Thursday, March 15, 2012

မီဒီယာကို မကန့်သတ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဧရာဝတီ on March 15, 2012


အစိုးရ ၀န်ကြီးဌာနများက သတင်း မီဒီယာများ အပေါ် ဥပဒေကြောင်းအရ အရေးယူမည့် လုပ်ရပ်များသည် မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်း ဖြစ်ပြီး နိုင်ငံတိုးတက်ရေးကိုကန့်သတ် လိုက်ခြင်းပင် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာ လမ်း နေအိမ်တွင် တွေ့ဆုံပြီးနောက် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မော်ဒန်ဂျာနယ်က မန္တလေးတိုင်း သပိတ်ကျင်းလမ်း မကောင်းကြောင်း သတင်းရေးသားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီ ယာ က အသရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်း၊ သတ္တုတွင်းဝန်ကြီးဌာနအပါအ၀င် အစိုးရ၀န်ကြီးဌာန ခြောက်ခု အလွဲသုံးစားမှုနှင့် စာ ရင်းကွာဟမှုများကို သတင်းရေးသားသည့် The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲမည်ဟု ကြေညာခြင်း များ သည် မီဒီယာများကို ပါးစပ်ပိတ်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

“ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ မီဒီယာလွတ်လပ်ခွင့် လိုတယ်ဆိုတာလည်း ပြောပြီးပြီလေ။ မီဒီယာလွတ်လပ်ခွင့်ရှိမှ ဥပဒေစိုးမိုးရေးကို ဖေးမပေးမှာပေါ့။ နောက်ပြီး လမ်းတွေ မကောင်းတာက ဓာတ်ပုံရိုက်ပြီးတော့ တရားစွဲလို့ရှိရင်လည်း တရားရုံးမှာ ရင်ဆိုင်လိုက်။ ဒီလမ်း တွေကို မကောင်းလို့ မကောင်းတာပြောတာ ဒါဘာတရားစွဲစရာလိုသလဲ။ ကောင်းတဲ့လမ်းကြီးကို နေပြည်တော်လမ်းကို ပြောနေတာမှ မ ဟုတ်ဘဲ။ သားတို့ပြောနေတဲ့ လမ်းက မကောင်းတဲ့လမ်းပဲ။ အဲဒီတော့ တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲ နိုင် တယ်။ အမှန်ကို အမှန်အတိုင်းပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာက၊ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်တယ်ဆိုတာက ဒီနိုင်ငံရဲ့ တိုး တက်ရေးကို ကန့်သတ်တာနဲ့ အတူတူပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

The Voice Weekly ဂျာနယ်ကို သတ္ထုတွင်း ဝန်ကြီးဌာနက ဥပဒေကြောင်းအရ အရေးယူမည်ဟု အစိုးရသတင်းများမှ ယမန်နေ့က ကြေ ညာခြင်းအပေါ် ပြည်တွင်းမီဒီယာများ၊ ဝါရင့်စာနယ်ဇင်းဆရာများက အွန်လိုင်း၊ လူမှုကွန်ရက်များမှတဆင့် အဆိုပါဝန်ကြီးဌာနနှင့် ကြေ ညာချက်ထည့်သွင်းခဲ့သည့် အစိုးရသတင်းစာများအပေါ် ချက်ချင်းပင် ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီမိုကရေစီကျင့်စဉ်များ လက်ခံကျင့်သုံးနေချိန်၌ အစိုးရဝန်ကြီးများကလည်း သမ္မတကဲ့သို့ ဒီမိုကရေစီ ကျင့် စဉ်များကို နားလည်ရန် လိုအပ်သည်ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောဆိုခဲ့ပြီး The Messenger သတင်းဂျာနယ်ကလည်း သတ္ထုတွင်းဝန်ကြီးဌာန၏ ကြေညာချက်ကို ကန့်ကွက်ကြောင်း၊ The Voice Weekly ဂျာနယ်ဘက်မှ ရပ်တည် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုနောက်ပိုင်းတွင် ပြည်တွင်း သတင်းဂျာနယ်အများစုသည် စာပေစိစစ်ရေးက ဖြုတ်ပယ်ခိုင်းသော သတင်းများကို ဖြုတ်ပယ်ခြင်း မပြု တော့ဘဲ ထည့်သွင်းလာလျက်ရှိရာ စာပေစိစစ်ရေးဌာနက သတိပေးမှုများ၊ လက်မှတ်ထိုးခိုင်းစေမှုများ ပြုလုပ်လာကြောင်း ပြည်တွင်း သ တင်းသမားများက ဆိုသည်။

စာပေစိစစ်ရေးက ခုနောက်ပိုင်း ပြန်ကြမ်းလာတယ်။ အရင်က လွှတ်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ် သတင်း တွေ တောင် ဖြုတ်တယ်။ ဧရာဝတီမြစ်ဆုံသတင်း ဖြုတ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းမှားတဲ့ သတင်းတွေ ဖြုတ်တယ်။ အဲဒီတော့ ဂျာနယ်တွေကလည်း ကိုယ့်သဘောကိုယ်ဆောင်ပြီး သတင်းတွေထည့်ကြတယ်။ စာပေစိစစ်ရေးက ခေါ်ပြီး သတိပေးတယ်၊ လက်မှတ် ထိုးခိုင်းတယ်။ ပိတ်တဲ့အထိတော့ စာပေစိစစ်ရေးက မလုပ်ရဲဘူးထင်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ သတင်းလွတ်လပ်ခွင့်က မပေးလို့ မရတော့တဲ့ အဆင့်ထိဖြစ်လာပြီ။ စာပေစိစစ်ရေး ဖျက်မယ်ဆိုပြီး ဦးတင့်ဆွေကိုယ်တိုင် ပြောခဲ့တယ်” ဟု တာဝန်ခံ အယ်ဒီတာ တဦးက ပြောသည်။

မြန်မာသတင်းသမဂ္ဂ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာစာရေးဆရာအသင်းဟူသော လွတ်လပ်သော စာနယ်ဇင်းဆိုင်ရာ အ သင်းအဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်နေပြီဖြစ်သောကြောင့် စာနယ်ဇင်းလောက အပြောင်းအလဲကြီးတခုကို ဦးတည်နေပြီဟု ပြည်တွင်း စာ နယ်ဇင်းသမားများက ဆိုသည်။

“ပေါ်လာတဲ့ အသင်းအဖွဲ့တွေက စာပေစိစစ်ရေးဌာနဖျက်ဖို့ ပိုတွန်းအားဖြစ်စေမယ်လို့ သုံးသပ်တဲ့သူတွေကလည်း သုံးသပ်ကြတယ်။ ဧပြီ လ ၁ ရက် ရွေးကောက်ပွဲနဲ့အတူ မြန်မာ့သတင်းလောကလည်း ပြောင်းလဲဖို့ တာစူနေတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် ကလည်း သတင်းလွတ်လပ်ခွင့်ကို ပြောလာပြီဆိုတော့ သိပ်မကြာခင် ရက်ပိုင်းမှာ အပြောင်းအလဲကြီးတခု သေချာပေါက်ဖြစ်မယ်လို့ ထင် တယ်” ဟု ၀ါရင့်သတင်းသမားတဦးက ပြောသည်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို လာမည့် မတ်လ ၂၄ ရက်နေ့တွင် ဖျက်သိမ်းတော့မည်ဟု စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်း ရေးမှူး ဦးကိုကိုက ပြောဆိုထားပြီးဖြစ်သည်။

No comments: