Saturday, September 11, 2010

တာဝန်မသိတတ်သော မူဆယ်မြို့ရဲစခန်းဝန်ထမ်းများ

မျက်မြင်သက်သေတစ်ဦး

မူဆယ်မြို့ ရဲစခန်းရှေ့တွင် ၃-၉-၂၀၁၀ နေ့လည် ၂နာရီလောက်က လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းလာ သော ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦးကို မူဆယ်မြို့ရဲစခန်းအတွင်းမှ ထွက်လာသော ရဲကားအပြာရောင်တစ်စီးမှ ၀င်တိုက် ခဲ့ပါတယ်။

ဆိုင်ကယ်လဲ ပျက်စီးသွားခဲ့ပြီး ၎င်းဝန်ထမ်းမှာလည်း ခါးတွင် ပြင်ထန်စွာဒဏ်ရာရရှိခဲ့သဖြင့် မူဆယ်မြို့ဆေးရုံတွင် တက်ရောက်ကုသမှုခံနေပါတယ် . အတိုက်ခံရသော ဆက်သွယ်ရေးဝန်ထမ်းကို ထားခဲ့ပြီး စခန်းအတွင်းသို့ကားကို ပြန်မောင်း သွားခဲ့ပါတယ်။

ရဲစခန်းရှေ့တွင်ရှိသော သတင်းတပ်ဖွဲ့မှဝန်ထမ်းများက လဲနေသော ဆက်သွယ်ရေးဝန်ထမ်းကို လမ်းမအလယ်မှ ပလက်ဖောင်းပေါ်သို့ခေါ်ယူပေးခဲ့ပါတယ်။ ရဲစခန်းအတွင်းမှ လူများတစ်ယောက်မှ ထွက်လာခဲ့ခြင်းမျိုးလဲမရှိခဲ့ပါဘူး။ လူနာကို ရဲစခန်းသို့လိုက်မပို့ပဲ ရဲဝန်ထမ်းများမှာ တာဝန်မဲ့နေကြပါတယ်။

၎င်းရဲကားကို မောင်းနှင်လာသော ဒရိုင်ဘာမှာ ရဲဝန်ထမ်းမဟုတ်ဘဲ အပြင်လူမှ မောင်းနှင်ခဲ့ပါတယ်။ ၎င်းဒရိုင်ဘာသည် ၀န်ထမ်းမဟုတ်ပဲ ရဲယူနီဖောင်းကို အမြဲဝတ်ဆင်ထားခွင့် ပေးထားသည်ကို မူဆယ်မြို့သူ မြို့သားများကတော်တော် စိတ်ဝင်စားနေကြပါတယ်။

အတိုက်ခံရသော ဆက်သွယ်ရေးဝန်ထမ်းကို ဆက်သွယ်ရေးရုံးကားဖြင့် ဆေးရုံသို့ပို့ခဲ့ရတာကို ကျွန်တော်တို့မြင် တွေ့ လိုက်ရပါတယ်။ ဆေးရုံသို့ လိုက်လံမေးမြန်းခြင်းလဲ မရှိကြောင်း ဆက်သွယ်ရေးနှင့် နီးစပ်သူတစ်ဦးကပြောပြ ခဲ့ပါတယ်။

ယာဉ်တိုက်မှုကျူးလွန်ခဲ့သော ဒရိုင်ဘာကို ယာဉ်ထိန်းဌာနမှလည်း အပြစ်ပေးခြင်းလဲမရှိခဲ့ပါဘူး။ တကယ်လို့အပြင် လူများသာ ယာဉ်တိုက်မှု ဖြစ်ခဲ့ပါက ချက်ချင်းဖမ်းဆီးခဲ့ပါတယ်။ ရဲစခန်းနဲ့ပတ်သက်နေသောသူများလုပ်ချင်တိုင်းလုပ် ရနေတာ တရားဥပဒေစိုးမိုးရေးလားဆိုတာ ဒါလားလို့တွေးမိပါတယ်။ အဖြစ်အပျက် အားလုံးကိုသတင်းတပ်ဖွဲ့ဝင် များအပြင် လူတော်တော်များများက မြင်တွေ့ခဲ့ပါတယ်။

ယခုယာဉ် တိုက်မှုတွင် ဆက်သွယ်ရေးဝန်ထမ်းအမှားမဟုတ်ဘဲ ရဲ့ကားမှားသည်ကို လူတိုင်းသိရှိပါတယ်။ ဆက်သွယ် ရေးဝန်ထမ်းစီးလာသော ဆိုင်ကယ်ကို ရဲစခန်းမှာသိမ်းဆည်းထားကြောင်းလဲသိရှိရပါတယ်။

၎င်းးရဲစခန်းအတွင်းမှဝင်/ ထွက်နေသော ကား/ဆိုင်ကယ်များ သည် ဘေးပတ်ဝန်းကျင် ဂရုမစိုက်ပဲ ၀င်ချင်သလိုဝင် ထွက်ချင်သလိုထွက်နေသဖြင့် လမ်းမကြီးကိုဖြတ်သန်းသွားနေသော ယာဉ်များမှာ သတိနှင့်မောင်နှင်နေရသော အဖြစ် မျိုးဖြစ်နေပါကြောင်း ဒီလိုအဖြစ်မျိုး နောင်မဖြစ်ရလေအောင် ပြည်ထဲရေးဌာနမှအရာရှိကြီးများသို့အသိပေးလိုက် ပါတယ်။

No comments: