ဇော်ဇော်ထွေး
မိဘများက ယောက်ျားပေးစားမည်ဆိုသဖြင့် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ထို့ကြောင့် ပိုလို ကြမ်းပိုးသတ်ဆေးသောက်သုံးခဲ့သူမှာ လမ်းမတော်မြို့နယ် ၁၅လမ်းတွင် နေထိုင်သည့် အသက် ၂၅နှစ်အရွယ် မဒေဝီ ဖြစ်ပြီး ထိုသတင်းကြောင့် ရန်ကုန်ဆေးရုံကြီးကို သွားရောက်စစ်ဆေးခဲ့သည့် လမ်းမတော် ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။
သူမသည် ရန်ကုန်ဆေးရုံကြီး အမျိုးသမီးကုသဆောင် (၁ဝ)တွင် တက်ရောက်ကုသနေရပြီး မိဘများက အိမ်ထောင်ချပေးမည်ပြော၍ စိတ်ညစ်သဖြင့် ပိုလိုပိုးသတ်ဆေးသောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။
ထို့ကြောင့်ပင် မိမိကိုယ်ကို သေကြောင်းကြံစည်သူ မဒေဝီအပေါ် အရေးယူပေးရန် ဒုရဲအုပ် အောင်နိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရဲစခန်းက (ပ)၃ဝ/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃ဝ၉ ဖြင့်အရေးယူရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်သည်။
ဇန်နဝါရီ ၂ဝ ရက်ကလည်း ကွမ်းခြံကုန်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ရည်စားထားသည်ကို အဒေါ်ဖြစ်သူက ဆူခဲ့သဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည်။
No comments:
Post a Comment