Sunday, July 14, 2013

မြောက်ဦးမြို့ ဘိုးဘပိုင် မီးလောင်မြေ ပြန်ရလို

နိရဉ္စရာ


သက်ဆိုင်ရာမှ ခြံဝင်းခတ်ပြီး ချိပ်ပိတ် သိမ်းယူထားထားသော မြောက်ဦးမြို့မှ မိဖ ဘိုးဖွားပိုင် မြေအား အမွေခံထိုက်သူများသို့ ပြန်လည်လွဲပြောင်းပေးစေလိုကြောင်း အသနားခံ တင်ပြသော်လည်း တစ်စုံ တစ်ရာ အကြောင်း ပြန်ကြားမူ မရှိ၍ နိုင်ငံတော်နှင့် ပြည်နယ် အဆင့် လူကြီးများ သိရှိစေရန် စာရေး တင်ပြ အပ်ပါသည်။

ကျွန်မ၏ အဖွား ဒေါ်အောင်မြဦး ပိုင်ဆိုင်သော မြောက်ဦးမြို့၊ လက်ကောက်ဈေး၊ ကံလှရပ်ကွက်၊ အကွက်အမှတ်( က/၆၂)၊ မြေဧရိယာ(၀.၁၂၃)မြေကွက်အား ၄င်း၏ သားဖြစ်သူ ကျွန်မ၏ အဖေ ဦးအောင်သာထွန်းအား လွဲပြောင်းပေးခဲ့ပါသည်။

မြောက်ဦးမြို့နယ် မြေစာရင်းဦးစီးဌာန၏ (၁၃.၅.၁၉၉၉) ရက်စွဲပါစာ အမှတ်-၃၃/မအ- ၂ /၉၉ ဖြင့် အမှုတွဲအမှတ်-၆/အမဘ/၉၈-၉၉ အရတရားဝင် လွဲပြောင်းပေးခဲ့ပါသည်။

ယ္ခုအခါ ကျွန်မ၏ အဖွားနဲ ကျွန်မ၏ အဖေတို့မှာ ဆုံးသွားကြပြီဖြစ်ရာ ကျန်ရစ်သူသား သမီးများ ဖြစ်ကြသော ကျွန်မတို့မှာ တရားဝင် ပိုင်ဆိုင်ထိုက်သူများ ဖြစ်ပါသည်။

ကျွန်မတို့မှာ မြောက်ဦးမြို့မှ ခေတ္တယာယီထွက်ခွာ၍ တနယ်တကျေးတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြရသည့် အချိန်(၁၇.၁၁.၂၀၁၁)နေ့တွင်မီး လောင်မှု ဖြစ်ပွားခဲ့ရာ ကျွန်မတို့၏ မြေကွက်မှာ မီးလောင်ရာတွင်ပါသွားခဲ့ပါသည်။

၎င်းနောက်ပိုင်း မြောက်ဦးမြို့နေရာချထားရေးကော်မတီနှင့် အာဏာပိုင်များမှ ရခိုင်ပြည်နယ် အစိုးရထံသို့ မှန်ကန်တိကျမူ မရှိသော အချက်အလက်များဖြင့် တင်ပြကာ ကျွန်မတို့ မိသားစုပိုင် မြေကွက်အား သိမ်းယူထားပါသည်။ အဆိုပါ ပုဂ္ဂိုလ်များ အနေဖြင့် ရိုးသားမှုများမဲ့နေပြီး ထိုမြေကွက်၏ သမိုင်းကို သိရှိလေ့လာမှုများ ကင်းမဲ့နေကြောင်းသိရှိရပါသည်။

ကျွန်မတို့မှာ ယခုအခါ မိဘများ မရှိတော့ပါသဖြင့် ဘ၀ရပ်တည်မှုအတွက် များစွာ အခက်အခဲ ရှိနေပါသည်။ အထူးသဖြင့် အိုးအိမ်အတည်တကျဖြင့် ဘ၀ကို ပြန်လည် ထူထောင် လိုပါသည်။ ထို့ကြောင့် ကျွန်မတို့ဘိုးဖွားအမွေစစ်မှန်သော မွေခံထိုက်သော ထိုမြေကွက်ကို ပြန်လည် ရယူ ပိုင်ဆိုင်လိုပါသည်။

သို့အတွက်ပါကြောင့် တိကျ မှန်ကန်အောင် စုံစမ်းစစ်ဆေးပြီး တရားဥပဒေနှင့် အညီ ကျွန်မတို့ ဘိုးဖွားပိုင် မြေကွက် ကျွန်မတို့ ပြန်လည် ရရှိနိုင်ရေးအတွက် ပြည်နယ် အဆင့်လူကြီးများ၊ နိုင်ငံတော်အဆင့်လူကြီးများ အနေဖြင့် သနားသက်ညှာစွာဖြင့် ဆောင်ရွက်ပေးကြပါရန် နိရဉ္ဖရာမှ တဆင့် အသိပေးတိုင်ကြားအပ်ပါသည်။


မအေးအေးထွန်း-၈/မကန(နိုင်)၀၀၀၆၀၆

ဒေါ်အောင်မြဦး(ကွယ်လွန်)၏ မြေး

ဦးအောင်သာထွန်း(ကွယ်လွန်)၏ သမီး

အမှတ်(၁၄၃၁)၊တပင်ရွှေထီးလမ်း၊ ၄၁-ရပ်ကွပ်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(ခေတ္တ)

No comments: