Friday, July 19, 2013

မြန်မာကို တရားဝင် ကုန်သွယ်ခွင့် ပြုကြောင်း အီးယူကြေညာ

ABC

မြန်မာနိုင်ငံက ​နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ​ပိုမိုတိုးတက်လုပ်ဆောင်နိုင်ဖို့အပါအ၀င် ​အလုပ်သမားနဲ့ ​လူမှုရေး ​စနစ်တွေပါ ​တိုးတက်လုပ်ဆောင်နိုင်ဖို့အတွက် ​ဥရောပ ​သမဂ္ဂက ​မြန်မာနိုင်ငံနဲ့ ​ကူးသန်းရောင်းဝယ်မှုကို ​အထူးအခွင့်အရေးတရပ်အနေနဲ့ ​တရားဝင်လုပ်ဆောင်တော့မယ်လို့ ​ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံရေး ​တည်ငြိမ်မှုကို ​အထောက်အကူ ​ပြုနိုင်ဖို့အတွက် ​ကူးသန်းရောင်းဝယ်ရေးဟာ ​အဓိကကျတဲ့ ​အခန်းကဏ္ဍ ​တခုဖြစ်ကြောင်း၊ ​ဥရောပ ​သမဂ္ဂ ​အနေနဲ့ ​မြန်မာနိုင်ငံကို ​ကူးသန်းရောင်းဝယ်ရေးမှာ ​ဦးစားပေးတယ် ​ဆိုတာဟာ ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲမှု ​လုပ်လာတဲ့ ​မြန်မာနိုင်ငံအတွက် ​ကမ္ဘာ့အကြီးမားဆုံး ​ဈေးကွက်တွေမှာ ​၀င်ဆံ့နိုင်ဖို့အတွက် ​ဖြစ်တယ်လို့ ​ဥရောပသမဂ္ဂ ​ကုန်သွယ်ရေး ​ကိုယ်စားလှယ် ​Karel ​De ​Gucht ​ကပြောလိုက်ပါတယ်။

အခုရရှိတဲ့ ​အခွင့်ရေးသစ်ကို ​အသုံးချပြီးတော့ ​အရင်တုန်းက ​အပယ်ခံရတဲ့ ​မြန်မာနိုင်ငံအနေနဲ့ ​ပြည်သူပိုင်နဲ့ ​ပုဂ္ဂလိကပိုင် ​လုပ်ငန်း ​နှစ်ဖက်စလုံးတွေမှာ ​စွမ်းရည်မြှင့်တင် ​နိုင်ဖို့အတွက် ​ဥရောပသမဂ္ဂ ​အနေနဲ့ ​ကူညီသွားမယ် ​လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံဟာ ​ဥရောပသမဂ္ဂရဲ့ ​အထူးအစီအစဉ်ထဲက ​အသင်းဝင် ​နိုင်ငံတနိုင်ငံအနေနဲ့ ​ဥရောပ ​ဈေးကွက်တွေ ​မှာလွတ်လပ်စွာ ​ကူးသန်းရောင်းဝယ်ခွင့်ရှိပေမယ့် ​စစ်လက်နက်ပစ္စည်းတွေကိုတော့ ​ပိတ်ပင်ထားဆဲဖြစ်ပါတယ်။


မြန်မာနိုင်ငံ ​စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ​ဆက်စပ်သတင်း

ကမ္ဘာ့ ​စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ​အဖွဲ့အစည်းက ​၂၀၁၇ ​ခုနှစ် ​မြန်မာနိုင်ငံက ​လူထုတွေ ​အသက်မကြီးလာခင်မှာ ​စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ​ဖြစ်ပေါ်လာအောင် ​အစောတလျင်ဆောင်ရွက်ဖို့ ​လိုတယ်လို့ပြောလိုက်ပါတယ်။

လက်ရှိ ​စီးပွားရေးဖွံ့ဖြိုးမှု ​တည်ဆောက် ​ဖွဲ့စည်းထားပုံနဲ့ ​ဆက်သွားမယ်ဆိုရင် ​၂၀၁၅ခုနှစ်မှာ ​မြန်မာ ​နိုင်ငံရဲ့ ​စီးပွားရေး ​အခြေအနေ ​တိုးတက်မှုဟာ ​မြန်မာ ​နိုင်ငံက ​ခန့်မှန်းနေတဲ့ ​၇.၇ ​% ​မဟုတ်ဘဲ ​၆.၃% ​သာ ​ရှိမှာ ​ဖြစ်တယ်လို့ ​OECD ​ရဲ့အစီရင်ခံစာမှာဖေါ်ပြထား ​ပါတယ်။

ဆက်လက်ပြီးတော့လဲ ​မြန်မာနိုင်ငံရဲ့ ​တိုးတက်လာနေတဲ့ ​အရှိန်အဟုန်ကို ​အခု ​အချိန်မှာ ​အခွင့်ကောင်းယူပြီး ​ဆောင်ရွက်သင့်တဲ့အကြောင်း၊ ​၂၀၁၇ခုနှစ်မှာ ​မြန်မာ ​နိုင်ငံမှာ ​သက်ကြီး ​ရွယ်အိုတွေ ​တိုးများ ​လာမှာ ​ဖြစ်တဲ့အတွက် ​ပြည်သူလူထုတွေရဲ့ ​ဝင်ငွေနဲ့ ​လူနေမှု ​အဆင့်အတန်းကို ​တိုးတက်အောင် ​လုပ်ဆောင်ပေး ​ဖို့လို ​တယ်လို့ ​ရေးသားထားပါတယ်။

No comments: