Friday, July 19, 2013

လူသတ်မှုနဲ့ သံသယ ဖြစ်ခံရတဲ့ ရခိုင် ၆ဦး ဖမ်းဆီးခံရ

ABC

ရခိုင်ပြည်နယ် ​တောင်ကုတ်မြို့က ​ရခိုင်အမျိုးသား ​၆ ​ယောက်ကို ​မွတ်စလင် ​၁၀ ​ဦးအား ​သတ်ခဲ့တယ်ဆိုတဲ့ ​သံသယဖြစ်မှုနဲ့ ​အာဏာပိုင်တွေက ​မနေ့က ​ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ ​သိရပါတယ်။

သူတို့ကို ​ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​ဇွန်လအတွင်းက ​ရိုးမသစ္စာကားပေါ်ပါလာတဲ့ ​မွတ်စလင် ​၁၀ ​ယောက်ကို ​သတ်ခဲ့တဲ့အမှုကိစ္စနဲ့ ​ဇူလိုင် ​၁၈ ​ရက်နေ့ ​မနက်လင်းအားကြီးအချိန်မှာ ​နေပြည်တော် ​မူခင်းအဖွဲ့ ​CID ​က ​ရဲမှူးကြီး ​ဦးစိုးမြင့် ​ဦးစီးတဲ့ ​ရဲတပ်ဖွဲ့ဝင်တွေကနေ ​တိုက်ရိုက်လာရောက်ဖမ်းဆီး ​ခဲ့တာဖြစ်တယ်လို့ ​အာဏာပိုင်နဲ့ ​နီးစပ်သူ ​တောင်ကုတ်မြို့ခံတစ်ယောက်က ​အခုလို ​ပြောပါတယ်။

“တောင်ကုတ်မှာ ​၆ ​နေရာက ​၆ ​ယောက်ဖမ်းလာတယ်၊ ​မနက် ​၅ ​နာရီခွဲ ​၆ ​နာရီလောက်က ​ထောင်ထဲမှာ ​ထည့်ထားတယ်။”

ဖမ်းဆီးခံရသူတွေကတော့ ​ကိုဝင်းနိုင် ​၊ ​ကိုသိန်းမောင်၊ ​ကိုထွန်းမြင့်၊ကိုသိန်းရွှေမောင်၊ ​ဦးထွန်းကျော် ​နဲ့ ​ဦးထွန်းဝင်း ​တို့ ​ဖြစ်ကြတယ်လို့ ​ဖမ်းဆီးခံရတဲ့ ​ဆွေးမျိုးနီးစပ်သူတွေထံက ​သိရပါတယ်။ ​သူတို့ကို ​သံတွဲအကျဉ်းထောင်ကို ​ချက်ချင်း ​ပို့ ​ဆောင်လိုက်တယ်ပြီးဖြစ်ကြောင်း ​ဆိုပါတယ်။ ​ဒီကိစ္စနဲ့ပတ်သက်ပြီး ​တောင်ကုတ်မြို့နယ်ရဲစခန်းကို ​ဆက်သွယ်မေးမြန်းဖို့ ​ကြိုးစားခဲ့ပေမယ့် ​ဆက်သွယ်လို့ ​မရခဲ့ပါဘူး။

၂၀၁၂ ​ခုနှစ် ​မေလ ​၂၈ ​ရက်နေ့က ​ရမ်းဗြဲမြို့နယ် ​ကျောက်နီမော်ဒေသ ​က ​သပြေချောင်းကျေးရွာသူ ​မသီတာထွေးကို ​မွတ်စလင် ​လူငယ် ​၃ ​ဦးက ​မုဒိန်းကျင့် ​သတ်ခဲ့မှု ​ဖြစ်ပေါ်ပြီးနောက်ပိုင်း ​မွတ်စလင် ​၁၀ဦး ​အသတ်ခံရတာဖြစ်ပါတယ်။

အခုလိုဖြစ်ခဲ့တဲ့ ​မုဒိန်းကျင့်မှု၊ ​လူသတ်မှုတွေကြောင့် ​ရခိုင်ပြည်နယ်မှာ ​ပဋိပက္ခ ​အကြီးအကျယ် ​ဖြစ်ပွားခဲ့ပြီး ​လူပေါင်းများစွာသေဆုံးခဲ့ရတဲ့အပြင် ​အိုးအိမ်မဲ့ ​ဒုက္ခသည်တွေအဖြစ်နဲ့ ​နေထိုင်နေရတာ ​ဖြစ်တဲ့ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ ​ထားပါတယ်။

No comments: