Friday, July 19, 2013

ယာဉ်တိုက်မူကြောင့် ကျောက်ဖြူမြို့နယ် သပိတ်ကော်မီတီ ဥက္ကဌ၏ ဇနီး ဘင်္ဂလာဒေခ်ျ့တွင် သေဆုံး

မောင်အေး

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇားခရိုင်တွင် နေထိုင်သော ကျောက်ဖြူမြို့နယ် သပိတ်ကော် မီတီဥက္ကဌ ဦးလှသိန်း၏ ဇနီးဖြစ်သူ ဒေါ် ခင်သန်းဝင်း (ခ) ဒေါ်မမ မှာ မတော်တဆ ကားတိုက်ခံရပြီး ဇူလိုင်လ ၁၇ ရက် နေ့လည်ပိုင်းက ကွယ်လွန် သွားကြောင်း သတင်း ရရှိသည်။

ဒေါ် ခင်သန်းဝင်းမှာ သူမနေထိုင်ရာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ်ခရိုင် အာဂျီနော်ကော် ရခိုင်ကျေးရွာမှ ဒူလာဇရပ် ခရစ်ယာန် ဆေးရုံတွင် တက်ရောက် ကုသခဲ့သူ လူနာတစ်ဦးကို ထုတ်ယူပြီး ရွာသို့ အလာတွင် ကော့စ်ဘဇား- စစ်တကောင်း ကားလမ်းပေါ်တွင် နေ့လည် ၂ နာရီ ခန့်တွင် ကားတိုက်မူ ဖြစ်ရာမှ သေဆုံးသွားခြင်း ဖြစ်သည်။

“ ဒူလာဇာရပ် ခရစ်ယာန် ဆေးရုံးမှာ ဆေးကုနေတဲ့ ရွာက လူနာတစ်ဦးကို ထုတ်လို့ တက္ကစီ တစ်စီးနဲ့ ယူအလာမှာ နောက်ကပါလာတဲ မိုက်ခရိုကားက ၀င်တိုက်သွားတာဖြစ်တယ်။ ဖြစ်ဖြစ်ချင်း သူ့ကို စော်ကရီယာ မြှို့နယ် ဆေးရုံးကို ပို့တယ်။ ဒဏ်ရာက ပြင်းထန်တဲ့ အတွက် အဲဒီ ဆေးရုံ တစ် ဆင့် ဒူလာဇာရပ် ဆေးရုံးကို ကားနဲ့ အယူမှာ လမ်းမှာသေဆုံးသွားတာဖြစ်တယ်” ဟု သူမ၏ မိသားစုနှင့် ရင်းနှီးသူ ဦးပေါ်လင်းက ပြောသည်။

ဒေါ် ခင်သန်းဝင်းနှင့်အတူပါလာသည့် အမျိုးသမီး ၃ ဦးမှာလည်း အနည်းငယ် ထိခိုက်ခဲ့ပြီး တက္ကဆီ ဒရိုင်ဘာမှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယခုအခါ နောက်မှ ၀င်တိုက်သည့် မိုက်ခရိုကားကိုဖမ်းဆီးမိပြီး ရဲလက်ကို အပ်လိုက်ပြီ ဖြစ်သည်။

ဒေါ်ခင်သန်းဝင်း အသုဘကို မနက်ဖြန်တွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ပြုလုပ်မည် ဖြစ်ကြောင်း ဦးပေါ်လင်းကပြောသည်။

ဒေါ်ခင်သန်းဝင်းမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘင်္ဂလာ အ၀ကျွန်း ကြိမ်ခွတ်ချောင်းရွာ ဇာတိဖြစ်ပြီး သေဆုံး ချိန်တွင် အသက် ၄၅ နှစ်ရှိပြီ ဖြစ်သည်။ သူ့တွင် ယောင်္ကျားဖြစ်သူ ဆရာလှသိန်းနှင့် ၁၆ နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့သည်။

ဆရာ ဦးလှသိန်းသည် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ကျောက်ဖြူမြို့နယ် သပိတ်ကော်မီတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။ ဆရာလှ သိန်းသည် ဒေါ် ခင်သန်းဝင်းနှင့် ၁၉၉၃ ခုနှစ်တွင် လက်ထပ် ခဲ့ခြင်းပြီး သားတစ်ဦး ထွန်းကားခဲ့သည်။

ဆရာ ဦးလှသိန်း၏ ဇနီး ဒေါ် ခင်သန်းဝင်း ကွယ်လွန်သွားသည့်အတွက် မိသားစုဝင်များနှင့်အတူ နိရဉ္စရာမှ ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

No comments: