Thursday, July 4, 2013

ငြိမ်းချမ်းရေးဆွေးနွေးမှုကြားက ဒုက္ခသည်ဦးရေ ပိုများလာ

ABC

မြန်မာနိုင်ငံမှာ ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှုတွေ ​ဖြစ်နေတာကြောင့် ​စစ်ပြေးဒုက္ခသည်တွေ ​လျော့ကျလာပြီလို့ ​ယူဆရပေမယ့် ​ကချင်ဒုက္ခသည် ​စခန်းတွေမှာ ​ဒုက္ထသည်ဦးရေတွေ ​တနေ့တခြား ​ပိုများလာတယ်လို့ ​ကချင်ဒုက္ခသည်တွေကို ​ကူညီပေးနေသူတွေက ​ပြောပါတယ်။

နှစ်နှစ်နီးပါး ​ကြာအောင်တိုက်ပွဲတွေ ​ဖြစ်ခဲ့တဲ့ ​ကချင်ပြည်နယ် ​အတွင်းမှာ ​တစ်နေ့တစ်ခြား ​ဆိုသလို ​ဒုက္ခသည် ​ဦးရေဟာ ​တိုးလာနေပြီး ​ဒီလိုဖြစ်ရတာဟာ ​ရှမ်းပြည်နယ်မြောက်ပိုင်းက ​တိုက်ပွဲ ​တွေကြောင့် ​ဖြစ်တယ်လို့ ​ကချင်အရေး ​ကူညီ ​နေတဲ့ ​ကချင်ငြိမ်းချမ်းရေးကွန်ယက် ​က ​ဒေါ်ခွန်ဂျာ ​က ​ပြောပါတယ်။ 

ကျွန်မ ​မိုင်ဂျာရန်ကနေ ​မနေ့က ​ပြန်လာတာပေါ့နော်။ ​အခု ​ကချင် ​ဒေသမှာ ​ဒုက္ခသည် ​စခန်း ​တွေမှာ ​လူ ​ဦးရေ ​တွေ ​တိုး ​လာတာတွေ့ ​ရတယ်။ ​ဘာဖြစ်လို့ ​တိုးလာ ​လဲ ​ဆိုတော့ ​ဒီဘက်က ​ရှမ်းပြည်နယ်ရဲ့ ​မြောက်ပိုင်း ​အခု ​ဆို ​မူဆယ် ​မြို့နယ်ရဲ့ ​ဒေ ​သတွေမှာ ​တိုက်ပွဲ ​တွေ ​က ​ကြို့ ​ကြား ​ကြို့ ​ကြား ​ဖြစ်နေတယ်။ ​ပြီး ​တော့ ​ကေ ​အိုင်အေ ​ရဲ့ ​တပ် ​မဟာ ​လေးနေရာ ​မှာလည်း ​ခွင့်မတောင်းပဲနဲ့ ​ကျွံနေတာ ​တွေလည်းရှိတယ်။ 

ရှမ်းပြည်နယ် ​မြောက်ပိုင်းက ​မှာ ​SSA ​မြောက်ပိုင်း၊ ​တကောင်း ​လက်နက်ကိုင်တပ်ဖွဲ့တွေ ​အပါအ၀င် ​ကေအိုင်အေ ​တပ်မဟာတွေနဲ့ ​စစ်တပ် ​အကြား ​တိုက်ပွဲ ​တွေ ​၇ှိနေသေးတဲ့ ​အတွက် ​ပြည်သူတွေဟာ ​တိုက်ပွဲ ​နဲ့ ​လွတ်ရာကို ​ရှောင်ရှား ​လာရာကနေ ​ဒုက္ခ ​သည် ​တိုး ​လာတာလို့လည်း ​သူက ​ပြောပါတယ်။

အခုလို ​စစ်ဘေးရှောင် ​စခန်းတွေမှာ ​ဒုက္ခ ​အရေအတွက်တိုးလာတာဟာ ​ငြိမ်းချမ်းရေးနဲ့ ​ပတ်သက်ပြီး ​တိုးတက်လာပြီ ​လို့ ​မပြောနိုင်တဲ့ ​အကြောင်း ​ဒေါ်ခွန်ဂျာ် ​က ​ပြောပါတယ်။ 

SSA ​မြောက်ပိုင်းနဲ့ ​ဆိုရင် ​အပစ်အခတ်ရပ်စဲ ​လိုက်တာ ​၂၀၁၁ ​ခုနှစ် ​ဒီဇင်ဘာလ ​ကတည်းက။ ​အခု ​ပြန်ပြန် ​တိုက်နေတယ်။ ​တအောင်းပလောင် ​ဆိုတာ ​လူ ​ဦးရေ ​တစ်ထောင် ​လောက်ပဲရှိတာ။ ​သူတို့နေ၇ာ ​မှာလည်း ​သွားသွား ​တိုက်နေတယ်။ ​ကေအိုင်အေ ​တပ်မဟာ ​လေး ​ကပို ​လည်း ​သွားသွားတိုက်နေတယ်။ ​ဒါကြောင့် ​ပြည်သူတွေ ​ထွက်ပြေးလာ ​ရတာ။

ပြည်သူ့လွှတ်တော် ​ဥက္ကဌ ​ကလည်း ​ပြည်တွင်းငြိမ်းချမ်းရေးမှာ ​လွှတ်တော် ​က ​ပါ ​ပါဝင်ဆောင်၇ွက်ဖို့ ​လိုနေပြီဆိုပြီးတော့ ​လည်း ​သူက ​နိုင်ငံတော်ကာကွယ်ရေနဲ့ ​လုံခြုံရေးကောင်စီ ​မှာလည်း ​အတိအလင်းပြောလာခဲ့ပါတယ်။ ​နိုင်ငံတော် ​သမ္မတ ​ဦးသိန်းစိန်ကတော့ ​မကြာခင်မှာ ​တိုင်းရင်းသား ​အားလုံးပါဝင်တဲ့အပစ်ရပ်ဆဲရေး ​လက်မှတ်ထိုးပွဲ ​ကြီး ​တစ်ရပ်ကို ​ကေအိုင်အို ​နဲ့ ​အပစ်ရပ်ပြီး ​ရင်လက်မှတ် ​ထိုး ​နိုင်မယ်ဆိုပြီးတော့ ​လည်း ​ယုံကြည်ထားတာပါ။

ငြိမ်းချမ်းရေး ​ကိစ္စမှာ ​အစိုးရတစ်ခုထဲသာ ​ဆောင်ရွက်တာမဟုတ်ပဲ ​လွှတ်တော်ကလည်း ​ငြိမ်းချမ်းရေး ​ဖြစ်စဉ်မှာ ​ဝင်ရောက်ဆောင်ရွက်ဖို့ ​စီစဉ်နေတယ်လို့ ​ပြောဆိုနေကြတဲ့အတွက် ​စောင့်ကြည့်ရမယ်လို့ ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချုပ် ​(SNLD) ​ရဲ့ ​အထွေထွေ ​အတွင်းရေးမှူး ​ဦးစိုင်းညွှန်လွင်က ​ပြောပါတယ်။

ဒါပေမဲ့ ​နောက်ပိုင်းမှာ ​အခြေအနေက ​နဲနဲပြောင်းနေတယ်။ ​အခု ​ဆွေးနွေးပွဲ ​တွေမှာ ​လွတ်တော်ကပါမယ်ပြောနေတယ်။ ​အဲဒါသိပ်မ၇ှင်းဘူး။

ကချင်လွှတ်မြေက်ရေး ​တပ်မတော်နဲ့ ​အစိုးရ ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​ကော်မတီ ​တို့ ​အကြား ​မှာ ​တိကျတဲ့ ​အပစ်အခတ် ​ရပ်ဆဲရေးတွေ ​မရ ​သေးသလို ​ကချင်ပြည်နယ် ​အတွင်းမှာလည်း ​မကြာခဏဆို ​သလို ​တိုက်ပွဲ ​တွေ ​လည်း ​ပြန်ပြန်ဖြစ်နေတာပါ။ ​ပြီး ​ခဲ့တဲ့ရက်ပိုင်းတွေ ​အတွင်းတုန်းကလည်း ​တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ​ဖြစ်တဲ့ ​ရှမ်းမြောက်က ​SSPP၊SSA ​တို့ ​နဲ့ ​တိုက်ပွဲ ​တွေ ​ပြန်ဖြစ်ခဲ့တာလည်း ​ရှိခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: