DVB
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်အကွာ ပင်လုံကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းတွေ နယ်မြေရှင်းချိန် ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဧပြီ ၁၇ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီနေ့ တရက်တည်းမှာပဲ အောင်လံချောင်း ကျေးရွာအနီး တောင်ကုန်းပေါ်မှာ နေရာယူထားတဲ့ ရခိုင်အဖွဲ့နဲ့ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရခိုင်အဖွဲ့က ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရခိုင်ဘက်က ကျောပိုးအိတ် ၂လုံး၊ ကျပ်ငွေ ၁သိန်း ၂ သောင်၊ Ipad ၁ လုံး၊ Huawei ဖုန်း ၁လုံး၊ သံလိုက်အိမ်မြှောက် ၁ ခုတို့ သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ရခိုင်တပ်ဖွဲ့ဘက်ကတော့ ဧပြီ ၁၈ ရက်နေ့မှာ အစိုးရစစ်တပ်နဲ့ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာနဲ့ အောင်လံချောင်း ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုတလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာဆုံး တိုက်ပွဲတွေ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်တပ်ဖွဲ့ဘက်က ၁ ဦး ဒဏ်ရာရခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က စစ်ကူတွေ ပို့ဆောင်နေတယ်လို့ ရခိုင်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
No comments:
Post a Comment