
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးသည် ကြက်သွန်နီနှင့်အလားသဏ္ဍာန်တူကြောင်း ကမ္ဘာ့အမျိုးသမီး များနေ့၌ မြန် မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ အမျိုးသမီးများရပိုင်ခွင့်အရေး လှုပ်ရှားနေသူတဦးကပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာတို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်း ရေးလုပ်တာတို့ ပင်လုံလို (သို့မဟုတ်) ပင်လုံထက်ကောင်းတဲ့ညီလာခံ ကျင်းပမှာတို့- ဆိုတဲ့အစိုးရလုပ်နေတဲ့ အခုလုပ်ရပ် တွေဟာ အနောက်နိုင်ငံရဲ့ စီး ပွါးရေးပိတ်ဆို့မှုကိုဖယ်ရှားချင်လို့လုပ်တာဘဲဖြစ်တယ်။ စိတ်ရင်းစေတနာမှန်နဲ့ လုပ်တာ မဟုတ်ဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ပြင်ပကမ္ဘာက ကြည့်ရင်အနီရောင်အခွံလေးနဲ့ ကြက်သွန်နီလိုဘဲ။ တကယ်တမ်းအခွံနွှာကြည့်ရင်တော့ မျက်ရည်ကျရလိမ့်မယ်” - ဟု မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှ မခင်ဥမ္မာက ပြော သည်။
ယမန်နေ့က ချင်းမိုင်တက္ကသိုလ်၌ပြုလုပ်သော Burma Now : Assessing the reforms မြန်မာနိုင်ငံပြုပြင်ပြောင်းလဲ ရေး အကြောင်း စ ကားဝိုင်း၌ ထိုသို့ပြောဆိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် စစ်မှန်သောပြောင်းလဲရေး မဟုတ် သရုပ်ဆောင်ခြင်း သာ ဖြစ်သည်ဟုလည်း မခင်ဥမ္မာက ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၀ နိုဝင်ဘာ ၇ ရက်က ကျင်းပသော အထွေထွေရွေးကောက်ပွဲကြီးအပြီး နိုဝင်ဘာ ၁၃ ရက် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်း စု ကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်းသည် ၎င်းတို့၏ မသမာသော မဲလိမ်လည်မှုအပေါ် လူထု အာရုံစိုက်မှု လျော့ပါး သွား အောင် အာရုံပြောင်း လိုက်ခြင်းသာဖြစ်ကြောင်း၊ ယမန်နှစ် စက်တင်ဘာလကုန်က ရပ်ဆိုင်း လိုက် ပြီဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်း လည်း လုံးဝရပ်နားခြင်းမရှိဘဲ ယခုတိုင် လမ်းဖောက်လုပ်ခြင်း၊ တရုတ် အလုပ် သမားများ လုပ်ငန်းဆက်လက်လုပ်ဆောင်နေခြင်းတွေ့ရကြောင်း၊ လူ့အခွင့် အရေး ကော်မရှင်ဖွဲ့စည်းလိုက်သော်လည်း အစိုးရ ဖက်မှနေ၍ လက်ညိုးထောင် ခေါင်းငြိတ် ကာကွယ် ပြောဆို သူ များသာ နေရာပေးထားကြောင်း ဆက်လက်ပြောဆို၏။
“နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ၈၀၀ ကျော်လွှတ်ပေးလိုက်ပြီဆိုပေမယ့် ထောင်ထဲမှာ ၈၀၀ ကျော်ကျန်နေ သေးတယ်လို့ သိရတယ်။ အပစ်ရပ်ရေးဆိုတာကလဲ မီဒီယာနဲ့ သံတမန်ထိုးစစ်သဘောမျိုးဘဲရှိနေသေးတယ်။ ပွင့်လင်း သန့်ရှင်းမှုမရှိတဲ့အပြင် တိုင်းရင်း သားဒေသထဲကို စစ်ရေးအရတိုးချဲ့နေခြင်းကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းဘဲဖြစ် တယ်လို့မြင် တယ်။ နောက်တခု မီဒီယာ လွတ်လပ်ခွင့် မှာလဲ ဘဲ မီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြင်ဆင်တာမရှိသေးတဲ့ အတွက်၊ စိတ်ကူးပေါက်တိုင်း အဖမ်းအဆီးထလုပ်နိုင်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲခြင်း ဆိုတဲ့နေရာမှာ စစ်အာဏာပိုင်တွေ အကျိုးစီးပွါးအတွက်ဘဲ ပြောင်းလဲနေတာတွေ့ရတယ်။ ဥပဒေအရပြောင်းလဲခြင်း မရှိသေးတာကို တွေ့ရတယ်” ဟုလည်းပြောသည်။
ထို့ကြောင့်ပြောင်းလဲမှုများမှာ စစ်တပ်အုပ်စုအား ကမ္ဘာက လက်ခံလာအောင် လုပ်နေသည့်ပြောင်းလဲမှုသာဖြစ်ကြောင်း ဆိုပါသည်။
မည်သို့ပင်ဆိုစေ အစိုးရက မိမိစစ်အုပ်စုအတွက် အနောက်နိုင်ငံအား တံခါးဖွင့်ပေးစဉ် မိမိတို့အနေဖြင့် အခွင့်အရေးကို အမိအရ ဖမ်းဆုတ် ကာ စစ်မှန်သော ပြောင်းလဲရေးဖြစ်အောင် လုပ်ဆောင်သွားသင့်ကြောင်း (၁) ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ် မြောက်ရေး (၂) တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေး ကြေငြာကာ တိုင်းရင်းသား နယ် မြေများ၌ တိုးချဲ့နေရာယူထားသော မြန်မာ စစ်တပ်များ တပ်ဆုတ်ရေးနှင့် (၃) အဖက်ဖက်မှပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝ သော(လွှတ်တော်အတွင်းမဟုတ်သော) နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့ကို ဦးစွာ ကြိုးပမ်းသင့်ကြောင်း ပြောကြား ပြောပါသည်။
Best Friend Library နှင့် ချင်းမိုင်တက္ကသိုလ် Faculty of Social Science ဌာနက ကမကထပြု ခင်းကျင်းပေးသော အဆိုပါ စကား ဝိုင်း ၌ မခင်ဥမ္မာ အပြင် ဖယပ်တက္ကသိုလ်မှ ဆရာ ဒေါက်တာသိန်းဆွေ၊ ဗဟုဖွံ့ဖြိုးရေးဌာနမှ ဦးအောင်နိုင်ဦး နှင့် The Nation သတင်းစာမှ Supalak Ganjanakhundee တို့လည်းပါဝင်ကြောင်း သိရပါသည်။
No comments:
Post a Comment