Thursday, September 26, 2013

စစ်တွေ ရေပိုက်လိုင်း လဲလည်မှု မြို့ခံတွေငြီးတွား

နှင်းသူ

စစ်တွေမြို့ စည်ပင်သာယာရေးအဖွဲ့မှ စစ်တွေမြို့အနှံ ရေပိုက်လိုင်းများလဲလည် တပ်ဆင်နေမှု အပိုင်းတွင် အတင်းအဓ္ဓမ ငွေတောင်းခံမူများ ကြုံတွေ့နေရသဖြင့် မြို့ခံတွေ ငြီးတွားနေရသည်။

စည်ပင်က ရေပိုက်လိုင်းများကို လဲလည်ပြီး ပြန်လည်တပ်ဆင်ရာတွင် အကြောင်းပြချက်နှင့် အထောက်အထားမခိုင်လုံသော ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း သိရှိရသည်။

" တစ်အိမ်ကို ပိုက်ဆံ ၇၀၀၀ တောင်းတယ်။ ငွေမပေးနိုင်တဲ့အိမ်တွေ၊ တချို့ဝန်ထမ်းအိမ်တွေ ရုံးတက်ချိန်မှာ လူမရှိတဲ့အတွက် ပိုက်ဆံမရလို့ ပိုက်တွေ ဖြုတ်ထားခဲ့တယ်၊ ကျွန်မအိမ်က အခု ငွေမပေးနိုင်လို့ ရေမလာတာ တစ်ပတ်ရှိပြီ။ " ဟု ဘောက်သီးစုရပ်ကွက် ရွာကြီးလမ်းတွင်နေထိုင်သူ အမျိုးသမီး တစ်ဦးက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားခဲ့သည်။

စစ်တွေမြို့ ရေပေးဝေရေးပိုက်လိုင်းများကို ပြည်နယ်အစိုးရ ဘက်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပိုင်းကို ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော်က စစ်တွေ စည်ပင် အသုံစရိတ်သည် ကောက်ခံရရှိသည့်စည်ပင် ခွန်များနှင့် ပြည်နယ်အစိုးရ အသုံးစရိတ်များမှ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောက်ခံမှုမှာ မဖြစ်နိုင်ကြောင်းနှင့် သေသေချာချာ တိုင်ကြားရန်လိုအပ်ကြောင်း၊ စစ်တွေ ကန်တော်ကြီး ပြန်လည်ပြုပြင်နိုင်ရန် ဂျပန်နိုင်ငံမှ အကူအညီ ရရှိထားပါကြောင်း အာရ်ကန်တိုင်းမ်စ်၏ မေးမြန်းမှုများကို ဖြေကြားသွားသည်။

မြို့ခံတွေက ယခုရေပိုက်လိုင်း လဲလည်နေမူများတွင် နိုင်ငံတကာအကူအညီနှင့် ပြည်နယ်အစိုးရ အသုံးစာရင်းမှ လုံလုံလောက်လောက် ကျခံသုံးစွဲနေသည်ဟု ယုံကြည်ထားကြပြီး ယခုကဲ့သို့ ငွေတောင်းခံမူမှာ စည်ပင်ဝန်ထမ်းများ၏ မရိုးမဖြောင့်သော လုပ်ရပ်တစ်ခုလို့ ဝေဖန်ပြောဆိုနေကြောင်း သိရှိရသည်။

No comments: