Thursday, July 18, 2013

သမ္မတဦးသိန်းစိန်နဲ့ ပြင်သစ် သမ္မတ တို့ တွေ့ဆုံ

ABC

မြန်မာသမ္မတ ​ဦးသိန်းစိန် ​ဟာ ​ပြင်သစ် ​သမ္မတ ​ဖရန်စွာ ​အော်လွန်း ​နဲ့ပြင်သစ် ​နိုင်ငံ ​ပါရီမြို့မှာ ​ဇူလိုင်လ ​၁၇ ​ရက်နေ့ ​မနေ့ကတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှုတွေမှာ ​လိုအပ်တဲ့ ​အကူအညီအထောက်အပံ့တွေ ​ရယူဖို့အတွက် ​မြန်မာသမ္မတဟာ ​ဥရောပကို ​နိုင်ငံတော် ​ခရီးစဉ်အဖြစ် ​ရောက်ရှိနေတာပါ။

အခုခရီးစဉ်မှာ ​မြန်မာ ​သမ္မတဟာ ​UNESCO ​ညွှန်ကြားရေးမှူး ​နဲ့လည်း ​တွေ့ဆုံခဲ့တဲ့ ​အကြောင်း ​သမ္မတရဲ့ပြောခွင့်ရသူ ​ဦးရဲထွဋ်ရဲ့ ​ဖေ့စ်ဘုတ် ​စာမျက်နှာမှာ ​ဖော်ပြထားပါတယ်။

ယုံကြည်ချက်ကြောင့် ​အကျဉ်းကျနေသူတွေကို ​ဒီနှစ်အကုန်မှပဲ ​လွတ်ပေးမှာဖြစ်တဲ့ ​အကြောင်း ​ပြီးခဲ့တဲ့ ​တနင်္လာနေ့က ​ဗြိတိန်နိုင်ငံကို ​ရောက်ရှိနေတုန်းမှာ ​မြန်မာသမ္မတက ​ကတိပေး ​ပြောကြားခဲ့ပါတယ်။

လွတ်လပ်ရေး ​ရပြီးကတည်းက ​ဆယ်စုနှစ်ပေါင်းများစွာ ​ဖြစ်ပွားနေတဲ့ ​အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်တွေ ​အကြား ​ဖြစ်ပွားနေတဲ့ ​ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ​အဆုံးသတ်လာနိုင်တော့မယ် ​အခြေအနေတွေကိုလည်း ​ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ​အနေနဲ့အပြောထက် ​အလုပ်နဲ့သက်သေပြတာကို ​လိုလားတဲ့ ​အကြောင်း ​မြန်မာ့အရေး ​လှုပ်ရှားသူတွေက ​တောင်းဆိုနေကြပါတယ်။

No comments: