Wednesday, February 25, 2009

ဒေါပုံမီးသိန်း ၅၀၀ ဖိုးဆုံး

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

ယမန့် နေ့လယ် (၁) နာရီခွဲခန့် က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ ပေါ်ပြူလာ ပလပ်စတစ်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်ရခြင်းမှာ စက်ရုံတွင်ရှိသော မီးအားမြှင့်စက်သို့ မီးအားဆောင့်တက်ရာက စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

မီးလောင်မှုကြောင့် သိန်း (၅၀၀) ထက်မနည်း ဆုံးရှုံးမှုရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၂၅) ပေ ပတ်လည် အလုပ်သမားတန်းလျား အဆောက်အအုံ (၂) လုံး၊ အာစီ (၂) ထပ် အဆောက်အအုံတလုံးနှင့် ယင်းအဆောက်အအုံအတွင်းရှိ ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း မျက်မြင်သက်သေ များကပြောသည်။

အလုပ်သမား အရေအတွက်မှာ လက်ရှိတွင် နယ်အစုံမှ လာရောက်နေထိုင်သူပေါင်း (၅၀) ခန့် ရှိမည်ဟုထင်ကြောင်း စက်ရုံအနီးရှိ ကုန်စုံအရောင်းဆိုင်ကြီး တဆိုင်ကပြောသည်။

"ကျမတို့ဆိုင်မှာ လာပြီးတော့ လိုအပ်တာတွေ ၀ယ်နေကြတဲ့ နယ်က အလုပ်သမားတွေရှိတယ်၊ အခုလို မီးလောင်သွားတဲ့အတွက် သူတို့ စားဝတ်နေရေး အခက်တော့တွေ့ မှာပဲ" ဟု အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင်ကပြောသည်။

No comments: