Tuesday, March 20, 2012

ဘင်္ဂလာ နယ်စပ်တွင် မြန်မာ စစ်သား တစ်ဦးဖမ်းဆီးခံရ

နိရဉ္စရာ

ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံ ဘင်ဒ ရာဘင် (ရွာတော်) ခရိုင် နတ်ကျောက် ဆိုးရီ မြို့နယ်၊ တောင်ပြို နယ်စပ်တွင် မြန်မာ ဘက်မှ ၀င်ရောက် လာသော မြန်မာ စစ်သား တဦကို ဘင်္ဂလာနယ် ခြား စောင့်တပ်မှ ဖမ်းဆီး လိုက်သည်။

မြန်မာ စစ်သားကို မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီတွင် တောင်ပြို ဘင်္ဂလာ နယ်ခြားစောင့် စခန်းမှ အရာရှိ မိုဇာ မောလ်ဟက် ဦး ဆောင် သည့် တပ်ဖွဲ့မှ ဖမ်းဆီး လိုက်ခြင်း ဖြစ်ကြောင်း ဒေသ သတင်း စာများက ရေးသား ဖေါ်ပြ သည်။

ဖမ်းဆီးခံရသည့် မြန်မာစစ်သားမှာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ကြောင်း၊ အရာရှိ တစ်ဦး ဖြစ်ကြောင်း ဘင်္ဂလာ သတင်းတပုဒ်က ဖော်ပြ သည်။

မြန်မာစစ်သားမှာ မြန်မာဘက် မောင်တောမြို့နယ် မြောက်ပိုင်းမှ လမ်းမှားပြီး ဘင်္ဂလာဘက်သို့ဝင်ရောက်လာဖြင့် သတင်းအရ သွား ရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း အရာရှိ မိုဇာမောလ်ဟက် ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

ယခု ဖမ်းဆီးရမိထားသည့် မြန်မာ စစ်သားကို နှစ်နိုင်ငံ နယ်ခြားစောင့်အလံတင် အစည်းအဝေး အပြီးတွင် မြန်မာဘက်သို့ ပြန် လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း အမှတ် ၁၇ ဘင်္ဂလား နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ခါလေကုဇ္ဇာမာန် ပီ၊အစ်၊စီမှ ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ပင်လယ်ပြင် ရေပြင်ပိုင်နက် ဆုံးဖြတ်ချက် ထွက်လာပြီး အချိန်မှ စပြီး နှစ်ဘက်စလုံးက နယ်စပ် အခြေ အနေကို သတိထား စောင့်ကြည့်နေချိန်တွင် ယခုကဲ့သို့ နယ်ကျော် ၀င်ရောက်လာသော မြန်မာ စစ်သား ဖမ်းဆီးခံရခြင်း ဖြစ်သည်။

No comments: