Wednesday, March 7, 2012

မွန်ပြည် နယ်တွင် မဲဆန္ဒရှင် အမည် စာရင်း ထုတ်ပြန်မှု မရှိ သေး

ဂျူရီချိုင်း

ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မော်လမြိုင်တွင် မဲပေးခွင့်ရှိသည့် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရန် လူဦးရေ အတိုး အ လျှော့ စစ်ဆေးပြုစုနေဆဲ ဖြစ်သည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရှိ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်းက ဒေါ်ခင်ဌေးကြွယ်ကမူ မဲစာရင်းကို သိချင်နေပြီဟု ပြောသည်။

“ဒီမဲစာရင်းတွေ သိချင်နေတာ ကော်မရှင်က စစ်ဆေးပြီးမှ ပေးမယ်လို့ ပြောတယ်” ဟု မော်လမြိုင် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင် မည့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

မဲစာရင်းအတွက် ကော်မရှင်က မနက်ဖြန် နောက်ဆုံးထားစစ်ဆေးသွားမည်ဖြစ်ပြီး မည့်သည့်ရက် ထုတ်ပြန်မည်ကို မသိရှိသေးဟု ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်၌ မဲဆန္ဒရှင်လူဦးရေစားရင် ထုတ်ပြန်ခြင်းမရှိသော်လည်း အခြားသော ပြည်နယ်တိုင်း များတွင် ဖေဖော်ဝါရီလ (၂၉)ရက်နေ့ကစ၍ မဲပေးနိုင်သူ လူဦးရေ စာရင်းထုတ်ပြန်နေပြီဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်မဲဆန္ဒနယ်တွင် လစ်လပ်နေသော ပြည်သူ့လွှတ်တော်တစ်နေရာအတွက် မဲပေးနိုင်သည့်မဲရုံ (၄၈)ရုံရှိပြီး မဲပေးနိုင် သူဦးရေ တစ်သိန်းကျော်ရှိကြောင်း ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်း သားစည်း လုံးညီညွှတ်ရေးပါတီ(တစည)နှင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထိုလစ်လပ်မဲဆန္ဒနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွားသော ဦးအေးမြင့် အနိုင်ရခဲ့သည့် နေရာဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ တစ်ပြည်လုံးတွင် လစ်လပ်နေရာ (၄၈) ခုရှိပြီး ပါတီပေါင်း (၁၇) ပါတီမှ ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

No comments: