Monday, July 1, 2013

မွတ်စလင်နှိမ်နင်းရေးပြစ်မှုကျူးလွန်သူကို အရေးယူဖို့ မလေးက မြန်မာကိုပြော

ABC

မြန်မာနိုင်ငံမှာ ​အစ္စလာမ်ဘဘာသာဝင်များ ​နှိမ်နင်းရေးကို ​တားဆီးဖို့ ​ပိုမို ​ပြင်းထန်းတဲ့ ​ဆောင်ရွက်ချက်တွေ ​လုပ်ဆောင်ဖို့နဲ့ ​ပြစ်မှုကျူးလွန်ခဲ့သူတွေကို ​တရားစီရင်ဖို့ ​မလေးရှား ​နိုင်ငံက ​မြန်မာ ​နိုင်ငံကို ​တောင်းဆို ​ခဲ့ပါတယ်။

Brunei ​နိုင်ငံမှာကျင်းပ ​နေတဲ့ ​ASEAN ​အရှေ့တောင်အာရှ ​နိုင်ငံများ ​အသင်း ​ရဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​တွေ ​အစည်း ​အဝေးမှာ ​မလေးရှားနိုင်ငံက ​မြန်မာ ​နိုင်ငံကို ​ဒီ ​အရေး ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ထင်သာမြင်သာ ​ရှိအောင် ​လုပ်ကိုင်ဆောင်ရွက်ဖို့ ​တောင်းဆို ​ခဲ့တာ ​ဖြစ်ပါတယ်။

မလေးရှား ​နိုင်ငံခြားရေး ​ဝန်ကြီး ​Anifah ​Aman ​က ​မြန်မာအစိုးရ ​အနေနဲ့ ​ဒီပြဿနာကို ​ဖြေရှင်းရမယ် ​- ​အင်မတန်မှ ​ရှုပ်ထွေးတဲ့ ​ပြဿနာဖြစ်တယ် ​ဆိုတာကိုလဲ ​နားလည်တဲ့အကြောင်း ​ထင်သာမြင်သာနဲ့ ​ရာဇဝတ်မှု ​ကျူးလွန်သူတွေကို ​တရား ​စီရင်ဖို့လိုအပ်တယ်လို့ ​သတင်းထောက်တွေကို ​ပြောသွားပါတယ်။

မြန်မာ ​အစိုးရ ​အနေနဲ့ ​ဒီကိစ္စကို ​အရေးတယူ ​ဆောင်ရွက်နေတာကိုလဲ ​ကျေနပ်တယ်လို့ ​ပြောသွားပါတယ်။

ဒါပေမဲ့ ​Organisation ​of ​the ​Islamic ​Conference ​(OIC) ​အဖွဲ့ ​အနေနဲ့ ​မြန်မာ ​အစိုး ​ရ ​လုပ်ဆောင်သင့်တာတွေ ​လုံလောက်အောင် ​မဆောင်ရွက်တဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေတယ် ​လို့လဲ ​ပြောသွားပါတယ်။

မလေးရှား ​နိုင်ငံခြားရေးဝန်ကြီး ​က ​OIC ​အစ္စလံဘာသာဝင်များ ​အသင်းကို ​မြန်မာ ​နိုင်ငံ ​ဝင်ရောက်ဖို့ ​အပြည့်အဝ ​ကူညီ ​ပူးပေါင်းဆောင် ​ရွက်ပေးဖို့ ​တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ပွါးခဲ့ ​တဲ့ ​ပဋိပက္ခတွေကြောင့် ​ထောင်နဲ့ချီတဲ့ ​ရိုဟင်ဂျာမွတ်စလင်တွေဟာ ​လှေတွေနဲ့ ​ရော ​ကုန်းလမ်း ​ကနေ ​တဆင့်ပါ ​အစ္စလာမ် ​ဘာသာ ​ကြီးစိုးတဲ့ ​မလေးရှား ​နိုင်ငံကို ​ထွက်ပြေး ​ခိုလှုံ ​ခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ ​စာရင်းကောက်တမ်းအရ ​မလေးရှား ​နိုင်ငံမှာ ​ရိုင်ဂျာ ​လူမျိုး ​၂၈၀၀၀ ​လောက် ​ရှိတယ်လို့ ​ဆိုပါတယ်။

မကြာသေးခင်က ​မလေးရှားနဲ့ ​အင်ဒိုနီးရှား ​နိုင်ငံမှာ ​မြန်မာ ​ဗုဒ္ဓဘာသာတွေနဲ့ ​ရိုဟင်ဂျာတွေ ​ကြား ​ပဋိပက္ခတွေ ​ဖြစ်ခဲ့တဲ့အတွက် ​မြန်မာ ​ပြည်တွင်းပြဿနာဟာ ​ဒေ ​သတွင်းကို ​ပြန့် ​လာပြီး၊ ​မြန်မာနဲ့ ​အိမ်နီးချင်း ​နိုင်ငံများ ​ကြားတင်းမာမှု ​လက္ခဏာတွေ ​စဖြစ်လာ ​နေ ​ပြီလို့ဆိုပါတယ်။

No comments: