Wednesday, March 14, 2012

မဲဆွယ်မိန့်ခွန်း အင်တာနက်ပေါ် ပြန့်နေမှု အန်အယ်လ်ဒီ ငြင်းဆို

မင်းလွင်

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်း စုကြည်ရဲ့ ပါတီ မဲဆွယ် စည်းရုံးရေး အတွက် နေပြည်တော် မြန်မာ့ အသံမှာ ရိုက်ကူး ခဲ့တဲ့ ဗွီဒီယိုဟာ မြန်မာ့ အသံ ကနေ မလွှင့်ခင် အင်တာနက် ပေါ်မှာ ပြန့်နှံ့ နေပါ တယ်။

မတ်လ ၁၄ ရက်နေ့ မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် ခုလိုပြင်ပကို မိန့်ခွန်း ကြိုတင် ပေါက်ကြားနေမှုနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုက ရေစီ အဖွဲ့ ချုပ်နဲ့ မသက် ဆိုင်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်း ကြိုင်က ပြောပါတယ်။

“ကျနော်သိတာက ၁၂ ရက်နေ့က နေပြည်တော်ကို သွားပြီး သူတို့မြန် မာအသံက ကြိုတင်ပြီးတော့ အသံသွင်းတယ်လို့ ပြောတယ်။ အဖွဲ့ ချုပ်မှာ လုပ်တာလည်း မဟုတ်ဘူး။ မြန်မာ့ အသံ မှာ လုပ်တာ ဖြစ်တယ်။ အဲဒါ မနက် ဖြန်ခါမှာ လွှင့်မှာ။ ဒီနေ့ ကြိုထွက်တယ် ဆိုတော့ မြန် မာ့ အသံ ကိုပဲ မေးဖို့ ပိုကောင်း လိမ့်မယ်။” လို့ ပြောပါ တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းက မတ်လ ၁၂ ရက် နေ့က နေ ပြည် တော် ပြန်ကြားရေး ၀န်ကြီးဌာန တပ်ကုန်းမှာရှိတဲ့ မြန်မာအသံ စတူဒီယိုမှာ သွားရောက် ရိုက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကို မတ်လ ၁၄ ရက် နေ့မှာ မြန်မာအသံက ထုတ်လွှင့်ဖို့ အစီအစဉ်ရှိတာဖြစ်ပေမယ့် မတ်လ ၁၃ ရက်နေ့ကတည်းက တရက်ကြိုတင်ပြီး အင်တာနက်ပေါ်မှာ ပြန်နှံ့နေတာပါ။

No comments: