Friday, June 11, 2010

စစ်အစိုးရ နျူကလီးယား စီမံကိန်း အမေရိကန် စုံစမ်း

စိုင်းဇွမ်ဆိုင်း Friday, June 11, 2010

အမေရိကန် နိုင်ငံ၏ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က နျူကလီးယား အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ဆက်လက်၍ လေ့လာ စုံစမ်းနေကြောင်း ပြောကြားလိုက်သည်။

“အဓိကထားပြီး စောင့်ကြည့်ရမယ့် အချက်နှစ်ချက် ရှိပါတယ်၊ ပထမ တချက်က အများ ပြောနေတဲ့ အတိုင်း ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်တဲ့ နျူကလီးယား စီမံကိန်း တကယ် ရှိ၊ မရှိ ဆိုတာနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ပိုင်ဆိုင်နေမှု ရှိ၊ မရှိ ဆိုတာပါပဲ”ဟု မစ္စတာ စကော့ မာရှယ်က ယမန်နေ့တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ထိုသို့ သံသယ ဖြစ်နိုင်သည် ဆိုသည့် အချက်နှစ်ချက်ကို အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ဒုံးပျံ အင်ဂျင် အထူးပြုဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း က စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို ဖော်ထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာမှ ယခုကဲ့သို့ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာသည်။

စစ်အစိုးရက လျှို့ဝှက် နျူကလီးယား စီမံကိန်း၊ ဒုံးကျည်နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆိုနေကြသည်။

No comments: