Monday, July 15, 2013

သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ အာဏာထိပ်တိုက်မှုကြောင့် နစက ကို ဖျက်သိမ်းဟုဆိုကြ

ABC

နယ်စပ်ဒေသ ​လူဝင်မှု ​စစ်ဆေးရေး ​ကွပ်ကဲမှု ​ဌာနချုပ် ​(နစက) ​ကို ​နိုင်ငံတော် ​သမ္မတရဲ့ ​အမိန့် ​နဲ့သောကြာနေ့က ​ဖျက်သိမ်းလိုက်တာဟာ ​အုပ်ချုပ်ရေးပိုင်းတွေမှာ ​တခါတခါ ​သမ္မတနဲ့ ​ကာကွယ်ရေး ​စစ်ဦးစီးချုပ်တိုရဲ့ ​အာဏာ ​ထိပ်တိုက်တွေ့မှုတွေ ​ရှိနိုင်တဲ့ ​အတွက် ​ဖျက်သိမ်းလိုက်တာ ​ဖြစ်နိုင်တဲ့ ​အကြောင်း ​ရခိုင်ပြည်နယ် ​လွှတ်တော် ​အသိုင်းအ၀ိုင်း ​ကပြောပါတယ်။

နိုင်ငံတော် ​သမ္မတ ​ဦးသိန်းစိန်က ​ဇူလိုင်လ ​၁၂ ​ရက်နေ့ ​ရက်စွဲနဲ့ ​နယ်စပ်ဒေသ ​လူဝင်မှု ​စစ်ဆေးရေးကွပ်ကဲမှု ​ဌာနချုပ် ​(နစက) ​ကို ​ဖျက်သိမ်းလိုက်တာဟာ ​အုပ်ချုပ်ရေးပိုင်းတွေမှာ ​တခါတခါ ​သမ္မတနဲ့ ​ကာကွယ်ရေး ​ဦးစီးချုပ်တိုရဲ့ ​အာဏာ ​ထိပ်တိုင်တွေ့မှု ​တွေ ​ရှိနိုင်တဲ့ ​အတွက် ​ဖျက်သိမ်းလိုက်တာ ​ဖြစ်နိုင်တဲ့ ​အကြောင်း ​ရခိုင်ပြည်နယ် ​လွှတ်တော် ​အသိုင်းအ၀ိုင်း ​ကပြောလာတာပါ။

ရခိုင်ပြည်နယ်က ​လွှတ်တော်ကိုယ်စားလှယ် ​ဦးအောင်မြတ်ကျော်ကတော့ ​အခုလို ​နစက ​ကို ​ဖျက်လိုက်တာဟာ ​ရဲ၊လူဝန်မှု ​ကြီးကြပ်ရေးနဲ့ ​စစ်တပ် ​တို့ ​သုံးခု ​ပေါင်းထားတဲ့ ​ဒီ ​အဖွဲ့အပေါ်မှာ ​ကာကွယ်ဦးစီးချုပ်နဲ့ ​နိုင်ငံတော်သမတ ​တို့ ​အကြား ​ရှုတ်ထွေးတဲ့ ​အုပ်ချုပ်ပုံတွေ ​ဖြစ်နေတဲ့ ​အတွက် ​နစကကို ​ဖျက်လိုက်တဲ့ ​သဘောရှိတယ်လို့ ​သုံးသပ်ပါတယ်။

နစက ​မှာ ​အဓိက ​ပါဝါ ​အရှိဆုံးက ​စစ်တပ်ပဲ။ ​တပ်မတော် ​က ​အာဏာ ​ရှိတယ်ဆိုတော့ ​အုပ်ချုပ် ​ရေး ​ပိုင်းတွေမှာ ​တစ်ခါတစ်ခါ၊ ​သမ္မတရဲ့ ​ပါဝါ ​နဲ့ ​ကာချုပ် ​ရဲ့ ​ပါဝါက ​ထိပ်တိုင်ဖြစ်နေတယ်။ ​ကျနော် ​တို့ ​ဒီနေရမှာ ​အရေးအခင်းတွေ ​ဖြစ်တုန်း ​က ​လဲ ​ဒီလို ​ပဲ။

အခုလို ​နစက ​ဖျက်သိမ်းလိုက်တာကြေင့် ​ဒေသခံ ​တွေအနေနဲ့ ​နယ်စပ်ရေးရာ ​လုံခြုံရေးပိုင်တွေ ​မှာလဲ ​စိုးရိမ်မှု ​တွေ ​၇ှိနေပါတယ်။ ​ရခိုင်တိုင်းရင်းသားများ ​တိုးတက်ရေးပါတီ ​ရဲ့ ​မောင်တော ​မြို့နယ် ​ဥက္ကဌ ​ဦးဘရွှေက ​ဒေသခံတွေ ​အကြား ​စိုရိမ်မှု ​တွေ ​ရှိနေပုံနဲ့ ​ပတ်သက်ပြီး ​အခု ​လို ​ပြောပါတယ်။

စိုရိမ်ကြတာပေါ့ ​ဗျာ ​နယ်စပ် ​မှာ ​ရှိတဲ့ ​လူတွေ ​က ​တော့ ​စိုးရိမ်ကြတယ်။

နစက ​ကို ​ဖျက်သိမ်းလိုက်ပေမဲ့ ​လည်း ​နစက ​နေရာမှာ ​စစ်တပ် ​နဲ့ ​အစားထိုးမှာ ​ဖြစ်တဲ့ ​အတွက် ​ဒေသတွင်း ​လုံခြုံ ​ရေး ​တွေ ​တိုးတက်လာနိုင် ​တယ်လို့ ​လည်း ​ဦးအောင်မြတ် ​ကျော် ​က ​ပြောပါတယ်။

နစက ​ကို ​ဖျက် ​သိမ်းလိုက်တဲ့ ​သဘောမျိုး ​က ​သမ္မတ ​ရဲ့ ​အာဏာ ​ပိုပြီးတော့ ​ကောင်းအောင်လုပ်တဲ့ ​သဘော ​မျိုး ​လို ​ကျနော်သုံး ​သပ် ​တာပဲ

နစက ​ကို ​ဖျက် ​သိမ်းလိုက်တဲ့ ​တစ်ချိန်ထဲ ​မှာပဲ ​ဂျကာတာ ​ပို့စ် ​(Jakarta ​Post) ​သတင်းစာမှာ ​ရိုဟင်ဂျာ ​ခေါင်းဆောင် ​၂ ​ဦး ​အင်ဒိုနီးရှား ​နိုင်ငံကိုသွားရောက်ပြီး ​အစွန်းရောက် ​စစ်သွေးကြွ ​အဖွဲ့တွေ ​ဆီက ​စစ်ရေး ​အကူအညီ ​တောင်းခံခဲ့ကြောင်းနဲ့ ​ရိုဟင်ဂျာ ​၃၀၀ ​ခန့်ဟာလည်း ​ရခိုင်ပြည်နယ်တွင်း ​စစ်ရေးလေ့ကျင်နေကြတယ်ဆိုတဲ့ ​သတင်းဖော်ပြခဲ့တာကြောင့် ​ရခိုင်ပြည်နယ်က ​ဒေသခံတွေက ​စိုးရိမ်ကြတယ် ​ဆိုပြီး ​ပြောဆိုမှုတွေ ​လည်း ​ရှိနေတယ်လို့ ​ဆက်သွယ် ​မေးမြန်းထား ​တဲ့ ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​ဝေ ​စန္ဒာကျော် ​က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: