
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ဖိတ်ကြား ချက်အရ ဧည့်သည်တော်အဖြစ်ယနေ့ ကျင်းပနေသည့် ပြည်သူ့လွှတ်တော်၌ မိနစ် ၄၀ ခန့်ကြာ လေ့လာကြောင်း သတင်းရသည်။
“လေ့လာသူအဖြစ် သွားတာပါ၊ တခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မတွေ့ဖြစ် ပါ ဘူး”ဟု လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉နာရီခွဲ ခန့်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် နှစ်ဦးတည်း သီးသန့်တွေ့ ဆုံ ဆွေးနွေးခဲ့ပြီး မည်သည့် အကြောင်းအရာများ တွေ့ဆုံဆွေးနွေးသည်ကိုမူ မသိရှိရကြောင်း ဦးခွန်သာမြင့်က ဆက်ပြောသည်။
ထို့အပြင် နံနက် ၈ နာရီခွဲခန့်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLDပါတီ၏ မူဝါဒနှင့် သဘောထား လုပ်ငန်းစဉ်များအား ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များမှ ထုတ် လွှင့်မှုအတွက် ရိုက်ကူးရန် နေပြည်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံ ဟောပြောချက် မူကြမ်းထဲမှ တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာဖြတ်တောက်ထားသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်၌ နားနေပြီး ရန်ကုန်နေအိမ်သို့ ပြန်လည် ထွက် ခွာ မည်ဖြစ်ကြောင်း၊ မူလက မဲဆွယ်စည်းရုံးရေး သွားရောက်မည့် မကွေးတိုင်းအတွင်း ခရီးစဉ်ကို လာမည့် မတ်လ ၂၈ ရက်သို့ ရွှေ့ ပြောင်း လိုက်ကြောင်း NLD က ပြောသည်။
NLDပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကွာဟမှုများရှိနေပြီး တချို့ဒေသများတွင် သေ ဆုံး သွားသူများ၊ နိုင်ငံသား စိစစ်ရေးကတ် နံပါတ်တူသူများ၊ မိဘ အမည်တူသူ အများအပြား မဲပေးခွင့်ရှိသူ စာရင်းတွင် ပါရှိနေ သည့် အ တွက် ကန့်ကွက်ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။
လက်ရှိအခြေအနေ၌ ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ၀ါးဘလောက်သောက်ရွာတွင် မဲပေး နိုင်သူ ဦးရေ ၄၉၀ ကျော်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း အဆိုပါကျေးရွာရှိ NLDပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် တဦးက ပြောသည်။
No comments:
Post a Comment