
မတ်လ ၇ ရက်နေ့တွင် ကော့စ်ဘဇားမြို့ ခရိုင်ကော်မရှင် မင်းကြီးရုံးရှေ့၌ ရခိုင်ကျောင်းသားများမှ ရခိုင်အိမ် မီးရှို့ခံရသည် အပေါ် ကန့်ကွက် ဆန္ဒပြရန် စီစဉ်ထားသည့် အစီအစဉ်ကို ရခိုင်သူဌေး တစ်ချို့၏ ဟန့်တားမူကြောင့် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
" သူတို့ပြောတာက ဆန္ဒပြရင် ပြဿနာ ပိုကြီးကျယ်လာမယ်။ အခု သက်ဆိုင်ရာမှာ ဒီကိစ္စကို တရားစွဲထားပြီ ဖြစ်တယ်။ ဒါကြောင့် ဆန္ဒ မပြကြဘဲ ဖြေရှင်းရင် ကောင်းမယ်လို့ ပြောတဲ့ အတွက် မနေ့က ကော့စ်ဘဇားမြို့မှာ ဆန္ဒပြဖို့ စီစဉ်ထားတာကို ရပ်ဆိုင်း လိုက်ပါ တယ်" ဟု ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်သူ ကျောင်းသား တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဆန္ဒပြမည့် အစီအစဉ်ကို ဟန့်တားသူများမှာ မဟားဇိုး ရွာကြီးမှ သူဌေးတစ်ချို့ ဖြစ်ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့က ညဥ့် ၁ နာရီ အချိန်က မဟာဇိုးရွာကြီး အနီးတည်ရှိသော သံသီးရွာတွင် ရခိုင်အမျိုးသား အိမ်တစ်အိမ်ကို ဒေသခံ ဘင်္ဂလီတချို့က ၀င်ရောက် မီးရှို့သွားခဲ့သဖြင့် အိမ်တစ်ဆောင်လုံး မီးထဲပါသွားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မဟာဇိုးမြို့ရှိ ရဲဌာနအကြီးအကဲ ရောဇီ ကုန်မာ (ဘာရာဝါ)က ဥပဒေအရ ကြောင်းအရ အရေး ယူဆောင် ရွက်ပေးမည် ကတိပြုထားပြီး မြို့နယ် တာဝန်ရှိသူ တစ်ချို့မှလည်း အခင်းဖြစ်ပွားရာ ရခိုင်ကျေးရွာသို့ လာရောက်ပြီး မီးရှို့ခံရသူ မိသား စုအား အကူအညီ တချို့ လာရောက် ပေးအပ်သွားကြောင်း သတင်းများက ဖေါ်ပြသည်။
" ကျွန်တော်ကျောင်းသားတွေက ခုလို လုပ်တဲ့ အပေါ် မခံမရပ်တာကြောင့် ဆန္ဒပြဖို့ စီစဉ်တာပါ။ ဒါပေမယ့် ရွာကြီးက သူဌေးတွေက ပြ ဿနာ ပိုကြီးထွားလာမှာကို စိုးရိမ်တဲ့ အတွက် အခုလို မလုပ်ကြဖို့ ပြောတာကြောင့် ဆန္ဒပြဖို့ ရောက်လာကြတဲ့ ကျောင်းသားတွေ ကိုယ့် အိမ်ကို ပြန်သွားကြပါတယ်" ဟု သူက ဆက်ပြောသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လက်ရှိ အ၀ါမီလိဂ် အစိုးရကို လူနည်းစု လူမျိုးများမှ အဓိက ထောက်ခံထားပြီး အစိုးရမှလည်း လူမျိုးစုများ အရေး ကိုလည်း တစ်ခြား အစိုးရထက် အလေးထားဆောင်ရွက် အစိုးရ ဖြစ်ကြောင်း သိရသည်။ သို့အတွက် ယခုဖြစ်ပွားခဲ့သော ပြဿနာလို နောက်ထပ် မဖြစ်ပွားရအောင် အစိုးရမှ တားဆီး ပေးနိုင်လိမ့်မည်ဟု အများက ယုံကြည် မျှော်လင့်နေကြသည်ဟု သိရသည်။
မဟားဇိုး သံသီးရွာတွင် ယခုကဲ့သို့ ရခိုင် အိမ်တစ်အိမ် မတလ ၄ ရက်နေ့က မီးရှို့ခံရသဖြင့် တာကာငွေ ၃ သိန်းကျော်ဖိုး ဆုံးရှုံးသွားပြီး မိသားစု အဖွဲ့ဝင် တစ်ခုလုံးမှာ The Samudrabarta သတင်းစာတွင် မတ်လ ၅ ရက်နေ့က ရေးသားဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့မှ Bangladesh Rakhine Student Association - BRSA မှ မီးရှို့သည့် အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဒက္ကားနှင့် စစ်တစ်ကောင်းမြို့တွင် မတ်လ (၆) ရက်နေ့ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment