သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ် အတွင်း မြန်မာ အစိုးရ တပ်နှင့် KIA တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် ယခုနှစ် စယ့်ကောဝ်စေတီတော် ဘုရား ၅ ဆူ တပေါင်း ပွဲတော် ကျင်းပခွင့်မရကြောင်း ဒေသခံများကပြောပြပါသည်။
“နှစ်တိုင်းလိုလို ပွဲဖြစ်မယ်လို့ဘဲထင်တာ။ တချို့ကခေါက်ဆွဲရောင်းဖို့၊ တချို့ကစားသောက်ကုန်တွေ၊ အဝတ် အထည်တွေ ရောင်းဖို့ တ ခြားမြို့ကနေ ဝယ်ယူစုဆောင်းထားတယ်။ တိုက်ပွဲကြောင့် ဒီနှစ် ကျင်းပခွင့်မရဘူး။ အရှုံးဘဲ ကျန်တယ်၊ ဘယ်မှာ သွားရောင်း ရမလဲ တောင်မသိဘူး” - ဟု ဒေသခံ ပလောင်အမျိုးသမီးတဦးက ပြောပါသည်။
မတ်ခ်ျ ၃ ရက် နေ့လည် တနာရီကျော် မန်တုံမှ နမ့်ခမ်းသို့ တင်ပို့မည့် ကျွန်းသစ်တင်ကား ၅၃ သုံးစီးအတွက် လုံခြုံရေးယူပေးသည့် အစိုး ရ တပ် ခလရ ၁၃၀ အား ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခြုံခိုတိုက်ခိုက်ခဲ့ ၏။ တိုက်ပွဲကြောင့် အစိုးရတပ်ဘက် တစ်ဦး သေဆုံး ပြီး ဗိုလ်မှူးတဦးအပါဝအဝင် ၇ ဦး ဒဏ်ရာရရှိကြောင်း၊ ရင် ဘတ်တွင်ထိမှန်သည့် အဆိုပါ ဗိုလ်မှူးအား လားရှိုးမှ တဆင့် မင်္ဂလာဒုံ စစ်ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
ထို့အတူ မတ်ခ်ျ ၂ မှ ၈ ရက်နေ့အထိ ကျင်းပသည့် သိန္နီမြို့ တပေါင်းပွဲတော်တွင်လည်း ခါးပိုက်နှိုက်များပေါ များလွန်း သောကြောင့် ဘု ရားပွဲလာ ပရိသတ်များ စိတ်သောက ရောက်ရကြောင်း၊ ပွဲဖြစ်မြောက်ရေးကော် မတီမှ လုံခြုံရေးအတွက် ရဲ၊ မီးသတ် တို့ထံ အကူ အညီ တောင်းပြီး လုံခြုံရေး ချထားသော်လည်း ခါးပိုက်နှိုက်မှု ကျူးလွန်သူများအားဖမ်းဆီးအရေးယူပေးနိုင်ခြင်းမရှိကြောင်း ဘုရားပွဲ ရောက် လားရှိုးဒေသခံတဦးက ဤကဲ့ သို့ပြောပြပါသည်။
“ကျနော်ပွဲခင်းထဲ ဝင်ပတ်ကြည့်တဲ့ အဲဒီ အဖိတ်နေ့မှာဘဲ ၄ ယောက် ခါးပိုက်နှိုက်ခံရတယ်။ ရွာက လာတဲ့ အမျိုးသမီးငယ်တဦးဆို ပိုက်ဆံ နှစ်သိန်းပါသွားလို့ ဘာမှမသတ်နိုင်ဘဲ ထိုင်ငိုနေတယ်။ မြို့ပေါ်က လူတွေလဲ ပွဲသွားရင် အိမ်ကိုစိတ်ပူရ၊ ပွဲခင်းပတ်နေတုန်းလဲ ခါးပိုက်နှိုက် မခံရအောင် သတိထားနေရတယ်။ မိန်းခလေးဆို ပိုဆိုး ဟိုနှိုက်ဒီနှိုက်လဲခံတတ်သေးတယ်၊ ဒီကိစ္စ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေ၊ အရင်ကဆို ကျနော်တို့ သျှမ်းပြည် ဘုရားပွဲမှာ ဒီလိုလုပ်ရပ်မျိုးမရှိဖူးဘူး။”
သျှမ်းပြည်တလွှားတွင် စော်ဘွားခေတ်ကတည်းက နာမည်ကြီး ဓါတ်တော်မွေတော်ဘုရားများ၌ တပေါင်းပွဲ တော် ကျင်းပလေ့ရှိ၏။ သျှမ်း ပြည်မြောက်ပိုင်းတွင် သိန္နီ၊ မိုးမိတ်၊ သီပေါ (ဘော်ကြိုဘုရား)၊ သျှမ်းပြည်တောင် ပိုင်းတွင် ပင်းတယ၊ မိုင်းကိုင် နှင့် သံလွင်မြစ် ကမ်းက မွေတော် ဟိုလိန်းတပေါင်းလရာသီဘုရားပွဲတော်များ နှစ်စဉ်နှစ်တိုင်း စည်စည်ကားကားကျင်းပလေ့ရှိပါသည်။
No comments:
Post a Comment