၉၀ ပြည့်အကြို ဂုဏ်ပြုပွဲအပြီး သတင်းစာ ရှင်း လင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို “မွန်ဒီမို” က ဖြေကြားခြင်း ဖြစ်သည်။
“ဒီရွေးကောက်ပွဲပြီးရင် ကျနော်တို့ မှတ်ပုံတင်မယ်။ အခု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ နာမည်နဲ့ ဖြစ်ချင် ဖြစ်မယ်။ တခြားနာမည်နဲ့လည်း ဖြစ်ချင် ဖြစ်မယ်” ဟု ဒု-ဥက္ကဌ (၂) နိုင်တင်အောင် က ပြောသည်။
မွန်ဒီမို မှတ်ပုံတင်ခဲ့ပါက ပြည်တွင်း မွန်နိုင်ငံရေးပါတီနှစ်ခု ဖြစ်လာမည့်အတွက် မွန်ပြည်သူများနှင့် ရဟန်းသံဃာတော်များ တောင်းဆို ထား သည့် ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (မွန်ဒေသလုံးဆိုင်ရာ) နှင့် ညှိနှိုင်းသွားမည်ဟုလည်း MNDF က ပြောသည်။
“ကျနော်တို့ မွန်ပါတီနှစ်ခု ပေါင်းဖို့က ကျနော်တို့ အချင်းချင်း နားလည်မှု ရထားပြီးပြီ၊ ဆက်ပြီး ညှိနှိုင်းနေတုန်းပဲ၊ မကြာခင် ကျနော်တို့ ပေါင်းဖြစ်မှာပါ” ဟု နိုင်တင်အောင်က ပြောသည်။
ပါတီနှစ်ခု ပေါင်းစည်းရန်အတွက် ယခင်နှစ်ကုန်ပိုင်းကပင် နှစ်ဖက်ပါတီများက မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့မှ မွန်ပြည် သူများ နှင့် ရဟန်းသံဃာများ၏ ဆန္ဒကို ကောက်ခံခဲ့ရာ ပူးပေါင်းစေလိုသည့် အဖြေကို ရရှိခဲ့သည်။
“ဆရာတို့ မပေါင်းရင် ရွာထဲကို လုံးဝ မဝင်နဲ့တဲ့။ ဘုန်းကြီးတွေကလည်း မပေါင်းရင် ကျောင်းကို လုံးဝ မလာနဲ့လို့ ပြောတယ်။ သူတို့က လည်း ပေါင်းစေချင်တဲ့ဆန္ဒ ရှိတယ်” ဟု AMDP ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။
ပါတီကွဲ၍ မွန်ပါတီ နှစ်ခု ဖြစ်လာခြင်း မဟုတ်ပဲ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတခု ရှိသင့် သည်ဟူသော ယုံကြည်ချက်ဖြင့် အခြေအနေအရ ပါတီသစ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပါတီသစ် ခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။
ပါတီဟောင်း ဖြစ်သည့် MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။
ထိုစဉ်က စစ်အစိုးရမှ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံ ရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။
မွန်ဒီမို အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံတင်ခြင်း မပြုပဲ ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့သည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပေးပြီးနောက် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းမှ အမျိုးသား ဒီမို က ရေစီအဖွဲ့ချုပ် (NLD) က မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ရာ တိုင်းရင်းသား နိုင်ငံရေးပါတီတို့က ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသား များ ကို မလွှတ်ပေးပါက ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပြီး နောက်တွင် တိုင်းရင်းသားပါတီများ ပါတီ မှတ်ပုံတင်ခြင်းကိစ္စကို ဆုံးဖြတ်ခဲ့ရာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့လည်း ပါဝင်ခဲ့သည်။
ပြန်လည် မှတ်ပုံတင်မည့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုက ရေ စီ အဖွဲ့ချုပ် ALD၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF နှင့် ဇိုမီး အမျိုးသား ကွန်ကရက် ZNC တို့ ဖြစ်သည်။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည် NLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းပြီး ပြည်ထောင်စု တိုင်းရင်းသား လူမျိုး များ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော တိုင်းရင်းသားပါတီ တခု ဖြစ်သည်။
No comments:
Post a Comment