ဟိန်းကိုစိုး
အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ၏မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် စတိတ်မာရှယ်က ရန်ကုန်တွင် ၂၀၁၅ ခုနှစ်နှစ်လယ် ပိုင်းအထိ ဆက်လက် ရှိနေဦးမည်ဟု ၄င်းက ဧပြီလ ၁ရက်တွင် မဇ္ဈိမ ကိုပြောသည်။
"၂၀၁၅နှစ် လယ်အထိ ရန်ကုန်မှာ ဆက်ရှိမယ်၊ အဲဒီနောက်ပိုင်း ထပ်ပြီး ဒီမှာ နေမှာလားပြောင်းမလား ဆိုတာကတော့ အခုထိ မဆုံးဖြတ်ရသေးဘူး၊ ကိုယ်တိုင် ပဲဆုံးဖြတ် ရမှာပါ အခုတော့ မဆုံးဖြတ်ရသေးဘူး" ဟု စတိတ်မာရှယ်က တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။
စတိတ်မာရှယ်သည် ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ၂၀၀၇ခုနှစ် ဇူလိုင်လတွင် စတင် တာဝန်ယူခဲ့ ခြင်းဖြစ်သည်။ ILO နှင့် စတိတ်မာရှယ် တို့ အကြားချုပ်ဆိုထားသည့် အလုပ်သဘောတူညီမှု စာချုပ်သည် ၂၀၁၅ခုနှစ်နှစ်လယ်ပိုင်းတွင် ပြည့်မည်ဖြစ်သော်လည်းနှစ် ကုန်ပိုင်း အထိလည်း ဆက်လက်တာ ၀န်ထမ်းဆောင်နိုင် သည်ဟု ၄င်း၏ ကိုယ်ရေးအရာ ရှိဒေါ်မေဦးမွန်က ဆိုသည်။
မြန်မာနိုင်ငံအစိုးရက ILO ၏ မြန်မာနိုင်ငံဆိုင်ရာ အခြေပြုရုံးစိုက်ထူခွင့်ပြုခြင်းကို အစိုးရနှင့် ၎င်းတို့အကြား ၂၀၀၂ခုနှစ် တွင်သဘောတူ ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment