သာထွန်းမွန်
ဒီလိုနဲ့..
စနစ်ဆိုးရဲ့ ဖန်တီးမှုကြောင့်
စနစ်ဆိုးရဲ့သားကောင်တို့
ဆုံဆည်းရာတနေရာမှာတော့...။
၁၉၉၉ အောက်တိုဘာ လ(၂၄)ရက် သီးတင်းကျွတ် လပြည့် ညက ပြဿနာ နဲ့ဘာမှ မဆိုင်ပဲ ဗမာကျောင်းသား လူထု တို့ရဲ့ တရား လက်လွတ် အဆင်ခြင် တရား ကင်းမဲ့လှစွာ ဖိနှိပ်မှုကို ကျနော့် မျက်စိမှာ တင်ခံလိုက် ရသူ နောက်တယောက် ကတော့ မွန်ပြည်သစ် ပါတီမှ နိုင်အောင်မိုးပဲ ဖြစ်ပါတယ်။
မသကာင်္လို့ဆိုပြီးစစ်ဆေးရာမှ
“သူ့မှာပါလာတဲ့ အဖြူရောင်စာရွက်အပိုင်းစတခုနဲ့” သူ့ကိုBSA ရုံးနံဘေးက မွန်ကျောင်းသား၊လူထုတွေ
ကို ဖမ်းဆီးသိုလှောင်ထားတဲ့ ဇရပ်ထဲက ခေါ်ထုတ်သွားပါတော့တယ်။
သူနဲ့ပတ်သက်ပြီး ယနေ့တိုင်ကျနော့်ရင်မှာ ၀မ်းနည်းစွာခံစားနေရဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ကိုစ
ခေါ်သွားတဲ့အချိန်ကစပြီး နှစ်ရက်လုံးလုံးသူ့ရဲ့မိသားစုနဲ့ လုံးဝတွေ့ခွင့်မပေးလိုက်တာရယ်၊ စခန်းထဲကို အ
လည်ရောက်လာတဲ့ ဧည့်သည်တယောက်ကို စစ်ကြောရေးကာလအတွင်း အပြစ်မရှိပဲနဲ့ ကိုယ်ထိလက်
ရောက်ထိုးကြိတ်လိုက်တာရယ်...အထူးသဖြင့်ကိုယ့်ယောကျာ်းဘယ်နေရာကို ရောက်နေသလဲ..၊ ဘာတွေ
ဖြစ်နေသလဲဆိုတာ သိချင်လွန်း၍ ငိုကာရှိုက်ကာတွေ့သမျှ မွန်ကျောင်းသားတွေကို အားကိုးတကြီးမေးမြန်
းအကူညီတောင်းပြန်လည်း ထိရောက်တဲ့အကူအညီမရခဲ့၊ စနစ်ဆိုးကိုတော်လှန်နေသော ဗမာဒီမိုကရေစီ
ကျောင်းသားတွေကို မေးပြန်တော့လည်း“ဘာမှမပူပါနဲ့၊အချိန်တန်ရင်ပြန်လွတ်မှာပါ၊စခန်းထဲကလုံခြုံတဲ့
တနေရာမှာရှိနေပါတယ်” အစရှိသဖြင့် ၀တ်ကျေတန်းကျေ စကားလုံးတွေကြား သူ့ခမျာလုံးချာလည်ပတ်
နေပါတော့တယ်။
နောက်မှကျနော်သိရတာကတော့ နိုင်အောင်မိုးကိုင်ဆောင်ထားတဲ့ အဲဒီအဖြူရောင်စာရွက်ကတော့ ထိုင်း
အစိုးရရဲ့ ခွင့်ပြုချက်အရ ထိုင်းနိုင်ငံအတွင်းအကန့်သတ်တွေနဲ့ သွားလာခွင့်ပြုလက်မှတ်ပါပဲ၊ အဲဒါကို
အနောမကျေတဲ့ ဗမာကျောင်းသားတွေက ဗမာ့စစ်ထောက်လှမ်းရေးဆိုပြီး အထင်မှားဖမ်းဆီးခဲ့တာပါ၊
ဘာပဲဖြစ်ဖြစ်နိုင်အောင်မိုးကတော့ လူကွယ်ရာတနေရာမှာတော့ အဆင်ခြင်တရားကင်းမဲ့တဲ့ ဗမာ့ကျောင်း
သားအမည်ခံ လူတစုရဲ့သံသယလက်သီးကိုတော့ ခံလိုက်ရပြါ့ပီး၊ ဒါတွေကို နိုင်အောင်မိုးအသိဆုံး......။
ကျနော့်ဘ၀ရဲ့မှတ်မှတ်ရရ (၁၉၉၉)အောက်တိုဘာလ(၂၅)ရက်အဖြစ်အပျက် အကြောင်းရာလေးတွေက..
ထိုင်းအမျိုးသမီးနဲ့လက်ထပ်ပြီး ကလေးတယောက်ရနေပြီ ဖြစ်တဲ့ဝါးဆောင်(၃)က မောင်အထစ်ရဲ့စကား
လုံးလေးတွေပါပဲ၊ မောင်အထစ်ဆိုတာ သူ့ရဲ့အမည်ရင်းမဟုတ်ပါ၊ စကားပြောရင် အထစ် အထစ်နေလို့စ
ခနုးတခု လုံးက……အထစ်…..လို့သူ့ကိုခေါ်နေကြတာပါ၊ ဒါပေမဲ့ ဆေးခြောက်ရှုရာမှာတော့သူ့ကို ဘယ်သူ
ကမှလိုက်၍ မမှီအောင်ကို တော်တယ်။ သို့သော် မွန်ကျောင်းသား၊လူထုတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့
အဲဒီBSA ရုံးနံဘေးက ဇရပ်အိုလေးထဲမှာတော့...“မင်းတို့မွန်တွေအကြောင်း ငါအကုန်သိတယ်” “ABSDF
တပ်ဖွဲ့ဝင်တယောက်အနေနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ မွန်ဒုက္ခသည်စခန်းခလော့ခနီ ကိုရော့က်ရှိခိုက်
NMSP မှအရာရှိတယောက်ရဲ့မရိုမသေ ဆက်ဆံတာကို ငါခံခဲ့ရတယ်၊ ငါတို့ ဗမာကျောင်းသားတွေကို မလေးစားခဲ့ဘူး၊ အဲဒီအတွက် မင်းတို့မွန်တွေ ငါတို့ဗမာလက်အောက်က လုံးဝလွတ်လပ်ချင်ရင် ဒါမှမဟုတ်…….မင်းတို့တတွေအားလုံးလိုချင်တောင်းတနေတဲ့၊အိပ်မက်မက်နေတဲ့ မွန်တမျိုးသားလုံးရဲ့
လွတ်လပ်ရေးရချင်ရင်....နောက်ထပ်အနှစ်တရာထပ်တိုက်လည်းရမှာမဟုတ်ဘူး..ရလည်းမရစေဘူး”အဲ
ဒါမင်းတို့မြဲမြဲမှတ်ထားတဲ့..”။
ဒီအပြင်“စခန်းထဲမှာတရားဝင်ရော၊တရားမ၀င်ရော နေထိုင်နေကြတဲ့ မင်းတို့မွန်တွေဟာ ဆောက်လုပ်ရေး
လုပ်ငန်းခွင်က လာကြတဲ့သူတွေ ဒီမိုကရေစီအရေးနဲ့ဘာမှပတ်သက်ခဲ့ဘူးတာ မရှိခဲ့ဘူး” “ငါတို့ကျောင်း
သားစခန်းမှာ ပေကပ်ကပ်နေပြီး ငါတို့ဗမာကျောင်းသားတွေကို ဓါးနဲ့ခုတ်၊ဒုတ်နဲ့ရိုက်ပြီး ရန်ရှာတယ်“။ကျေး
ဇူးတရားမသိတတ်သူတွေ ဆိုကာစိတ်ရှိလက်ရှိစော်ကာပြီးနောက်.....မင်းတို့တတွေကြပ်ကြပ်သတိထား...
ကြိမ်းမောင်းပြီးနောက်..အောင်ပွဲရစစ်သူကြီးပမာ ဇရပ်ထဲကရင်ကော့ပြီးထွက်သွားပါတော့တယ်။
မနေ့ညကပြဿနာရဲ့ အရင်းမြစ်ကိုသူကမသိလို့လား...သိသိလျှက်နဲ့ ဒီလိုစကားတွေ ဒီမိုကရေစီကျောင်း
သားတယောက်အနေနဲ့ သူ့နှုတ်ကထွက်ခဲ့တာလား..ဒါတွေကိုတော့မောင်အထစ်အသိဆုံး....ကျနော့်အနေ
နဲ့ကတော့ ဒီမိုကရေစီကိုမြတ်နိုးတဲ့ကျောင်းသားတယောက်မှန်ရင်တော့ ဒီလိုစကားမျိုး သူပြောထွက်မှာမ
ဟုတ်ပါဘူးလို့ တွေးမိပြီး အရှက်တရားကို အတိတ်ကလှုပ်ရှားခဲ့မှုတွေနဲ့ ဖြေသိမ့်လိုက်ခဲ့ရတယ်။
တကယ့်တကယ် ပြဿနာစဖြစ်ရတာက BSA ရုံးနံဘေး Family အဆောင်ကအခန်းလုကြတဲ့ပြဿနာပါပဲ၊
ကြိုတင်အသိပေးစနစ်အရဆိုရင် တတိယနိုင်ငံကိုထွက်ခွာသွားလို့လွတ်နေတဲ့ အဆောင်ထဲကအခန်းအ
ခန်းလွတ်ကို အဆောင်မှူးဆီကြိုတင်အကြောင်း ကြားထားတဲ့မောင်စံရှားကအရင်နေခွင့်ရမှာပါ။ ဒါပေမဲ့
အဆောင်မှူးကိုသန့်စင်က အဆောင်စည်းကမ်းကိုဖောက်ဖျက်ပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ပြေးဒုက္ခ
သည်တယောက်အနေနဲ့ စခန်းတွင်းကငွေအင်အားတောင့်တင်းတဲ့ မွန်လူထုမိသားစုဆီက လာဒ်ငွေရယူကာ မောင်စံရှားကိုဘာမှအသိမပေးပဲနေလိုက်ပါတော့တယ်။
အခန်းရပြီဆိုတော့ ပြောင်းရွှေ့မှုတွေလုပ်နေတာကိုမြင်လိုက်တဲ့ မောင်စံရှားကအကြောင်းစုံကို သိလိုက်ပြီ
ဖြစ်တဲ့အတွက် မွန်မိသားစုကိုသူသာဒီအခန်းကိုအရင်ရထိုက်သူဖြစ်ကြောင်း ပြောင်းရွှေ့မှုမပြုလုပ်ရန် အသိပေးပေမဲ့ ဒီဘက်ကလည်းမလျှော့ အဆောင်မှုးကလည်းပြေပြေလည်လည် မရှင်းပေးလေတော့အဲဒီကိစ္စအတွက် မောင်စံရှားက အခဲမကြေသွားပုံရပါတယ်။
(၁၉၉၉)အောက်တိုဘာလ(၂၅)သီတင်းကျွတ်လပြည့်ညဦးပိုင်းမှာ မွန်ကျောင်းသားလူထု နိုင်ဗလနဲ့သူငယ်
ချင်းတချို့ဟာစခန်းရှေ့က ဖိချိုင်းဆိုင်မှာစကားကောင်းနေကြတုံး မောင်စံရှားဘက်စပြီး“ဟေ့ဒီနေရာမှာ
မွန်စကားမပြောရဘူးဆိုတာ မင်းတို့မသိဘူးလား” ဟူ၍ရန်စလိုက်ရာ“နိုင်ဗလက သူငယ်ချင်းကျနော်ဟာ
ဗမာစကားမပြောတတ်ဘူး မွန်စကားပဲပြောတတ်တယ်”ဟုတုံ့ပြန်လိုက်တာကို....မောင်စံရှားကလက်သီးနဲ့
နိုင်ဗလအား ကိုယ်ထိလက်ရောက် တုံ့ပြန်လိုက်ပါတယ်။နိုင်ဗလကလည်း ပြန်လည်ထိုးကြိတ်ပြီး အဲဒီရန်ပွဲကို ဆိုင်ပိုင်ရှင်က၀င်တားလိုက်သော်လည်း မောင်စံရှားဘက်ကမရပ်သေးဘဲ လိုက်ထိုးတာကြောင့် အနီးနားကလူတွေပါရန်ပွဲကိုဝင်ထိန်းပေးလိုက်ရပါတယ်။ ရန်ပွဲပြီးသွားပြီဟုမှတ်ယူ
