Monday, July 22, 2013

ဦးပဉ္ဖင်း ဦးဝီရသူ တရားဟောတုန်း ဗုံးပေါက်ကွဲ ၄ ဦးဒဏ်ရာရ

ABC

မန္တလေးမြို့ ​မဟာအောင်မြေမြို့နယ်မှာ ​ဦးပဉ္ဖင်း ​ဦးဝီရသူ ​တရားပွဲ ​ပြုလုပ်နေတဲ့အနီးမှာ ​ ဗုံးပေါက်ကွဲမှု ​ဖြစ်ခဲ့တဲ့အတွက် ​လူ ​၄ ​ဦး ​ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

မနေ့ညတုန်းက ​ပြုလုပ်တဲ့ ​တရားဟောပွဲအနားမှာ ​ရပ်ထားတဲ့ ​ကားတစ်စီးနားမှာ ​အသေးစား ​ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ​ပြောဆိုနေကြပေမယ့် ​အေဘီစီရေဒီယိုသြစတြေးလျအနေနဲ့ ​အတည်ပြုချက် ​မရယူနိုင်ခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ​အမျိုးသမီးနှစ်ဦးနဲ့ ​အမျိုးသား ​နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ​မန္တလေးကလာတဲ့ ​သတင်းတွေအရ ​သိရပါတယ်။

ဦးပဉ္ဖင်း ​ဦးဝီရသူဟာ ​မွတ်စလင်မုန်းတီးရေး ​ဝါဒတွေအကြောင်း ​ဟောပြောပွဲတွေ ​ပြုလုပ်သူလို့ ​စွပ်စွဲခံထားရသူဖြစ်ပြီး ​ ထိုင်းမ်မဂ္ဂဇင်းမှာလည်း ​ဦးဝီရသူအကြောင်း ​ဆောင်းပါးတွေ ​ရေးသားခဲ့တဲ့အတွက် ​ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်ခဲ့ပြီး ​မြန်မာအစိုးရနဲ့ ​သီရိလင်္ကာ ​အစိုးရကလည်း ​အဲဒီဆောင်းပါးပါ ​မဂ္ဂဇင်းကို ​နိုင်ငံတွင်းမှာ ​ရောင်းချခွင့် ​ပိတ်ပင် ​လိုက်တဲ့ ​အထိ ​ဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ​ဦးဝီရသူက ​တရားဟောပွဲကို ​ခေတ္တရပ်ဆိုင်းခဲ့ရတယ်လို့လည်း ​သိရပါတယ်။

တဆက်တည်းမှာပဲ ​အိန္ဒိယနိုင်ငံ ​ဗုဒ္ဓဂါယာမြို့က ​မဟာဗောဓိဘုရားဝိုင်းမှာ ​ဖြစ်ခဲ့တဲ့ ​ဗုံးဖောက်ခွဲမှုကို ​ဆန့်ကျင်တဲ့အနေနဲ့ ​မနေ့တုန်းကပဲ ​မြန်မာနိုင်ငံက ​ဗုဒ္ဓသံဃာတော်တွေအပါအဝင် ​လူပေါင်း ​၁၀၀ ​လောက် ​ဆန့်ကျင်ဆန္ဒပြပွဲတွေ ​ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ ​မဟာဗန္ဓုလ ​ပန်းခြံနားမှာ ​ဆန့်ကျင်ဆန္ဒပြပွဲတွေ ​ပြုလုပ်ခဲ့တာဖြစ်ပြီး ​ဗုဒ္ဓဘာသာတွေ ​အထွတ်အမြတ်ထားရာလည်းဖြစ် ​ကမ္ဘာ့ ​ကုလသမဂ္ဂ ​ကလည်း ​ရှေးဟောင်း ​အမွေအနှစ် ​စာရင်းထဲမှာ ​သတ်မှတ်ထားတဲ့ ​နေရာကို ​ဗုံးဖောက်ခွဲမှု ​ပြုလုပ်တဲ့အပေါ် ​ဆန့်ကျင် ​ဆန္ဒပြကြတာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ပြီးခဲ့တဲ့ ​ဇူလိုင်လ ​၇ ​ရက်နေ့က ​ဗုဒ္ဓဂါယာမှာ ​အသေးစား ​ဗုံး ​၁၀ ​လုံး ​ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

No comments: