
သျှမ်းပြည်မြောက်ပိုင်း ပိုက်လိုင်းချသည့်လမ်းတလျှောက်နှင့် ကချင် - သျှမ်းနယ်စပ်ဘက်သို့ မြန်မာအစိုးရတပ်က အင် အားဖြည့် တိုးချဲ့လှုပ်ရှားပြီး အချက်အခြာကျသည့် တောင်ကုန်း၊ အမြင့်များ၌ တပ်စခန်းချ နေရာယူထားကြောင်း ကား ဆရာများ သတင်း ရပ်ကွက် ကဆို ပါသည်။
“ပြီးခဲ့အပတ်ထဲကဘဲ ကားတစီးစစ်သား ၁၀ ယောက်ကျော်၊ ရိက္ခာအပြည့်တင်တဲ့ စစ်ကား ၇၀ ကျော် လားရှိုးမြို့ကို ဖြတ် ပြီး မူစယ် နမ့် ခမ်းဘက် (ကချင်ပြည်နယ် နယ်ခြားဘက်) သွားနေတယ်” ဟု မူစယ် - လားရှိုး ကားဆရာတဦး ကပြောပါ သည်။
မိုးတွင်းမှာ နေရာအနှံ့သွားလာလှုပ်ရှား ခြေကုပ်ထားနိုင်ရေးအတွက် နွေရာသီအတွင်း အစိုးရတပ်အင်အား၊ ရိက္ခာဖြည့် တင်းထားခြင်း ဖြစ်ပြီး အချက်အခြာကျသည့်နေရာ ၊ တောင်ကုန်းများ၌ နေရာယူ တပ်စခန်းစိုက်ထားခြင်း လည်းဖြစ်နိုင် ကြောင်း ကွတ်ခိုင် ဒေသခံ တ ဦးကဆိုပါသည်။
အလားတူ နမ့်ခမ်းမြို့နယ်အတွင်း၌လည်း အစိုးရတပ်၏ စစ်ကြောင်းတခု ၅၀ - ၆၀ အထိ အုပ်စုခွဲပြီး ဆက်တိုက်လှုပ် ရှားနေကြောင်း နမ့်ခမ်းမြို့ခံ NGO ၀န်ထမ်းတဦးကပြောသည်။
ထို့အပြင် သီပေါ မှ နမ္မတူဘက် ဆက်လက်သွယ်သန်းမည့် ရေနံ နှင့် ဂက်စ် ပိုက်လိုင်း တာဝန်ရှိသူများ အလုပ်သမား များက အင်္ဂျင်နီ ယာများက စီမံကိန်းဆက်လက် ဆောင်ရွက်နေမည်ဆိုပါက ပြန်လမ်းရှိမည်မဟုတ်ကြောင်း ဒေသ အတွင်းလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များက ခြိမ်းခြောက်ထားသဖြင့် ပိုက်လိုင်းတည်ဆောက်ရေး ခေတ္တနား ထားရကြောင်း ဒေသခံများကပြောပါသည်။
“ ဂက်စ်ပိုက်လိုင်းတလျှောက်က ပါဝါတိုင်တွေ (ရွှေလီလျှပ်စစ်မီးတိုင်) တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ဆက်တိုက် ဖြိုဖျက်နေလို့ စီ မံကိန်းရှေ့မဆက်ရဲတာလို့လဲ အလုပ်သမားတွေပြောတယ်” ဟု ပြည်သူ့လွှတ်တော်အမတ်တဦး ကလည်း ပြောသည်။
မြန်မာအစိုးရ၏ စစ်တပ်များသည် ဂက်စ်ပိုက်လိုင်းလုံခြုံရေးဟုဆိုကာ ယခုနှစ်ဆန်းပိုင်းကတည်းက သျှမ်း-ကချင် နယ်စပ် ဖက်သို့ စစ်အင် အားမြောက်များစွာ ပို့ဆောင်ကာ နမ္မတူ၊ မန့်တုန့် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေ ကြောင်း လည်း နမ္မတူမှ ဒေသခံ များ က ပြောကြသည်။
ဖေဖေါ်ဝါရီ ၁၃ ရက် နေ့ကလည်း မန်တုံမြို့နယ်မှ နမ့်ခမ်းဘက်သို့ ယာဉ်ထွက်ခွာလာစဉ် အမည်မသိအဖွဲ့မှ ဗုံးခွဲတိုက်ခိုက် ခဲ့ကြောင်း တ ရုတ်အင်ဂျင်နီယာတစ်ဦး သေဆုံးပြီး မြန်မာအ ရာရှိ ၃ ဦး ဒဏ်ရာရရှိပါသည်။
No comments:
Post a Comment