Thursday, April 2, 2015

လေယာဉ်ကွင်းအတွင်း မီးလောင်မှုဖြစ်

ဖြိုးဝေအောင်

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ (၁)ခွဲအချိန်တွင် လွိုင်ကော်မြို့ လေယာဉ်ကွင်းအတွင်းရှိ စစ်မှုထမ်းဟောင်းအိမ်ယာ ၀န်း(ကွင်းပြင်)တွင် (၁) နာရီကြာမီးလောင်မှုဖြစ်ခဲ့ပါသည်။

“ဟိုတောင်ဖက် ၊ ၀န်ကြီးအိမ်ယာဖက်မှာ စ လောင်တာပဲ။ လေကဟိုဖက်တိုက်ရင် မီးက ဟိုဖက်ကူးလိုက် ၊ ဒီဖက်တိုက်ရင် ဒီဖက်ကူးလိုက်ပဲ။ လေကတိုက်တော့လေ။ဘာမှတော့ အထိအခိုက်မရှိပါဘူး။” ဟု ဦးလေးကြီးတဦးက ပြောပါသည်။

မီးသတ်ဌါနမှ မီးသတ်ကားလေးစီးဖြင့် လာရောက်ငြိမ်းသတ်ပြီး လမ်းသွားလမ်းလာ ပြည်သူများကလည်း ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

“မီးကတော့ တောမီးကနေစ လောင်တာပါ။ နေကပူ လေလည်းတိုက်ခါကျတော့ ခဏလေးနဲ့ ပြန့်တာပေါ့” ဟု မီးငြိမ်းသတ်နေသော ပြည်သူတစ်ဦးက ဆိုပါသည်။

မီးလောင်မှု ကြောင့် ပျက်စီးမှု တစုံတရာမရှိကြောင်းသိရသည်။

၎င်းကွင်းပြင်ရှိ စစ်မှုထမ်းဟောင်းများနှင့် လေယာဉ်ကွင်းလုံခြုံရေးဝန်ထမ်းများ နေထိုင်ရာ ၅ ခန်းတွဲ နေအိမ်(၅)လုံးရှိသည်။

No comments: