Monday, July 1, 2013

သံတွဲတွင် ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်

နေဇော် (သံတွဲ)

ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန်လိုက်ကြောင်းသတင်းရရှိသည်။ည ၇ နာရီ၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ညမထွက်ရအမိန့် ည ၆း၃၀မှ မနက် ၄ နာရီထိ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုသို့ အမိန့်ထုတ်ပြန်ရခြင်းမှာ ဇွန်လ ၂၉ ၊ ၃၀ ရက်နေ့က တောင်ကုတ်မြို့မှ ဗုဒ္ဓဘာသာ ရခိုင်မိန်းကလေးတစ်ဦးအား သံတွဲမြို့မှ မူဆလင်ဘာသာဝင် ၂ ဦးက အလိုမတူ သားမယားပြုကျင့်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူငယ်များ မခံမရပ်နိုင်ဖြစ်ကာ ရဲစခန်းရှေ့သို့ လူ ၂၀၀ ခန့် စုဝေးရောက်ရှိလာခြင်းကြောင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

သားမယားပြုကျင့်ခံရသူမှာ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်၊ ၅ လမ်း၊ ဘ-ဦးသန်းကြည်၊ မိ-ဒေါ်ထွေးထွေးရီ သမီး စုစုမွန် ( အသက် ၁၈နှစ်) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သံတွဲမြို့ လူမှုကွန်ယက် အဖွဲ့တစ်ဦးမှ " အဲဒီမိန်းကလေးကိစ္စနဲ့ ပတ်သက်ပြီး ကနော်သိရသလောက်ကတော့ ဇွန် ၂၉ ရက်နေ့ ညနေ ၆ နာရီ လောက်က ကလေးမလေးက ဂွမြို့နယ်၊ ဆပ်သွားရွာ အဒေါ်အိမ်က တောင်ကုတ်လာမယ်လို့ထွက်လာတယ်၊ ကားမမှီလိုက်တဲ့အတွက် မူဆလင်အငှား ဆိုင်ကယ်တစီးနှင့် သံတွဲကိုလာခဲ့တယ်၊ အဲဒီကလေးမက မူဆလင်မှန်းလည်း မသိဘူးလို့သိရတယ်။ သံတွဲမှာ တည်းစရာမရှိတဲ့အတွက် စပ္ပာယ်လမ်း ဆိုင်ကယ်သမားအိမ်ကို လိုက်သွားခဲ့တယ် လို့သိရတယ်၊ ည ၈ နာရီလောက်မှာ အံတော်တောင်ခေါ်ယူပြီး သားမယားအဖြစ် ပြုကျင့်တယ်လို့သိရတယ်၊ ညပိုင်း အံတော်ကွက်သစ်မှာ မူဆလင်အမျိုးသမီးတစ်နှင့် အိပ်ခဲ့တယ်၊ နောက်နေ့ မနက်၈နာရီမှာ ရွာနားဇရပ်ခေါ်ပြီး ဒုတိယတစ်ကြိမ် ကျင့်ခဲ့တယ်၊ နေ့လည်ပိုင်းမှာ တောင်ကုတ်ဘက် ခေါ်သွားမယ်ဆိုပြီး တောင်ပေါ်မှာ နောက်ထပ်တစ်ဦးနဲ့ နှစ်ယောက် ထပ်မံကျင့်ခဲ့ကြတယ်လို့ ကျနော်သိရပါတယ် " ဟု သူကပြောပြသည်။

အဆိုပါ အမျိုးသမီးငယ်အား ညနေ ၃ နာရီတွင် ရခိုင်လူမှုကွန်ယက်မှ တွေ့ရှိခဲ့ပြီး ရဲစခန်းခေါ်ယူလာကာ အမှုဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။ ညနေ ၆ နာရီခန့်တွင် သံတွဲအံတော်ကွက်သစ်မှ အိမ် ၄ လုံး ဖျက်ဆီခံရကြောင်း သိရသည်။


လက်ရှိအခြေအနေတွင် စစ်တပ်မှာ လုံခြုံရေးများ ချထားလျှက်ရှိပြီး အဆိုပါဖြစ်စဉ်အား ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် သံတွဲခရိုင်မှ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းဖြစ်သည့်အချိန်ကလည်း ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

No comments: