Wednesday, July 17, 2013

ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမယ်လို့ဆို

ABC

မြန်မာနိုင်ငံမှာ ​ဒီနှစ်မကုန်ခင် ​နိုင်ငံရေး ​အကျဉ်းသားအားလုံး ​လွှတ်ပေးမှာ ​ဖြစ်ပြီး၊ ​လက်နက်ကိုင် ​တိုင်းရင်းသား ​အဖွဲ့တွေ ​နဲ့လဲ ​မကြာခင်မှာ ​အပြီးသတ် ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူညီချက်တွေ ​ရရှိ ​တော့မှာ ​ဖြစ်တဲ့အကြောင်း ​ဗြိတိန် ​နိုင်ငံ ​လန်ဒန်မြို့မှာ ​ရောက်ရှိခဲ့တဲ့ ​သမ္မတကြီး ​ဦးသိန်းစိန်က ​ပြောတယ်လို့ ​သိရပါတယ်။

ရာစုနှစ် ​တဝက် ​လောက်ကြာညောင်းခဲ့တဲ့ ​အာဏာရှင်စစ်အုပ်ချုပ်ရေးကနေ ​ဒီမိုကရေစီ ​အသွင်ကူးပြောင်းမှု ​လုံးလုံးလျားလျား ​ဖြစ်သွားဖို့ ​ကြိုးစားနေတာဖြစ်တယ်လို့လဲ ​ပြောပြပါတယ်။

မြန်မာနိုင်ငံတွင်း ​လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုတွေနဲ့ ​နှစ်ပေါင်း ​၆၀လောက် ​ဖြစ်နေတဲ့ ​ပြည်တွင်းစစ်မီး ​လဲငြိမ်းသွားဖို့ ​ရှိတယ်လို့ ​တထစ်ချယုံကြည်တယ်လို့လဲ ​ပြောသွါးပါတယ်။ ​ခက်ခဲတဲ့ ​ဆွေးနွှေးမှု ​တွေ ​ချိုးခြံ ​ရမည့် ​သဘောတူညီမှု ​တွေ ​ကျော်လွှားပြီး ​ဆောင်ရွက်သွားရမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာ ​နိုင်ငံကို ​မကြာသေးခင်က ​အလည်အပတ်ရောက်ရှိခဲ့တဲ့ ​ဗြိတိသျှဝန်ကြီးချုပ် ​David ​Cameron ​က ​မြန်မာ ​နိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲရေးမှာ ​တိုးတက်မှု ​ရှိလာအောင် ​အားပေး ​တဲ့ ​နိုင်ငံတကာရဲ့ ​အတွေးအမြင်နဲ့ ​မြန်မာ ​နိုင်ငံရဲ့ ​တိုးတက်ဖွံ့ဖြိုးမှု ​ကို ​အားပေးသွားတဲ့ ​လမ်းစဉ်ကို ​လိုက်သွားမှာ ​ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံ ​သမ္မတဦးသိန်းစိန်ရဲ့ ​ဗြိတိန်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်က ​မြန်မာအစိုးရအနေနဲ့ ​လူ့အခွင့်အရေးကို ​အကာအကွယ်ပေးဖို့ ​ပြောဆိုတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်နေတာတွေနဲ့အတူ ​မြန်မာအစိုးရအနေနဲ့ ​လူ့အခွင့်အရေး ​လေးစားလိုက်နာမှု ​တွေ ​ပိုမိုလုပ်ဆောင်ဖို့ ​မြင်လိုကြောင်း ​ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ်က ​ပြောပါတယ်။

အထူးသဖြင့် ​မြန်မာနိုင်ငံတွင်းက ​ရိုဟင်ဂျာတွေ ​ပစ်မှတ်ထား ​တိုက်ခိုက်ခံရတဲ့အပေါ်မှာ ​ဗြိတိန်နိုင်ငံအနေနဲ့ ​စိုးရိမ်မကင်းဖြစ်မိတယ်လို့ ​ပြောသွားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ​ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်တို့ ​တွေ့ဆုံ ​ဆွေးနွေးမှုလုပ်နေတုန်း ​ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ်ရဲ့ ​နေအိမ်အပြင်ဖက်မှာ ​ရိုဟင်ဂျာတွေကို ​ကာကွယ်မှုပေးဖို့ ​လူတစ်စု ​တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ်က ​လူ့အခွင့်အရေးတိုးတက်မှုရှိအောင် ​လုပ်ဆောင်ဖို့ ​ပြောဆိုလိုက်သလို ​ဗြိတိန်နဲ့ ​မြန်မာနှစ်နိုင်ငံအကြား ​သံတမန်ဆက်ဆံရေး ​ပူးပေါင်းမြှင့်တင်တာတွေ၊ ​ကုန်သွယ်ရေးနဲ့ ​ရင်းနှီးမြုပ်နှံမှုအပြင် ​ကူညီထောက်ပံ့ရေး၊ ​ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ​စစ်ရေးဆိုင်ရာတွေမှာလည်း ​ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ​မျော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် ​ဘယ်လို ​စစ်ဖက်ဆိုင်ရာကဏ္ဍမှာ ​ပူးပေါင်းကြမလဲဆိုတာကိုတော့ ​မပြောပြခဲ့တဲ့အကြောင်း ​အေအက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: