Sunday, March 11, 2012

ဒေါ်​အောင်ဆန်း​စုကြည်၏ မွန်ပြည်နယ်ခရီး​စဉ် ​ဒေသခံများ​ ​သောင်း​သောင်း​ဖျဖျ ကြိုဆို

နော်နိုရင်း

အမျိုး​သား ​ဒီမို က​ရေစီ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​ စုကြည်ရဲ့​ ဒီက​နေ့​ မွန်ပြည်နယ် စည်း​ရုံး​ရေး ​ခရီး​ စဉ်မှာ ​ဒေသခံ ပြည်သူ​ တွေနဲ့​ ​ကျောင်း​သား ​လူငယ်​တွေ ​သောင်း​သောင်း​ ဖျဖျ ကြိုဆို ခဲ့​ကြ ပါတယ်။

အဖွဲ့​ချုပ်ကို အများ​ဆုံး​ ထောက်ခံ ခဲ့​တဲ့​ မွန်ပြည် နယ်မှာ လုံခြုံ​ ရေး​နဲ့​ ပတ်သက်ပြီး​ အရင်လို အ​ခြေ အ​နေမျိုး​ မဖြစ်​အောင် အာဏာပိုင်​တွေ နဲ့​ ညှိနှိုင်း​ဆောင် ရွက်ထား​ တယ်လို့​ မွန်ပြည်နယ် အဖွဲ့​ချုပ် ဝင်​တွေက ​ပြောပါတယ်။

ခရီး​စဉ် ဒုတိယ ​နေမှာ ​မော်လမြိုင်နဲ့​ ၆ မိုင်​ လောက်​ဝေး​တဲ့​ ကျွဲခြံကုန်း​ ကျေး​ရွာ ​ဘောလုံး​ ကွင်း​မှာ ​ဟော​ပြော မှာပါ။

အစတုန်း​ က​တော့​ ​မော်လမြိုင်မြို့​ ဘိုကုန်း​ရပ် သံလွင် ဥယျာဉ်မှာ ​ဟော​ပြော ပွဲလုပ်ဖို့​ စီစဉ်ခဲ့​ ပေမယ့်​ ပြည်နယ် စည်ပင် သာယာ​ရေး​ ဝန် ကြီး​ ဌာနက သစ်တော ပျက်မျာကို အ​ကြောင်း ​ပြုပြီး​ ခွင့်​မပြု ခဲ့​ပါဘူး​။ ဒါ​ကြောင့်​ ​မော်လမြိုင် မြိုနဲ့​ ၆ မိုင်​ လောက်​ဝေး​တဲ့​ ​မော်လမြိုင် – ကျိုက်မ​ရော လမ်း​ဘေး​က ကျွဲခြံကုန်​ ကျေး​ရွာမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​ စုကြည်ဟာ မွန် အမျိုသား ​ဒီမိုက​ရေစီအဖွဲ့​ အပါအဝင် တခြား​ အန်ဂျီအဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​တယ်လို့​ မွန်အမျိုး​သား​ဒီမို က​ရေစီအဖွဲ့​ အတွင်း​ရေး​မှူး​ ​ဒေါက်တာ မင်း​စိုး​လင်း​က ​ပြောပါတယ်။

No comments: