ရခိုင်ပြည်နယ် မင်းပြားမြို့ အဝေးပြေး ကားဂိတ်တွင် ယမန် နေ့နံနက်ပိုင်းက မီးလောင်မှုတခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုမှာ မင်းပြားမြို့ ဝေသာလီ အဝေးပြေး ကားဂိတ်တွင် ယမန်နေ့နံနက် ၆ နာရီခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း မင်း ပြားမြို့ခံတဦးက ယခုကဲ့သို့ပြောသည်။
"မနက်အစောကြီးက လောင်တာပါ။ အဝေးပြေးကားဂိတ်မှာ ခရီးသည်တွေနားနေတဲ့ အဆောင် ငါးဆောင် မီးထဲပါသွားတယ်။ ဘယ်နေ ရာ က စလောင်တယ်ဆိုတာ မသိရဘူး။ ၅ နာရီခွဲလောက် ဆိုတော့လူ တွေလည်း အိပ်နေတုန်းရှိသေးတယ်။ လူတွေ ပြောကြ တာတော့ ဝေသာလီ အဆောင်က စလောင်တယ်လို့ပြောကြတယ်။"
ယခု မီးထဲပါသွားသည့် အဆောင်များမှာ ဓနိမိုးပြီး ၀ါးနှင့်လုပ်ထားသည့် ခရီသည်များနားနေသည့် အဆောင် များ ဖြစ်သည်။
ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ သိန်းဂဏန်း နီးပါးခန့်သာရှိကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သတ်ပြီး ဂိတ်စောင့်ဖြစ်သူ အောင်ကျော်ဝင်းကို မင်းပြားရဲတပ်ဖွဲ့က ထိမ်းသိမ်း ထားပြီး စစ်ဆေးနေကြောင်း သိရှိရသည်။
ဈေးကြီး မီးလောင်ပြီးနောက် ယခုမီးလောင်မှုမှာ မင်းပြားမြို့တွင် ဒုတိယအကြိမ် မီးလောင်မှု ဖြစ်သည်။
No comments:
Post a Comment