
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် တီးမား ကျေးရွာ အုပ်စုအတွင်း၌ လယ်မြေများတွင် ရွှေရှာဖွေတူးဖေါ်နေမှုကြောင့် အနီးအနားရှိ နမ့် တီးချောင်းရေ နောက်ကျိလျက်ရှိပြီး ဒေသခံများ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ကုန်ပိုင်းကစ၍ တီးမားကျေးရွာအုပ်စု ဟိုမိုနှင့်ရီဆည်းရွာ လယ်ကွက်များအတွင်း နေရာ ၄ ခုခန့်တွင် တရုတ်လူမျိုး လောပန်း များ ရွှေတူးဖေါ်နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
"မူစယ်မြို့နယ် တီးမားအုပ်စုပေါ့ ဘက်ဖိုးတွေဘာတွေနဲ့သွားတူးနေတာပေါ့်၊ တူးတဲ့နေရာက ဟိုမိုရွာပေါ့ နောက်တစ် နေရာက ရင်ဆည်း ဦးစီးဦးဆောင်တူးတာက တရုတ်ပြည်ကလူပေါ့။ အခုက တီးမားဒေသခံတွေက ချောင်းရေတောင် ကောင်းကောင်း မသုံးရတော့ဘူး။ နမ့်တိန်းချောင်းလဲ မသန့်တော့ဘူး။ ချိုးလို့တောင်မရတော့ဘူး" - ဟု သူက ဆိုသည်။
တစ်နေရာတွင် ရွှေတူးဖေါ်နေသည့် မြေအကျယ်အဝန်း ခန့်မှန်း ၁၀ ဧကခန့်ရှိပြီး ရွှေကျင်ရာတွင် ချောင်းရေကို အသုံးပြုသဖြင့် ရေ နောက်ကျိခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment