Saturday, June 12, 2010

ရေကာတာစီမံကိန်းအတွက် CIP တရုတ်အလုပ်သမားများ ပူတာအို တွင် ရောက်ရှိနေ

KNG

မြန်မာနိုင်ငံ၏ မြောက်ပိုင်းအစွန်ဆုံး ပူတာအိုမြို့နယ်တည်ဆောက်မည့် ရေကာတာစီမံကိန်းအတွက်CPIတရုတ်အလုပ်သမား ၅၀ကျော် ဒီလဇွန် လဆန်းပိုင်း ထိုဒေသသို့ရောက်ရှိနေပြီဖြစ်သည်။

ပူတာအိုခရိုင် မချမ်းဘော့မြို့ (Machyangbaw) ၏ အောက်ဘက် ၁၀မိုင်အကွာ ဒိန်ဖန် (Ding Hpang Rum) ရေတံခွန်- မလိခမြစ်တွင် ရေကာတာတည်ဆောက်ရန် တရုတ်အလုပ်သမားများ ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းရေအားလျှပ်စစ်စီမံကိန်းကို အေးရှားဝေါ်ကုမ္ပဏီမှ နာမည်ခံပေးမှုအောက် တရုတ်အစိုးရပိုင် CIP (China Power Investment Corporation)မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း ထိုကုမ္ပဏီ ကသာ တာဝန်ယူ ထားပါသည်။

ဤကဲ့သို့ ရေကာတာစီမံကိန်းအတွက် ပြီးခဲ့သည့် ဧပြီလမှစကာ ယင်းဒေသခံရွာသားများ ပြောင်းရွှေ့ပေးနေရသည်။ အခုလို ပြောင်းရွှေ့နေခြင်းသည် မုန်လိုင်ရှီးဒီး အခြေစိုက် မြန်မာစစ်တပ် ခြေလျှပ်တပ်ရင်း (ခလရ) အမှတ် ၁၃၈သည် ရွာသားများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေသော ကြောင့်ဖြစ်သည်။

ဒိန်ဖန်ရေတံခွန်တွင် ကချင်ပြည်နယ် အခြားမြို့များ၌ မထွက်ရှိသည့် ပြည်ကြီးငါးတစ်မျိုးမှ အရသာကောင်းမွန်လှသည့် ကချင်လို “Nga-nen Naw Banau” မလိခမြစ် ရေချိုငါး ငပိ ထွက်ရှိပါသည်။ ယင်းငပိသည် ပူတာအိုမြို့နယ်တွေ နာမည်ကြီး ပါသည်။ ရေကာတာစီမံကိန်းကြောင့် ယင်း “ပူတာအို ငပိ” ထုတ်လုပ်ရေးကို တိုက်ရိုက်ထိခိုက်စေမည်ဖြစ်သည်။

ပြည်တွင်း ပြည်ပ ကချင်အမျိုးသားများက ဧရာဝတီ မြစ်ဆုံရေကာတာတည်ဆောက်ခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန် မြန်မာစစ်အစိုးရမှ စီမံကိန်းကို ပိုမိုအကောင်ထည်ဖော် တည်ဆောက်ပါသည်။

ဧပြီလ ၂၇ရက်နေ့ မြစ်ဆုံဗုံးပေါက်ကွဲမှုနောက်ပိုင်းထပ်မံတိုးချဲ့ လာခြင်းဖြစ်သည်။

၂၀၀၆ခုနှစ်တွင် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာပြည်မှ ဘိန်းဘုရှင် Lo Hsing Han ပိုင် အေးရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်အစိုးရပိုင် CPI မှ ကချင်ပြည်နယ် မေခ၊ မလိခ နှင့် ဧရာဝတီမြစ်ဆုံ များတွင် ရေကာတာ ၇ ခု တည်ဆောက်ရန် သဘောတူ လက်မှတ်ရေးထိုးထားပါသည်။

၎င်းတွင် ယခု CPI အလုပ်သမားများ ရောက်ရှိနေသည့် ပူတာအို ဒိန်ဖန်ရေတံခွန် ရေကာတာစီမံကိန်းလည်း တစ်ခုဖြစ်သည်။

အခုချိန်ထိ တရုတ် CPI မှ တည်ဆောက်နေသည့် ရေကာတာစီမံကိန်း ၃ ခုရှိပါသည်။ ၎င်းတို့သည် ဧရာဝတီ မြစ်ဆုံ၊ ချီဖွေ မေခမြစ် နှင့် ဒိန်ဖန်ရေတံခွန် မလိခမြစ် တို့တွင်ဖြစ်ပါသည်။

No comments: