ဇော်ဇော် (Mutdfan.com)
ဒေါ်အောင်ဆန်း စုကြည်က အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချူပ်ရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်း စဉ်တို့ကို ရုပ်မြင်သံကြား၊ ရေဒီယို တွေကနေ တဆင့် မတ်လ ၁၄ ရက်နေ့က တင်ပြ သွားခဲ့ တဲ့ နေရာမှာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း ပါတီ ဝင်တွေ ဖိနှိပ် ခံရတာ၊ ဆရာ ဝန်တွေ၊ ရှေ့နေတွေ လိုင်စင် ရုပ်သိမ်း ခံရ တာနဲ့ မတရား ဖမ်းဆီးပြီး အ မြင့်ဆုံး အထိ ပြစ်ဒဏ်တွေ ချမှတ် ခံရ တာတွေ ရှိခဲ့ တယ်ဆိုပြီး ထည့်သွင်း ပြောကြား သွားခဲ့ ပါတယ်။
အကြောင်း တိုက်ဆိုင်စွာနဲ့ပဲ နောက်နေ့ မနက် Mutdfan က အယ်ဒီတာ တဦး ဖြစ်တဲ့ ကိုမှူး သခင်ရဲ့ ဖခင် ပန်းချီ ဆရာကြီး ဦးမင်းစံချိန် ကွယ်လွန်ခြင်း အသုဘ အခမ်း အနား အတွက် ရေဝေး သုဿန်ကို စာရေး သူရဲ့ ကားနဲ့ ပင့်ဆောင် သွားပေးဖို့ ဖြစ်လာ တာက သက် တော် ၈ဝ လောက်ရှိ နေတဲ့ ဦးဇင်းကြီး တပါး ဖြစ်ပါတယ်။ စာရေး သူရဲ့ကား ဒက် ရှ် ဘုတ်ပေါ်မှာ NLD အလံနဲ့ ပြည်ထောင်စု သမ္မတ မြန် မာ နိုင်ငံတော် အလံ တခုကို တခု ယှက်လို့ တင်ထား တာကို မြင်လိုက်တဲ့ ဦးဇင်းက ပြောပါတယ်။
"ဒါက NLD အလံမဟုတ်လား ဒကာကြီး”တဲ့။ စာရေးသူကလည်း“တင်ပါ့ဘုရား။ NLD အလံပါ။ အမေစုကို ကြည်ညိုလွန်းလို့ အမေစု ပါတီရဲ့ အလံကို အမြတ်တနိုး တင်ထား တာပါ” လို့ပြောလိုက်တော့ ဦးဇင်းက ပြုံးတယ်။ တည်တည်ငြိမ်ငြိမ်လေးနဲ့ စကားဆက် တာက “၁၉၉၀ ခုနှစ်မှာ ဦးဇင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန တိုင်းရုံးမှာ ဦးစီးမှူး ဘဝ ကနေ ပင်စင် ယူခဲ့ တာဘာ ကြောင့်လဲ သိလား”လို့မေးပါ တယ်။ “တင် ပါ့ ဘုရား မိန့်ပါအုံး ဘုရား”ဆိုတော့ ဦးဇင်းက ပြုံးပြီး ဆက်မိန့် တာက ၁၉၈၈ ခုနှစ် ကာလ များက အဖြစ် အပျက် များက နေ အစချီ ဇာတ် ကြောင်းပြန် မိန့်ကြား ပါတော့ တယ်။
“ဦးဇင်းကို ရန်ကုန်တိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှာဦးဘိုကြီး ဆိုပြီး လူသိများခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပြီးတဲ့နောက် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေါ်ခင်ကြည် (အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး) ကွယ်လွန်သွားတော့ မစန္ဒီငြိမ်း က အိမ်လိုက်လာပြီး ပြောတယ်။
“ဦးဘိုကြီး… ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ဒီဇိုင်းလေးများ လုပ်ပေးနိုင်မလား။ သေသေချာချာတော့ စဉ်းစားပါ။ ဝန်ထမ်း ဆိုတော့ ရာထူးတော့ ထိခိုက်နိုင်တယ်နော်” လို့ ပြောတယ်။
အိမ်က မိန်းမနဲ့ မျက်နှာချင်းဆိုင် ကြည့်မိတယ် ဆိုရင်ပဲ မိန်းမလုပ်သူက ဂုဏ်ယူစွာနဲ့ “အမြန်ဆုံး လုပ်ပေးလိုက် ပါလား။ ဒေါ်ခင်ကြည် ဆို တာ အမျိုးသားခေါင်းဆောင်ကြီးရဲ့ဇနီး မုဆိုးမကြီးလေ။ ရှင်အလုပ်ပြုတ်သွားရင် ကျူပ် စက်ချူပ်ပြီးကျွေးမယ် လုပ်ဖြစ်အောင် လုပ်ပေး လိုက်ပါ” လို့ တိုက်တွန်းတော့ ဦးဇင်းလည်း စိတ်က ပါပြီးသားမို့ အလုပ်ကိစ္စအတွက် ဒေါ်စုနဲ့ တွေ့ရဖို့ ချက်ခြင်း ကောက်လိုက် သွားတာ ပေါ့။”
အတိတ်ကို သတိရနေတဲ့ပုံနဲ့ ဦးဇင်းက ဆက်မိန့်တာက…“ဦးဇင်းလည်း ဟိုရောက် တော့ ဒေါ်စုကို အုတ်ဂူ အတွက် ဘယ်လို ပုံစံများ လို ချင်သလဲ ဆိုပြီး မေးခဲ့တယ်။ ဒေါ်စုက သူလိုချင်တာကို ဒီလိုပြောတယ်။‘အမေက မကွယ်လွန်ခင်မှာ ဒီအိမ် (ယခု အမေစု နေအိမ်) ရဲ့ ဆင်ဝင်အောက်မှာ ထိုင်ပြီး အမြဲပုတီးစိတ်၊ တရားမှတ်လေ့ရှိတယ်။ အဲ့ဒီမှာ အမေထိုင်ရတာ သဘောကျပုံရတယ်။ အဲ့ဒီ ဒီဇိုင်းလေးများ ရနိုင်မလား’လို့ မေးတော့ ဖြစ်ရမယ်ဆိုပြီး ချက်ခြင်း ဆွဲပေးခဲ့တယ်။
အခုဆောက်ထားတဲ့ အုပ်ဂူဒီဇိုင်းပုံစံဟာ ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ ဆင်ဝင်ဒီဇိုင်းပါပဲ။ ကျနော် ဆွဲပေးတဲ့ပုံ ကို အမေစုက သိပ် သဘောကျသွားတယ်။ ဒါပေမယ့် ဆောက်မယ့်နေရာက ရွှေတိဂုံဘုရား တောင်ဖက်မုခ်။ သခင်ကိုယ်တော်မှိုင်းနဲ့ စုဘုရားလတ်တို့ရဲ့ အ လယ်မှာ ဖြစ်နေတယ်။ ကျနော်ဆွဲပေးတဲ့ ဒီဇိုင်းက ၄၅ ပေ မြင့်ပြီး ဒါဟာ သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်ဂူထက် ပိုမြင့်နေမှာမို့ အဲ့ဒါ ကိုတော့ နည်းနည်း ဖြတ်ပေးပါ။ သခင်ကိုယ်တော်မှိုင်းနဲ့တော့မြင့်လည်း မမြင့် ပါစေနဲ့ အမြင့်လည်း မတူပါစေနဲ့လို့ ပြောလို့ ပြင်ပေးလိုက်ရတယ်။ ဒါလေးပဲ ပြင်လိုက်ရတယ်။
အဲ့ဒီအချိန်က ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန် ဖြစ်သလို ဝန်ထမ်းအားလုံးကိုလည်း ‘ဈာပန အခမ်းအနားနဲ့ မည်သို့မျှ မပတ်သက်ရ။ ပတ်သက်သူ အရေးယူခြင်း ခံရမယ်။ မိမိ အောက်လက် ငယ်သား ပတ်သက်ခဲ့သည်ကို သိရှိပါကလည်း ချက်ခြင်း သတင်းပို့ တင်ပြရ မယ်။ မတင်ပြနိုင်ရင် အဲ့ဒီအရာရှိကိုပါ အရေးယူမယ်’လို့ တရားဝင် စာထုတ်ထားတဲ့ အချိန်လည်းဖြစ်တော့ အပြန်မှာ တိုင်း အင်ဂျင်နီယာ ဆီကို တန်းသွားလိုက်ပြီး ‘ကျနော်ကတော့ ဒီအလုပ်လုပ်ပေးနေပါပြီ’လို့ ပြောလိုက်တယ်။
တိုင်းအင်ဂျင်နီယာက မျက်နှာအရမ်းပျက်သွားပြီးတော့ ‘ခင်ဗျားကို လုပ်ပါလို့လည်း မတိုက်တွန်းဘူး။ မလုပ်ပါနဲ့ လို့လည်း မတားဘူး။ ခင် ဗျားသဘောနဲ့ ခင်ဗျားပဲ’ လို့ ပြန်ပြောတယ်။ ‘ခင်ဗျားကတော့ ကျားအမြီး ဆွဲတဲ့သူပဲ’လို့ပြောပြီး သူထိုင် ရာက ချက်ခြင်း ထပြီး ရုံးချူပ်နဲ့ ဝန်ကြီး ဆီကို ဆက်သွယ် သတင်းပို့လိုက်တယ်။ မကြာခင်ပဲ ဦးဇင်း အလုပ်စားပွဲပေါ်ကို ထုချေလွှာတင်ဖို့ စာရောက်လာတယ်။
ဦးဇင်းလည်း ဒေါ်စုဆီ ချက်ခြင်းသွားပြီး ကျနော့်ကိုတော့ အရေးယူဖို့ လုပ်နေပြီဆိုတာ သတင်းပို့လိုက်တယ်။ ဒေါ်စုက ချက်ခြင်း ထသွား ပြီးတော့ တိုင်းမှူး ဗိုလ်ချူပ်မျိုးညွန့် ဆီကို ဖုန်းဆက်တယ်။ မကြာခင်ပဲ ဦးဘိုကြီးကို ဒီကိစ္စ အစအဆုံး လုပ်ဆောင်ပေးနိုင်ရေး တာဝန် ပေး တယ်ဆိုပြီး စာထွက်လာတယ်။
ဦးဇင်းရဲ့ အုတ်ဂူဒီဇိုင်းကို ဆောက်ပေးတာက တပ်မတော် အင်ဂျင်နီယာတပ်က ဆောက်ပေးတာ။ ဦးဇင်းက ကြီးကြပ် ရတယ်။ နေ့ဖက် မဆောက်ရဘဲ ညဖက်မှ ဆောက်ရတာ။ ညဖက် စစ်ကားနဲ့ လာလာခေါ်တော့ ရပ်ကွက်ထဲက လူတွေကတောင် ဦးဇင်းကို ဖမ်းသွားပြီ ထင်ကြတာ” လို့ ဆက်ပြီး ရှည်ရှည်ဝေးဝေး ရှင်းပြခဲ့ပါတယ်။
ဦးဇင်းက ကွမ်းလေးမြုံ့ရင်း ဆက်ပြောတာက… “အသုဘ ချတဲ့နေ့က ဦးဇင်းက အခေါင်းပိတ်ဖို့ သံလက် ကိုင်ပြီး စောင့်နေ တုန်း အ ခေါင်း သယ်လာ တဲ့ စစ်သားတွေ လက်ထဲ ကနေ ကျောင်းသားတွေက ဝင်လုကြတယ်။ သံရုံးတွေက အရာရှိတွေရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကြသေးတယ်။ နောက်ဆုံး အခေါင်းကို ဘိလပ်မြေ မဆလာနဲ့ ဦးဇင်း ပိတ်ပေး ခဲ့ရတာပေါ့။ အဲ့ဒီတုန်းက ဗီဒီယိုတွေထဲမှာ ဦးဇင်းပုံတွေ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
“ဒါနဲ့ ဦးဇင်း ဘယ်လိုတွေ ဆက်ဖြစ်သေးလဲ” ဆိုပြီး မေးလိုက်မိတော့...“အလုပ်ဖြုတ် မခံ ရပေမယ့် အဲ့ဒီ နေ့က စပြီး ဦးဇင်းဟာ လူဆိုး စာရင်းဝင် တယောက်လို ဖြစ်သွားပြီး ဘေးကို ရောက်မှန်း မသိ ရောက်သွားတယ်။ ဦးဇင်းဟာ ၁၉၅၀ ခုနှစ် RIT ကျောင်းဆင်း တ ယောက် ပါ။ ဗိသုကာ ပညာရပ်နဲ့ ကျောင်း ပြီးတော့ ဘီအိုစီမှာ အလုပ်ဝင်တယ်။ ကော်ပိုရေးရှင်းတွေကို အစိုးရက လုပ်ခွင့်မပေး တော့တဲ့ နောက် ဝန်ထမ်း ဝင်လုပ်တာ။ ဦးဇင်းရဲ့ တပည့်တွေက ဦးဇင်းထက် ရာထူးတွေ တဆင့်ပြီး တဆင့် တက်တက်သွားပြီး ဦးဇင်းက သူတို့တပည့် ပြန်ဖြစ်ရတော့ တပည့်တွေက ကိုယ့်ကိုအားနာ၊ ကိုယ်ကလည်း ပြန်အားနာ ဖြစ်ရတယ်။ ဒါပေမယ့် ပညာကြောင့် မဟုတ်ဘဲ အခု ကိစ္စကြောင့်ဆိုတာ အားလုံးက သိပြီးသား ဖြစ်နေတယ်။
ဦးဇင်းလည်း နောက်ဆုံး ပင်စင်တင်တယ်။ ပင်စင်လည်း မပေးတဲ့ အဆုံး ကျန်းမာရေး အကြောင်းပြချက်နဲ့ ပင်စင် ထပ်တင်ပြီး ထွက် လိုက် တာပေါ့။ တပည့်တွေကတော့ ‘ဦးဘိုကြီး… ရုံးမလာနဲ့။ လခ ထုတ်ချိန်သာ လာခဲ့။ ပင်စင်တော့ မယူပါနဲ့’လို့ ပြောကြတယ်။ ဒါပေ မယ့် ဘယ်ဖြစ်မလဲ၊ ပင်စင်ယူလိုက်တာ အကောင်းဆုံးပဲလေ” လို့ မိန့်ခဲ့ပါတယ်။
“ဦးဇင်းရယ် ဘယ်လိုပဲ အဖိနှိပ်ခံရ ခံရပါ။ သူတို့ ဖိနှိပ်နိုင်လှ နှစ် ၂၀ ပေါ့။ အခုဆိုရင် အဘဟာ သူရဲကောင်းတဦးပါ” လို့ ပြောလိုက်တယ် ဆိုရင်ပဲ ဦးဇင်းကလည်း “ဒီအတွက် ဘယ်တော့မှ နောင်တ မရတဲ့အပြင် ဒါဟာ ဦးဇင်းရဲ့ ဘဝမှတ်တိုင်တခုအဖြစ် အမြဲတမ်း ဂုဏ်ယူ နေတာပါ”လို့ မိန့်ကြားခဲ့ပါတယ်။
ဟုတ်ပါတယ်။ ဒါဟာ ဦးဇင်း ဦးပဏ္ဍိတ အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ မှတ်တိုင်ကောင်းပါပဲ။ ဗိသုကာ ပညာရှင်တဦးဖြစ်တဲ့ ဦး ဇင်း ဦးပဏ္ဍိတ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့စကားအတွက် အခုလည်း ဗိသုကာ ပညာရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် တဦး အနေနဲ့ ရှိနေဆဲ ဖြစ်သလို မတ်လ ၁၆ ရက်နေ့မှာ ပထမအကြိမ် စတင်ပြသတဲ့ ဗိသုကာပြပွဲမှာလည်း ဖွင့်ပွဲ အခမ်းအနားအတွက် အထူး ဖိတ်ကြားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ဦးဇင်း ဦးပဏ္ဍိတဟာ အညာဒေသ မြစ်သားနားမှာ ရှိတဲ့ ကူမဲ ဆိုတဲ့ရွာလေးမှာ စေတီတဆူ တည်ထားမယ့် ဘုန်းကြီးကျောင်းမှာ သွား ရောက် ကူညီ လုပ်ဆောင်ပေးရင်း အဲ့ဒီမှာပဲ ဝါကပ်မယ်လို့ သိရပါတယ်။
ဦးဇင်းကို ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူဒီဇိုင်းလုပ်ပေးဖို့ သင့်တော်ကြောင်း ဒေါ်စုတို့ကို အကြံပေးခဲ့သူတွေကတော့ ဦးဇော်ဝိတ်၊ ဦးဝင်းဖေ နဲ့ ဦးတင်မိုး (ကဗျာဆရာကြီး)တို့ ဖြစ်တယ်လို့လည်း ဦးဇင်းက ပြောပြပါတယ်။
အမေစုနဲ့ အနီးကပ် ကူညီပံ့ပိုးခဲ့ရသူတွေရဲ့ဒုက္ခ ဘယ်လောက် ကြီးခဲ့သလဲဆိုတာ အားလုံး စာနာနိုင်အောင် ဒီ နမူနာ အဖြစ် အပျက်လေး တခုကို ပြန်လည် တင်ပြပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကတော့ သခင်ကိုယ်တော်မှိုင်း၊ စုဘု ရား လတ်၊ ဦးသန့်တို့နှင့်အတူ ရွှေတိဂုံဘုရား တောင်ဖက်မုခ်တွင် ရှိနေပါကြောင်း…။ ။
No comments:
Post a Comment