Friday, September 27, 2013

မြန်မာ့ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား တာဝန်မှ ရပ်နားခံရဟု သတင်းထွက်

နိရဉ္စရာ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားအား ရာထူးသက်တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာ အစည်းအဝေး တစ်ခုတွင် ယင်းသို့ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး Yangon Media Group သတင်း ဖေါ်ပြသည်။

ကင်တားနားကို ကုလသမဂ္ဂ၏ မြန် မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်သက်တမ်းကို ထပ်မံတိုး မပေးတော့ကြောင်း၊ သူ့နေရာတွင် အသစ်တစ်ဦး ခန့်ထားရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူက ပြောဆိုသည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားသည် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် သမာသမတ် မကျဘဲ ဘက်လိုက်မူ ရှိသည်ဟု စွပ်စွဲခံထားရသည်။

သူ၏ ဘက်လိုက် ဆောင်ရွက်မူများကြောင့် သူ၏ နောက်ဆုံး ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေနှင့် ဘူးသီးတောင်တို့တွင် ဆန္ဒပြ ကန့်ကွက်မူများနှင့် ရင်ဆိုင်ခဲ့ရသည်။

No comments: