ABC
မြန်မာနိုင်ငံမှာ ရဟန်းသံဃာ ၁၅၀၀ ကျော်လောက် ပါဝင်တဲ့ ဆန္ဒ ပြပွဲတခုကို မြို့နယ်အာဏာပိုင် ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ ပြုလုပ်ခဲ့ကြ ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်းဆောင်းပါး ကို ကန့်ကွက်တယ်ဆိုပြီးတော့ မနေ့တုန်းက ဗုဒဘာသာ သံဃာတော် ၁၅၀၀ လောက်ဟာ ကျောက်တံတား ရဲစခန်းရဲ့ ခွင့်ပြုမိန့်နဲ့ မြို့တော်ခန်းမ ရှေ့မှာ စုရုန်း ဆန္ဒ ထုတ်ဖော် ခဲ့ကြတာပါ။
ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသော မျက်နှာစာဆိုပြီး ဇူလိုင် လ ၁ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းကြီးကို မြန်မာနိုင်ငံ အတွင်းက ထေရ၀ါဒ ကွန်ယက်က ကန့်ကွက် လိုက်သလို တစ်ချိန်ထဲမှာပဲ မဂ္ဂဇင်း ကို ပြည်တွင်းမှာ ဖြန့်ချိခွင့် ပိတ်လိုက်တဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကို ထောက်ခံ ဆန္ဒ ပြခဲ့တာ ဖြစ်တယ်လို့လည်း ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော်ကြီး ဦးပါမေက္ခက မိန့်ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ရခိုင် အမျိုးသား အမျိုးသမီးတွေလည်းပါတယ်။ ဟိတဒတအဖွဲ့တွေပါတယ်။ ထေရဝါဒ ဓမ္မကွန်ယက်က အဖွဲ့တွေပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကျောင်းတိုင်းအသီးသီးမှာရှိတဲ့ ဆရာတော် သံဃာတွေလည်းပါတယ်။ အဖွဲ့အစည်းထဲမှာ မဟုတ်တဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ဒယာကာ၊ ဒယာကာမတွေလည်းပါတယ်။
ဇွန်လ ၃၀ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒ ဖော်ထုတ်ပွဲဟာ ခွင့်ပြုမိန့်နဲ့ ဆန္ဒဖော် ထုတ်ခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီကနေ ဒီတိုင်းမ် မဂ္ဂဇင်း ပါ ဆောင်းပါး ကို ပြည် တွင်းမှဖြန့် ဝေ တာ ဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ခဲ့တာပါ။
ဒီ တိုင်းမ် မဂ္ဂဇင်းဟာ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ဆရာတော် ဦးဝိရသူ တစ်ပါးထဲကို စွပ်စွဲတာ တင် မကပဲ မြန်မာနိုင်ငံအတွင်းက ရဟန်း အများစုကိုပါ ထိပါး ထားတာကြောင့် နောက်ပိုင်းမှာ တရားစွဲဆိုဖို့အထိ ပြင်ဆင်ထား တယ်လို့လည်း ဦးပါမေက္ခက မိန့်ပါတယ်။
ဘုန်းကြီးတို့အပေါ်မှာ တောင်းပန်ဖို့ မရှိဘူး။ ရှိလို့ရှိရင်တော့ ဦးဝီရသူတို့နဲ့ အခြားအခြားသော အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။
ဒီလ ၂၇ ရက်နေ့ တုန်းက ကျင်းပခဲ့တဲ့ သံဃာ့ည်ီလာခံကနေ Time မဂ္ဂဇင်းကို တညီတညွတ်ထဲ ကန့်ကွက်ကြောင်း ကြေညာခဲ့ကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မဝေစန္ဓာက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment