Friday, March 2, 2012

NDF ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဖွဲ့စည်း .

ရွှေဟင်္သာ


ဒီမိုကရေစီ အင်အားစုပါတီ၊ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို မူဝါဒရေးရာ ကော်မတီဝင်များ၊ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဗဟို အလုပ် ကော်မတီဝင် များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဥက္ကဌ များဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ လုပ်ငန်းကော်မတီ ငါးရပ်ကို လည်း ဖွဲ့စည်းခဲ့သည်။

၁။ ဦးခင်မောင်ဆွေ ဥက္ကဌ၊ မူဝါဒရေးရာကော်မတီ
၂။ ဦးစိန်လှဦး အဖွဲ့ဝင်၊ မူဝါဒရေးရာကော်မတီ
၃။ ဦးတိုးပို အဖွဲ့ဝင်၊မူဝါဒရေးရာကော်မတီ
၎။ ဦးသာဆိုင် အဖွဲ့ဝင်၊ မူဝါဒရေးရာကော်မတီ
၅။ ဒေါက်တာသန်းငြိမ်း ဥက္ကဌ
၆။ ဦးစိုးဝင်း ဒု-ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၇။ဒေါက်တာလှစိုးညွှန့် ဒု-ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီးဥက္ကဌ
၈။ဒေါက်တာဝင်းနိုင် အတွင်းရေးမှူး
၉။ဦးမြင့်သွင် တွဲဖက်အတွင်းရေးမှူး(၁)
၁၀။ဦးမျိုးဇော်အောင် တွဲဖက်အတွင်းရေးမှူး(၂)
၁၁။ ဦးကြည်သန်း ဘဏ္ဍာရေးမှူး
၁၂။ဒေါက်တာသန်းဝင်း အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁၃ ။ ဦးခင်မောင်ဝင်း အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၁၄။ ဦးစိန်ဝင်း အဖွဲ့ဝင်
၁၅။ဦးမြင့်ဖေ အဖွဲ့ဝင် မကွေးတိုင်းဒေသကြီးဥက္ကဌ
၁၆။ဦးမြင့်ငွေ အဖွဲ့ဝင်
၁၇။ ဦးကျော်အောင် အဖွဲ့ဝင်
၁၈။ ဒေါ်ခင်ဝိုင်းကြည် အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၁၉။ ဦးတင်ရွှေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၂၀။ ဦးအောင်ဇင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၂၁။ဦးခိုင်မောင်ရည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၂၂။ ဒေါ်တင်နွယ်ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၂၃။ ဦးသက်ထွန်းမောင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဗဟိုအလုပ်ကော်မတီ
၂၄။ ဦးအောင်ဆန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
၂၅။ ဦးကျော်ဇေယျာဝင်း ရန်ကုန်တိုင်းဥက္ကဌ၊ ဗဟိုအလုပ်ကော်မတီဝင်
၂၆။ ဦးနေမင်းကျော် ဗဟိုအလုပ်ကော်မတီဝင်
၂၇။ ဦးကျော်သူရ ဗဟိုအလုပ်ကော်မတီဝင်
၂၈။ ဦးသာမြင့်ထူး ဗဟိုအလုပ်ကော်မတီဝင်
၂၉။ ဦးတိုးတိုး ဗဟိုအလုပ်ကော်မတီဝင်
၃၀။ ဒေါ်ဘောက်ဂျာ ကချင်ပြည်နယ်ဥက္ကဌ
၃၁။ ဦးတင်ဝင်း ဧရာဝတီတိုင်းဒေသကြီးဥက္ကဌ
၃၂။ ဦးအောင်မျိုးဝင်း ပဲခူးတိုင်းဒေသကြီးဥက္ကဌ

လုပ်ငန်းကော်မတီ ငါးခုမှာ စည်းရုံးလှုံဆော်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး လုပ်ငန်းကော်မတီ၊ သတင်း နှင့်ပြန်ကြား ရေး လုပ်ငန်း ကော်မတီ၊ ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာကော်မတီ တို့အား ဆက်လက်ဖွဲ့စည်းပြီး တက်ရောက် လာသူများနှင့် တိုင်း ဥက္ကဌများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများနှင့် ရင်ဆိုင်နေရသော အ ခက်အခဲများကို တင်ပြဆွေးနွေးကြသည်။

ရေဒီယိုနှင့် ရုပ်မြင်သံကြားမှနေ၍ ပါတီ ကိုယ်စား တင်ပြပြောဆိုရန်အတွက် ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆောင်ရွက် မည်ဖြစ် ပြီး ပြောကြားမည့် ပြောဆိုချက်မူကြမ်းကို ဖတ်ကြားအတည်ပြုပါ သည်။ NDF ပါတီသီချင်း၊ ပါတီတံဆိပ် နှင့် အလံများ ကိုအသုံး ပြုခွင့် ပေးပြီဖြစ်၍ ဟောပြောရာတွင်အသုံးပြု မည်ဖြစ်သည်။ အစည်းအဝေးကို နေ့လည် ၁း၀၀ မှစတင်ပြီး ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်း လိုက်ပါသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစု၊ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ခင်ဖြူဖြူငြိမ်းနှင့် မဲဆန္ဒရှင်ပြည်သူလူထု တွေ့ဆုံပွဲကို အောက်ဗဟိုလမ်းနှင့် မာလာလမ်းထောင့်ရှိ မင်္ဂလာဝိဇယ ဓမ္မာ ရုံတွင် ကျင်းပပါသည်။

ပါတီခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဦးစိန်လှဦး၊ ဦးတိုးပို၊ ဦးသာဆိုင်နှင့် ဗဟိုအလုပ်ကော်မတီဝင် များ၊ ရန်ကုန်တိုင်းဥက္ကဌ ဦးကျော်ဇေယျာဝင်း နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော် မတီဝင်များ၊ မြို့နယ်များမှ ပါတီခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ဝင်စားသူ မဲဆန္ဒရှင်များ တက်ရောက်ကြပါသည်။

ပါတီခေါင်းဆောင်များက NDF ပါတီဆိုင်ရာကိစ္စများ၊ လက်ရှိနိုင်ငံရေအနေအထားနှင့် ဒုတိယအကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည့် မရမ်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဖြူဖြူငြိမ်း ကိုယ်ရေးရာဇ၀င်ကို ဖတ်ကြားပါ သည်။ ထို့နောက် တက်ရောက် လာသူများ၏ မေးမြန်းချက်များကို ပါတီခေါင်းဆောင်များက ရှင်းလင်းဖြေကြားပြီး တွေ့ဆုံပွဲကို နံနက် ၁၁း၀၀ နာရီတွင်အောင်မြင်စွာရုပ် သိမ်းလိုက်ပါသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ တံတားဦးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးရုံး ဖွင့်ပွဲနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် လောင်း ဦးနန်းထိုက်ဇော်အား မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တံတားဦးမြို့နယ် ရွေးကောက်ပွဲအောင်နိုင် ရေးရုံးဖွင့်ပွဲနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနန်းထိုက်ဇော်အား မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ မန္တလေးတိုင်း ဒေသကြီး စည်းရုံးရေး ကော်မတီဝင်များ၊ တိုင်းအောင်နိုင်ရေးကော်မတီဝင်များ၊ တံတားဦးမြို့နယ်စည်းရုံးရေးကော်မတီဝင် များနှင့် ရပ်ကျေး စည်းရုံးရေး ကော် မတီဝင်များ၊ မဲဆန္ဒရှင်များ၊ ဖိတ်ကြားထားသောနိုင်ငံရေးပါတီများမှ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဒု-ဥက္ကဌ ဒေါက်တာလှစိုးညွှန့် ၊ မန္တလေးတိုင်းရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဌ ဦးမောင်မောင်လှသောင်း၊ မြို့နယ် စည်းရုံးရေးကော်မတီဥက္ကဌ ဦးကျော်တင့်တို့က အမှာ စကားများပြောကြားကြပြီး ဖွင့်ပွဲ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

No comments: