Monday, July 1, 2013

ငြိမ်းချမ်းရေးခရီးစဉ်နှင့်ပတ်သက်သည့် ကြေငြာချက်တစောင် RCSS ထုတ်ပြန်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက သမ္မတကြီးဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး အတွက်ဆွေး နွေးခဲ့ သည့် ခရီးစဉ် များကို ပြန်လည်ရှင်းလင်းထားသည့် ကြေငြာချက်တစောင်ထုတ်ပြန်ရာသတင်း စာရှင်းလင်းပွဲတရပ်ကို ယနေ့ကျင်းပခဲ့ပါသည်။

ဂျွန်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ သျှမ်းမြောက်ကျောက်မဲ၊ သျှမ်း တောင် မြို့တော် တောင်ကြီးနှင့်ပင်လုံ၊ သျှမ်းအရှေ့ တာချီလိတ်သို့ ရောက်ရှိခဲ့သည့် ခရီးစဉ်နှင့်ပတ်သက် သည့် ကြေငြာ ချက်အပေါ် သတင်းစာရှင်းလင်းပွဲတရပ်ကို ထိုင်းမြန်မာနယ်စပ်တွင် ယနေ့ ဂျွန်လ ၂၉ ရက်က ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်များတက်ရောက်နား ထောင် ခဲ့ကြပါသည်။

သျှမ်း-ဗမာ-အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောကြေငြာချက်မှာ တဘာသာလျင် ၆ မျက်နှာစီပါရှိသည်။

ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSS နှင့်အဖွဲ့သည် ဂျွန်လ ၉ ရက်နေ့က ခရီးစတင်ထွက်ခွါရာ ၁၀ ရက်နေ့တွင် သမ္မတကြီးဦးသိန်းစိန်နှင့် ၀န်ကြီးများအား လည်းကောင်း၊ ၁၂ ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ သျှမ်းတိုင်းရင်းသား ခေါင်းဆောင် များနှင့်လည်းကောင်း၊ ၁၃ ရက်နေ့ ရန်ကုန်မြို့ရှိ UNODC နှင့် နိုင်ငံခြားသံသမန်များနှင့်လည်းကောင်း၊ ၁၄ ရက်နေ့ တော်ဝင်နှင်းဆီခန်းမတွင် တိုင်းရင်းသားပါတီ ၁၂ ပါတီနှင့်လည်းကောင်း၊ ၁၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်အား လည်းကောင်း၊ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ဒေသခံလူထု၊ ၁၈ ရက်နေ့ မန္တလေးမြို့ရှိ သျှမ်းများအား သာရေးနာရေးအသင်း ခန်းမဆောင်တွင်လည်း ကောင်း၊ ၁၉ ရက်နေ့ တောင်ကြီးမြို့ရှိ ကျားဖြူပါတီနှင့် လည်းကောင်း၊ ၂၀ ရက်နေ့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် လည်း ကောင်းတွေ့ဆုံခဲ့ကြသည်ဟုဆိုသည်။

၂၁ ရက်နေ့ တောင်ကြီး ပိဋကတ်သျှမ်းကျောင်းသံဃာတော်များအားဆွမ်းကပ်ပြီး ၂၂ ရက်နေ့ ပင်လုံမြို့ ပိဋကတ် ကျောင်းတိုက်ဆရာတော်အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုနောက်ပိုင်းပင်လုံမြို့ ဒေသခံ များနှင့်တွေ့ဆုံကာ တောင်ကြီးမြို့သို့နေ့ချင်းပြန် သွားခဲ့ကြောင်းဆိုပါသည်။ ၂၃ ရက်နေ့ ညောင်ရွှေစော် ဘွား စဝ်ရွှေသိုက်၏ သမိုင်းဝင် ဟော်နန်း နှင့်အုတ်ဂူ အားသွားရောက်ကြည့်ရှုကာ ဟဲဟိုးလေဆိပ်မှ တ ဆင့် တာချီလိတ်မြို့သို့ ပြန်ထွက်ခွါလာခဲ့သည်။

သမ္မတကြီးနှင့်တွေ့ဆုံစဉ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန် သည့် ဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ တိုက်ပွဲများရပ်တန့်ရေး၊ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ အမြန်ဖွဲ့ စည်းရေး၊ အစိုးရမှချပေးသော မြေဧက ၅၀၀၀ တွင်လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရေး၊ မူးယစ်ဆေးတိုက်ဖျက်ရေး အစရှိအချက်များဆွေး နွေးခဲ့သည်ဟု ဆိုပါသည်။

အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ RCSS က သမ္မတကြီးသည် စိတ်အေး၍ သဘောထားကြီးမားသူ တဦးဖြစ် ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်မည်ကိုစိုးပူပန်နေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွါး သွားမည် ကိုစိုးရိမ်နေကြောင်း၊ သို့သော် တပ်မတော်အပေါ် ထိန်းချုပ်ကွပ်ကဲနိုင်သည့်အာဏာ အလေးအနက်မရှိကြောင်း သုံးသပ်ထားပါသည်။ ထို့အပြင်ခေါင်းဆောင် ပိုင်းများအတွင်း ပြောင်းလဲလိုသူများရှိသကဲ့သို့မပြောင်းလဲလိုသူများလည်း ရှိနေသည်ကိုတွေ့ရကြောင်းဆိုပါသည်။

တပ်မတော်ပိုင်းတွင်မူ အင်အားသုံးကာပြသနာများကိုဖြေရှင်းလိုဆဲရှိသည်ကိုတွေ့ရသည်ဟု ဖော်ပြထား သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့တွင် သမ္မတဖြစ်ရန် ဆန္ဒရှိ နေကြ သည်ဟုဆိုပါသည်။

လူထုနှင့်တွေ့ဆုံရာတွင်မူ - ဘာကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေရသနည်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမည်သည့်အချိန်တွင်လက်တွေ့အကောင်အထည်ဖော်နိုင်မည်နည်း၊ မည်သည့်အချိန်တွင်များ အာဏာပိုင်များ ဖမ်းဆီးမှုမှလွတ်ကင်းနိုင်မည်နည်း အစရှိသဖြင့် မေးမြန်းခဲ့ကြကြောင်း၊ လူထု၏သဘောထားမှာ တိုင်းပြည်ငြိမ်းချမ်း သာယာမှုကို လိုလားကြောင်း ကြေငြာချက်တွင်ပါရှိပါသည်။ ဤခရီးစဉ်မှ သျှမ်းပြည် လူထု ၄၀၀၀ ခန့်နှင့်တွေ့ဆုံဆွေး နွေးခဲ့ရကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အလုပ်အမှုဆောင်ကော်မတီမှ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲ ဖြင့် ကြေငြာချက် ထုတ်ပြန်ထားပါသည်။

No comments: