Monday, March 12, 2012

တိုင်းရင်းသားပါတီပေါင်းစုံပါဝင်သော အဖွဲ့ချုပ် ဖွဲ့စည်းမည်

နန်းမြနဒီ

တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး အဖွဲ့တဖွဲ့ ဖွဲ့စည်း ဖို့ အစီအစဉ်ရှိကြောင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီ တခုက ပြောကြားလိုက် ပါတယ်။

၁၉၉၀ရွေးကောက်ပွဲတုန်းက အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေဟာ ပါတီ မှတ်ပုံတင် တွေ ပြန်ကျလာပြီဆိုရင် တိုင်းရင်းသား အား လုံး ပါဝင်တဲ့ ဒီမိုကရေစီအဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိတယ်လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဘန်းက ပြောပါတယ်။

“ပါတီတွေအားလုံး မှတ်ပုံတင်ကျပြီးတဲ့ အချိန် ကျရင် အစည်းအဝေး ခေါ်ပြီးတော့ တိုင်းရင်းသားပေါင်းစုံနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ အစီ အစဉ် ရှိတယ်။ အရင်ဆုံး ကျနော်တို့ကတော့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီ အဖွဲ့ချုပ် (ယူအန်အယ်လ်ဒီ)ပေါ့။ ဘယ်လို နာ မည်နဲ့ ဖွဲ့မယ်ဆို တာ မစဉ်းစားရသေးဘူး။ အားလုံး ဆွေးနွေးပြီးမှ စဉ်းစားရမှာပါ။”

တိုင်းရင်းသားမဟာမိတ်အဖွဲ့တခု ထူထောင်မယ့်ကိစ္စဟာ ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီအချင်းချင်း အလွတ်သဘော ပြောဆိုတဲ့အဆင့်ပဲ ရှိသေးပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ ပါဝင်နိုင်တယ်လို့ ဦးသာဘန်းက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့် လွင်က လည်း ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်း သား ပါတီ အဖွဲ့တွေရဲ့ သဘောထားကိုလည်း မေးမြန်းရ မယ်လို့ ပြောပြပါတယ်။

“တိုင်းရင်းသားပါတီတွေက ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ် ရပ်တည်တာနဲ့စာရင် စုပေါင်းပြီး တော့ ရပ်တည်တာ ကောင်းတာပေါ့။ နောက် ပြီးတော့ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စ စကားပြောလာမယ်။ နိုင်ငံရေးကိစ္စ စကားပြောမယ်ဆိုရင် အားလုံးရဲ့ သဘောထားနဲ့ ပြော တာ ပိုကောင်းတယ်။ ပိုပြီးတော့လည်း အားရှိတာပေါ့။ အပြင်မှာ အချင်းချင်း ကြိုတင်ညှိနှိုင်း ထားတဲ့ အခါကျရင် အစိုးရနဲ့ ပြောတဲ့ အခါမှာ မြန်မြန်ဆန်ဆန်နဲ့ သဘောတူညီချက် ရနိုင်တာပေါ့။ တဖွဲ့ချင်း သက်သက် လုပ်နေမယ် ဆိုရင်တော့ သိပ်ကြာသွားမယ်လေ။”

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဇိုမီးအမျိုး သားများကွန်ဂရက်တို့ကတော့ မှတ်ပုံ တင် လျှောက်ထားကြပြီး ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လာမယ့်အပတ်ထဲမှာ တင်ဖို့ ရှိတယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

No comments: