Monday, April 6, 2009

မြောက်ဦးမီး အိမ်ခြေ ၂၀ ခန့် ၀ါးမျိုခံရ

Narinjara News

မင်းအောင် (နိရဉ္စရာ) မြောက်ဦးမြို့တွင် မတ်လ ၂ ရက်နေ့က မီးလောင်မူ ဖြစ်ပွားခဲ့ရာ အနည်းဆုံး အိမ်ခြေ ၂၀ ခန့် မီးထဲ ပါသွားကြောင်း သတင်းရရှိသည်။

အဆိုပါ မီးမှာ မြောက်ဦးမြို့ရွှေတောင် အလယ်ဈီး ရပ်ကွက်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး သိန်းရာချီ၍ ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

ရန်ကုန်ရောက် ရခိုင်အမျိုးသား တဦးက မီးလောင်မူကို အတည်ပြု ပြောကြားပြီး အဆိုပါ နေ့ နေ့လည် ၃ နာရီခွဲတွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

သို့သော်လည်း မည်သို့ မည်ပုံ စတင် လောင်ကျွမ်းသည်ကို မသိရပါကြောင်း သို့သော်လည်း ထိခိုက် ဒဏ်ရာ ရရှိမူ မရှိကြောင်း သူက ပြောသည်။

အလားတူ မင်းပြားမြို့နယ် သံရှင် ကျေးရွာတွင် မတ်လ ၁ ရက်နေ့ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ သံရှင်ကျေးရွာ ဒေါ်သန်းတင်နေအိမ်မှ နေ့လည် ၁ နာရီခန့်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ရွာသားများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် တခြားနေ အိမ်များသို့ ကူးစက်ခြင်းမရှိ မီးငြိမ်းသွားသည်ဟုသိရသည်။

အိမ်မီးလောင်ချိန်တွင် ဒေါ်သန်းတင်မှာ နေအိမ်တွင်မရှိဘဲ အပြင်တွင် အလုပ် သွားရောက် လုပ်ကိုင်နေကြောင်း ကျေးရွာမှ ရွာသားတဦးက ပြောသည်။

No comments: