Friday, July 5, 2013

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို လွှတ်တော်အတည်ပြု

ABC

မြန်မာနိုင်ငံ ​ပြန်ကြားရေးဝန်ကြီးဌာနကရေးဆွဲတင်ပြထားတဲ့ ​ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်းဥပဒေကြမ်းကို ​ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ ​ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကစာနယ်ဇင်းအဖွဲ့အစည်းတွေ၊ ​သတင်းသမားတွေက ​သတင်းနဲ့စာနယ်ဇင်း ​လွတ်လပ်ခွင့် ​ကို ​ထိန်းချုပ်တဲ့အချက်အလက်တွေ ​ပါဝင်နေတယ်ဆိုပြီး ​ဒီဥပဒေကြမ်းကို ​ကန့်ကွက်ထားကြပေမယ့် ​ဇူလှိုင်လ ​၄ရက်နေ့က ​နေပြည်တော်မှာကျင်းပတဲ့ ​ပြည်သူ့လွှတ်တော် ​အစည်းအဝေးမှာ ​အတည်ပြု ​လိုက်တာ ​ဖြစ်ပါတယ်။ ​ဒီဥပဒေမူကြမ်းကို ​ဖေဖော်ဝါရီလ ​၂၇ရက်နေ့က ​အစိုးရသတင်းစာတွေမှာ ​ဖော်ပြခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေအားလုံး ​ကန့်ကွက်နေတဲ့ကြားက ​လွှတ်တော်မှာ ​အတည်ပြုခဲ့တာနဲ့ ​ပတ်သက်ပြီး ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​ဦးဖြိုးမင်းသိမ်းက ​အခုလို ​ပြော ​ပါတယ်။

“ဒီနေ့ကျနော်တို့ ​စာနယ်ဇင်းထုတ်ဝေမှုနဲ့ ​ပတ်သက်တဲ့ ​ဥပဒေတရပ် ​လွှတ်တော်မှာ ​အတည်ပြုပါတယ်၊ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​၀န်ကြီးဌာနနဲ့ ​အားကစားအနုပညာ ​ယဉ်ကျေးမှုနဲ့ ​ပြည်သူလူထုရေးရာ ​ကိစ္စရပ်တွေနဲ့ ​ပတ်သက်တဲ့ ​ရေးရာကော်မတီတွေရဲ့ကြားထဲမှာ ​ဆွေးနွေးပြီးတော့မှ ​ဒီဥပဒေကို ​အတည်ပြုတာပါ။”

အဆိုပါဥပဒေကြမ်းနဲ့ ​ပတ်သက်ပြီး ​၀န်ကြီးဌာနတွေနဲ့ ​ဥပဒေကြမ်းကော်မတီတို့ ​ပြင်ဆင်ဖြည့်စွက် ​ချက်တွေ ​ပြုလုပ်ပြီးမှ ​လွတ်တော်မှာအတည်ပြုခဲ့တာလို့ ​လည်း ​ဦးဖြိုးမင်းသိမ်းက ​ဆက်ပြောပါတယ်။

“ဖြည့်စွက်တဲ့အပိုင်းတွေမှာတော့ ​အဓိကက ​စာနယ်ဇင်းလွတ်လပ်ခွင့်တွေနဲ့ ​ပတ်သက်ပြီး ​ထိန်းချုပ် ​ထားတဲ့အပိုင်းတွေနဲ့ ​ပတ်သက်တဲ့ ​တော်တော်များများကို ​၀န်ကြီးဌာနနဲ့ ​အကြိမ်ကြိမ်ဆွေးနွေးပြီးမှ ​ဒီဥပဒေကို ​စိစစ်ကြတာပါ။”

အခုလွှတ်တော်ကအတည်ပြုလိုက်တဲ့ ​ဥပဒေကြမ်းထဲက ​ဖွဲ့စည်းပုံဥပဒေအရ ​ပြဌာန်းထားချက်တွေ ​ကို ​ဖောက်ဖျက်ပြီး ​ရေးသားမှုနဲ့ ​ပတ်သက်တဲ့ ​ပြဌာန်းချက်တွေကို ​ပယ်ဖျက်ခဲ့သလို၊ ​ထုတ်ဝေ ​စာနဲ့ပတ်သက်ပြီး ​ဥပဒေချိုးဖာက်မှုရှိတယ်လို့ယူဆရင် ​ရပ်ဆိုင်းခွင့်ရှိပြီး ​ထုတ်ဝေသူဘက်က ​သက်ဆိုင်ရာပြည်နယ်တိုင်း ​လွှတ်တော်မှာ ​တရာရုံးအဆုံးအဖြတ်ပေးဖို့ ​လျောက်ထား ​နိုင်တဲ့အကြောင်းနဲ့ ​တရားစွဲဆိုချင်တိုင်း ​စွဲဆိုလို့မရနိုင်အောင် ​စည်းကမ်းချက်တွေ ​သတ်မှတ်ပြီး ​ပြည်သူ့လွှတ်တော်က ​ပြင်ဆင်ပေးခဲ့တယ်လို့ ​ပြောပါတယ်။

ဥပဒေကြမ်းကို ​အမျိုးသားလွှတ်တော်မှာ ​ဆွေးနွေးနိုင်ဖို့ ​ဆက်လက်ပေးပို့ ​သွားမှာဖြစ်ပြီးတော့ ​အဲဒီကနေတဆင့် ​ပြည်ထောင်စုလွှတ်တော်က ​အတည်ပြုပြီးနောက် ​တရားဝင်ဥပဒေဖြစ်ပေါ် ​လာနိုင်ဖို့ ​အတွက် ​နိုင်ငံတော်သမ္မတရဲ့ ​အတည်ပြုချက် ​ရယူရမှာဖြစ် ​တယ်လို့ ​ဦးဖြိုးမင်းသိမ်းကပြောတဲ့ ​အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ခဲ့ပါတယ်။

No comments: