Friday, February 27, 2009

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရဲတပ်ဖွဲ့ဝင်များထံမှ လမ်းလျောက် စကားပြောစက်တွေကို စစ်တပ်ကသိမ်း

Narinjara News

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေသော လမ်းလျှောက် စကားပြော စက်များကို စစ်တပ်က သိမ်းယူနေကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ သိမ်းယူရခြင်းမှာ အဆိုပါ လမ်းလျှောက် စကားပြောစက်များကို အသုံးပြုပြီး ရဲတပ်သားများက င်္စီးပွားရေး သမားများနှင့် မှောင်ခိုသမားများထံမှာ လာဒ်ငွေ ရှာဖွေနေ၍ ဖြစ်သည်ဟု အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။


သူက “ လမ်းလျှောက်စကားပြောစက်တွေနဲ့ သူတို့က မှောင်ခိုသမားတွေဆီက ပိုက်ဆံ ယူပြီး အကာအကွယ် လုပ်ပေးနေတာမျိုးတွေ ရှိနေတယ်။ တချို့ရဲတွေ ဆိုရင်လည်း မှောင်ခိုသမားတွေဆီက ငွေယူပြီး လမ်းကြောင်း ရှင်းပေးတာမျိုး လုပ်တာတွေလည်း ရှိတယ်။ သူတို့က စကားပြောစက် ကိုင်ထားတော့ ချက်ချင်း သတင်းပို့နိုင်တယ်လေ။” ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ စကားပြောစက်များကို လာဒ်ပေး လာဒ်ယူမူများကြောင့် စစ်တပ်က သိမ်းပိုက်နေသော်လည်း စစ်တပ်အရာရှိများကမူ လာဒ်ပေးလာဒ်ယူမူကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်သည်ဟု သိရသည်။

No comments: