Saturday, October 3, 2009

စစ်အစိုးရ ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မဇ္ဈိမသတင်းဌာန စနေနေ့၊ အောက်တိုဘာလ 03 ရက် 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၄၀ မိနစ် အထိ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာ တွင် သွားရောက် တွေ့ဆုံ ခဲ့ကြောင်း သိရှိရသည်။ စစ် အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည် အကြား သံတမန်ရေး ဆက်သွယ် ပေးရန် ဗိုလ်ချုပ်အောင်ကြည်ကို ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ် ထားခြင်း ဖြစ်သည်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် ထိန်းသိမ်းခံထားရပြီး စစ်အစိုးရ ကိုယ်စားလှယ်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလက ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ရေးသားပေးပို့ခဲ့သော ပိတ်ဆို့ အရေးယူမှုဆိုင်ရာ အကြောင်းအရာများ ပါဝင်သော စာနှင့် ပတ်သက်၍ စစ်အစိုးရဘက်က တုံ့ပြန်ချက်ကို ဆွေးနွေးဖွယ်ရှိသည်ဟု အတိုက်အခံ သတင်းရပ်ကွက်က ပြောသည်။

No comments: