အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစိုး ရ ရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ် စည်းရုံးရေး ခရီး စဉ်မှာ လူထောင် ပေါင်းများ စွာက မဲ ဆွယ် တရား ဟောပြော ပွဲကို တက်ရောက် နားထောင် ခဲ့ကြ ပါတယ်။ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟောပြော ပွဲမှာ မိန့်ခွန်း ပြောကြား ရာမှာ “ကျမ တို့ဟာ ပုဂ္ဂိုလ် ၁ ယောက် အတွက်သာ မဲတောင်း နေတာ မဟုတ် ပါဘူး။ ကျမ တို့ရဲ့ အဖွဲ့ အတွက် မဲတောင်း နေတာပါ။ ကျမ တို့ရဲ့ ကိုယ်စား လှယ်ဟာ လုပ်သင့် လုပ် ထိုက်တာကို မလုပ်ရင် ကျမတို့ အဖွဲ့ချုပ် ကနေ ထိန်းသိမ်း သွားမယ်။ ဆုံးမ သွားမယ်။ သွန်သင် သွားမယ်။ ဒါ အဖွဲ့ရဲ့ တာဝန်ပါ။
ကျမ တို့ရဲ့ ကိုယ်စား လှယ်တွေ အားလုံးကို တာဝန် ယူတယ်။ ပြည်သူ လူထု မကျေ နပ်အောင် လုပ်တဲ့ ကိုယ်စား လှယ်ဆိုရင် အဖွဲ့ချုပ် က သွန်သင် ဆုံးမ ပေးမှာ ဖြစ်သလို ပြုပြင် ပေးမယ်။ ဒါကြောင့် ဘယ်လောက်ပဲ ဦးနိုင်ငံလင်းက တော်တော်။ ဦးနိုင်ငံ လင်းကို မဲထည့် တာ မ ဟုတ် ဘဲနဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အတွက် ထည့်တာ ပါဆို တာကိုတော့ စိတ်ထဲမှာ ထားစေ ချင်တယ်။”
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူလူထုကို မဖြစ်မနေ မဲသွားပေးကြဖို့ တိုက်တွန်းပြီးတော့ ပယ်မဲ မဖြစ်ဖို့ကိုလည်း မိန့် ခွန်း မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
“ဧပြီ ၁ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် ကြိုးစားရမယ်။ ဒါက နံပါတ် ၁ အချက်။ နံပါတ် ၂ ကတော့ အဲဒီနေ့မှာ မဲသွားပေးရမယ်။ အရေးကြီးဆုံး အချက်ကတော့ မဲထည့်တဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ ထည့်ပါ။ တခြားအဖွဲ့အစည်းတွေကို ယောင်မှား ပြီး တော့ မဲမထည့်ပါနဲ့။ မဲထည့်တဲ့အခါမှာလည်း မမှားစေနဲ့။ ပယ်မဲ မဖြစ်သွားအောင် သတိထားပါ။ ဒါနဲ့ ပတ်သက်လို့ ကျမတို့ ကိုယ်စား လှယ်လောင်းနဲ့ ပါတီဝင်တွေကနေ ပညာပေး အစီအစဉ်တွေလုပ်ဖို့ ကြိုးစားနေပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒက္ခိဏသီရိမြို့နယ်မှာ ၀န်ထမ်းတွေ အပါအ၀င် ပြည်သူလူထု ကြိုဆိုကြပုံကို ဒေါ်အောင်ဆန်းစုကြည် စည်း ရုံးရေး ခရီးမှာ အတူပါနေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ညဏစိုးက သူမြင်ခဲ့ရပုံကို ခုလို ပြောပါတယ်။
“ဒီနေရာဟာ နေပြည်တော်ဧရိယာမှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်တွေ ဆိုတာက အသစ်ဖွဲ့စည်းထားတဲ့ မြို့နယ် တွေ ပါ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆိုရင် စိမ်းတယ်လို့ ပြောလို့ရတဲ့ နယ်မြေတွေက ဒေသခံ ပြည်သူလူထုနဲ့ ၀န်ထမ်းတွေ အ ပါအ၀င် တကယ်ကို အားရစရာ အုန်းအုန်းကျွက်ကျွက် ကြိုဆိုကြပုံက ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ အတွက်ရော အဖွဲ့ချုပ် အ တွက် ရော အင်မတန်မှ တက်ကြွဖို့ ကောင်းတဲ့ ကြိုဆိုမှုမျိုးတွေကို ကြုံရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ နေပြည်တော် ဒက္ခိဏသီရိနဲ့ ဇမ္မူသီရိမြို့နယ် တွေမှာ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြော ခဲ့ပါ တယ်။
No comments:
Post a Comment