ကာမိမိနေရာ နေရာကိုအပြန်မှာ မောင်စံရှားနောက်မှလိုက်ထိုးတာကြောင့် နိုင်ဗလသည်လည်းမကျေမနပ်
ဖြစ်သွားပါတော့တယ်။
မိမိနေရာသို့ရောက်သောအခါ နိုင်ဗလသည်ရန်ပွဲရဲ့ဖြစ်စဉ် အားလုံးကိုတခြားသူငယ်ချင်းအပေါင်းသင်း
များအား ပြောပြလိုက်သည်၊သူငယ်ချင်းများမခံနိုင်၍ နိုင်ဗလနဲ့အတူသူငယ်ချင်းပေါင်းခြောက်ယောက်
သည် ဖိချိုင်းဆိုင်သို့ပြန်ဆင်းသွားပြီး ဆိုင်မှာရှိနေဆဲမောင်စံရှားကို အသင့်ပါလာတဲ့ပုဆိန်နဲ့ပေါက်လိုက်
ရာမောင်စံရှားလက်သည်းကလေးပျက်သွားပြီး တခြားဗမာကျောင်းသားတစ်ယောက်လည်း ခေါင်းကွဲသွား
သည်ဟု မျက်မြင်သက်သေတွေအပြောအရ နောက်မှသိရပါတယ်၊ခေါင်းကွဲသွားတဲ့ အဲဒီဗမာကျောင်းသား
သည် နိုင်ဗလအား မောင်စံရှားဝင်ထိုးချိန်စဉ်က နိုင်ဗလကိုပုလင်းနဲ့ရိုက်ဖို့ ကြိုးစားခဲ့သူလည်းဖြစ်သည်။
အဲဒီလို မိမိတို့ရဲ့ပုဂ္ဂိုလ်ရေးပြဿနာကို မောင်စံရှားဘက်ကလူမျိုးရေးပြဿနာအသွင်ဆောင်တဲ့ စကားလုံး
တွေနဲ့ရန်စလိုက်တော့ အစကတည်းကသမိုင်းအဆက်ဆက်ရှိနေခဲ့တဲ့ မွန်နဲ့ဗမာ ပြဿနာအနာဟောင်းကို
တုတ်နဲ့ထိုးဆွလိုက်သလိုဖြစ်သွားပါတော့တယ်၊အဲဒီပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် စခန်းထဲကမွန်ကျောင်း
သားလူထုနဲ့ဗမာကျောင်းသား လူထုတို့ရဲ့ ဆက်ဆံရေးတွေဟာလုံးဝကိုပြတ်တောက်သွားပါတော့တယ်။
အမျိုးသားရေးနဲ့ဒီမိုကရေစီအရေးကိုအတူတူတပြိုင်နက်ထဲ အစဉ်တစိုက်ယုံကြည်လှုပ်ရှားလာတဲ့ စခန်း
ထဲကတချို့သော မွန်ကျောင်းသား၊လူထုတွေဟာ “အမျိုးသားရေးဘက်ကို” လုံးဝပြောင်းလဲသွားပြီး၊ စနစ်
ဆိုးအားဆန့်ကျင်အံ့တုရာ၌ သက်ဆိုင်ရာနေ့ရက်တွေများမှာဆိုရင်လည်း စခန်းထဲမှာသော်လည်းကောင်း၊
ဘန်ကောက်မြို့ရှိ နအဖသံရုံးရှေ့ ဆန္ဒပြပွဲတွေမှာသော်လည်းကောင်း၊ဗမာကျောင်းသားတွေနဲ့ အစဉ်တ
စိုက်ပူပေါင်း ပါဝင်လာခဲ့တဲ့ စခန်းထဲကမွန်ကျောင်းသားလူထုတွေဟာ “လုံးဝမပူးပေါင်းတော့တာကို” ၀မ်းနည်းစွာတွေ့ခဲ့ရပါတော့တယ်။မိမိတို့အခြေချရာတတိယနိုင်ငံမှာလည်း တွေ့နေရဆဲပါပဲ။
ရန်ပွဲပြီးဆုံးသွား၍ စခန်းရဲ့အခြေနေတွေငြိမ်သက်သွားတော့မှ ကျနော်တို့မွန်ကျောင်းသား လူထုတွေဟာ သီတင်းကျွတ်လပြည့်ညက အဖျက်ဆီးခံထားရတဲ့ မွန်အမျိုးသားကျောင်းကိုသွားပြင်ရပါတော့တယ်။ ပျက်ဆီးနေတဲ့ မွန်အမျိုးသားကျောင်းရဲ့မြင်ကွင်းက မြင်ရသူတိုင်းက စိတ်မကောင်းဖြစ်ကြရပါတယ်၊ ကျောင်းတံခါးကြီးက အစိတ်အစိတ်အမွှာမွှာ၊စာသင်ခုံတွေက ဖရိုဖရဲနဲ့ကြည့်လို့ကိုမကောင်း။
အဲဒီလိုပျက်ဆီးနေတဲ့မွန်အမျိုးသားကျောင်းကို COERR ရဲ့ထောက်ပံ့မှုနဲ့ကျောင်းကိုတလကျော်ပိတ်ပြီး ပြန်လည်ပြုပြင်ရပါတော့တယ်။ အမှန်တကယ်တော့ စခန်းထဲကမွန်အမျိုးသားကျောင်းဟာ လွယ်လွယ်နဲ့
ဖြစ်လာခဲ့တာ မဟုတ်ပါဘူး၊ ကျောင်းစတင်တည်ထောင်ကတည်းက ဗမာဒီမိုကရေစီကျောင်းသားတွေရဲ့
မနာလိုမကျေနပ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကျောင်းကိုစတင် ဖွင့်လှစ်ခဲ့တဲ့ (၁၉၆၆)ခုနှစ် စက်တင်ဘာလ
(၅ )ရက်ကစပြီးမွန်အမျိုးသားကျောင်းမတိုးတက်စေရန် နည်းအမျိုးမျိုးနဲ့ မကြာခဏလာရောက် ဖျက်ဆီးမှုများရှိနေခဲ့တယ်ဟု စခန်းထဲကိုအရင်ရောက်နှင့်နေကြတဲ့မွန်ကျောင်းသားညီအကိုတွေက ကျနော့်ကို ပြန်ပြောပြကြပါတယ်။နိုင်ငံခြားအလှုရှင်များကိုလည်း သဘောထားကွဲလွဲအောင်၊ ထောက်ပံ့မှုရပ်ဆိုင်းသွားအောင် ကောက်ကျစ်စဉ်းလဲစွာသွေးထိုးခဲ့ကြပါတယ်။
နှောင့်ယှုက်၍မရတဲ့အဆုံး ယုတ်မာကောက်ကျစ်တဲ့နည်းနဲ့ကျောင်းမှာအသုံးပြုနေတဲ့လျှပ်စစ်မီး။ရေ စသည်တို့ကို ပိတ်ပစ်မည်ဟုခြိမ်းခြောက်မှုများပါပြလုပ်လာခဲ့ကြတယ်ဟု သူတို့ကတဆင့်ကျနော် စိတ်မကောင်းစွာကြားသိခဲ့ရတယ်။သို့သော်ခြိမ်းခြောက်မှုကိုမကြောက်ပဲ မိမိအမျိုးသားကျောင်းဖြစ်
မြောက်ရေးအတွက်မွန်အမျိုးသားများ ၀ိရိယရှိစွာမွန်အမျိုးသားကျောင်းဖြစ်မြောက်ပြီးစီးသည်အထိ အားထုတ်ခဲ့ကြသည်။
ယခုတဖန် ၁၉၉၉ အောက်တိုဘာလ ၂၄ ရက်သီတင်းကျွတ်လပြည့်ညဖျက်ဆီးခံရတဲ့ အဲဒီမွန်အမျိုးသား
ကျောင်းကိုပြန်လည်ပြုပြန်ပြီးနောက် ကျနော်အပါအ၀င်အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ကျောင်းဆရာ၊ဆရာမ
တွေနဲ့ကျောင်းကို့ပြန်လည်ဖွင့်လှစ်ကာ OMNSO(အဝေးရောက်မွန်ကျောင်းသားများအဖွဲ့မှ) နိုင်အောင်နန္ဒ၊
မွန်အမျိုးသားလွတ်မြောက်မှုအတွက် တော်လှန်ရေးခေါင်းဆောင်ဟောင်း နိုင်သန်းတင်၊ COERR မှတာဝန်ခံ မစ္စတာအီလစ်ခ် တို့သဘာပတိအဖြစ်တက်ရောက်တဲ့ မွန်အမျိုးသားကျောင်း၏အတန်းတင်နှင့်
ဆုပေးပွဲအခမ်းနားတရပ်ကို (1/8/2000) ရက်နေ့တွင် အခက်ခဲမျိုးစုံကြားကမွန်အမျိုးသားတို့ရဲ့ မလျှော့သောဇွဲ၊လုံလ၀ိရိတွေကြောင့်အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ။
No comments:
Post a Comment